၂၉ နိုဝင်ဘာ ၂၀၁၇ - ၁၄:၄၃
ဓနုအမျိုးသားညီလာခံသို့ ဒေါ်အောင်ဆန်းစုကြည်သဝဏ်လွှာပေးပို့ ဓနုတိုင်းရင်းသားရေးရာ အဖွဲ့ချုပ်ကို ပထမဆုံးအကြိမ်ဖွဲ့စည်း

ပထမဆုံးအကြိမ် ကျင်း ပသော ဓနုအမျိုးသားညီလာခံ တွင် တစ်နိုင်ငံလုံးရှိ ဓနုတိုင်းရင်း သားအားလုံး၏အရေးကိစ္စများကို ကိုယ်စားပြုဦးဆောင်မည့် ‘ဓနု တိုင်းရင်းသားရေးရာအဖွဲ့ချုပ်’ ကို ဖွဲ့စည်းနိုင်ခဲ့ကြောင်း ယင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဝဏ္ဏဝင်းက ပြော သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ပထမဆုံးအကြိမ် ကျင်း ပသော ဓနုအမျိုးသားညီလာခံ တွင် တစ်နိုင်ငံလုံးရှိ ဓနုတိုင်းရင်း သားအားလုံး၏အရေးကိစ္စများကို ကိုယ်စားပြုဦးဆောင်မည့် ‘ဓနု တိုင်းရင်းသားရေးရာအဖွဲ့ချုပ်’ ကို ဖွဲ့စည်းနိုင်ခဲ့ကြောင်း ယင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဝဏ္ဏဝင်းက ပြော သည်။

ထို့အပြင် ညီလာခံတွင် ဓနု အမျိုးသားအလံ၊ အမျိုးသားသီ ချင်း၊ အမျိုးသားဝတ်စုံတို့အပြင် ပထမဆုံးအကြိမ် ညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်သည့် နေ့ကို အစွဲပြု၍ နှစ်စဉ် နတ်တော် လဆန်း ၈ ရက်ကို ဓနုအမျိုးသား နေ့အဖြစ် သတ်မှတ်ခဲ့ကြောင်း ၎င်းက ပြောသည်။

အဆိုပါညီလာခံဖွင့်ပွဲအခမ်း အနားသို့ နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ရန် ဖိတ်ကြားခဲ့သော် လည်း ၎င်းကိုယ်တိုင် မတက် ရောက်နိုင်သဖြင့် သဝဏ်လွှာပေး ပို့ခဲ့သည်။

အဆိုပါ  သဝဏ်လွှာတွင် မိမိ တို့ အစိုးရလက်ထက်၌ တိုင်း ရင်းသားအားလုံး လိုလားသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင် စုကြီးတစ်ခု ပေါ်ပေါက်လာရေး ရည်ရွယ်၍ ၂၁ ရာစုပင်လုံ ပြည် ထောင်စုငြိမ်းချမ်းရေး ညီလာခံ ကြီးကို နှစ်ကြိမ် ပြုလုပ်ပြီးဖြစ် ကြောင်း၊ ထိုသို့ ပေါ်ပေါက်လာရန် ဓနုတိုင်းရင်းသားများက ဝိုင်းဝန်း ကူညီကြမည်ကို သံသယမရှိပါ ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ယခုကျင်းပမည့် ဓနုအမျိုးသား ညီလာခံကြီးတွင် ဓနုအမျိုးသားများ အပါအဝင် တိုင်းရင်းသား အားလုံးအတွက် အကျိုးရှိသော ရလဒ်ကောင်းများ ပေါ်ထွက်စေရန် အောင်မြင်စွာ ဆွေးနွေးညှိနှိုင်းနိုင်ကြပါစေ ကြောင်းနှင့် နောင်နှစ်များတွင် လည်း ယခုကဲ့သို့ အဓိပ္ပာယ်ရှိသော ညီလာခံများ ပုံမှန်ကျင်းပနိုင်ပါစေရေး ဆုမွန်ကောင်း တောင်းလိုက်ရပါကြောင်း ရေးသားထားသည်။

အဆိုပါညီလာခံကို နိုဝင်ဘာ၂၆ ရက်မှ ၂၇ ရက်အထိ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယ မြို့နယ်၌ ကျင်းပခဲ့ပြီး ဓနုတိုင်းရင်းသားအများစုနေထိုင်ရာ ပင်းတယ၊ ရွာငံ၊ ကလော၊ ရပ်စောက်နှင့် နောင်ချိုမြို့နယ်တို့မှ ကိုယ်စား လှယ်များ၊ တောင်ကြီး၊ ရန်ကုန် နှင့် ကျောက်မဲမြို့နယ်တို့မှ ကိုယ် စားလှယ်များနှင့် လွိုင်လင်၊ နမ့်စန်၊ သာစည်၊ ပြင်ဦးလွင်နှင့် မိုးကုတ်မြို့နယ်တို့မှ ညီလာခံကိုယ်စားလှယ် ၇၈၉ ဦးနှင့် လေ့လာသူများ အပါအဝင် ၁,၁၀၀ ဦး တက်ရောက်ခဲ့သည်။

ထို့အပြင် ဓနုတိုင်းရင်းသား ရေးရာအဖွဲ့ချုပ်ကို စာပေ၊ ယဉ်ကျေးမှုအဖွဲ့၊ စီးပွားရေးအဖွဲ့၊ အရပ်ဘက်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက် မည့်အဖွဲ့နှင့် နိုင်ငံရေးအဖွဲ့ဟူသော ဒေါက်တိုင်လေး တိုင်ဖြင့် မြို့နယ်၊ ရပ်ကျေးအဆင့်ဆင့် ဖွဲ့စည်းမည်ဖြစ်ပြီး တိုင်းရင်း သားလူမျိုးများရေးရာ ဝန်ကြီးဌာန နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ဦးဝဏ္ဏဝင်းက ပြောသည်။

 ‘‘တစ်မျိုးသားလုံးကို ဦး ဆောင်တဲ့ အဖွဲ့ဖြစ်တဲ့အတွက် အရင်တုန်းက လုံးလုံးကြီးမပြော နိုင်မဆိုနိုင်၊ မလုပ်နိုင်ခဲ့တဲ့ အနေ အထားက နေပြီးတော့မှ တစ်လုံး ပြောနိုင်ဖြစ်ဖြစ်၊ တစ်လှမ်းလှမ်း နိုင်ဖြစ်ဖြစ် အဲဒီစကားလုံးတစ်လုံး၊ လှမ်းတဲ့ ခြေလှမ်းတစ်လှမ်းဟာ တစ်မျိုးသားလုံးကို ဦးဆောင်တဲ့ စ ကားလုံးတစ်လုံး၊ ခြေလှမ်းတစ် လှမ်းဖြစ်တဲ့အတွက် အရင်ထက် စာရင် အများကြီး ကောင်းသွားမှာ ပါဗျ’’ဟု ၎င်းက ပြောသည်။

အဆိုပါအဖွဲ့ချုပ်အနေဖြင့် နိုင်ငံရေးပါတီအသစ်တစ်ခုအဖြစ် မည်သည့် အချိန်တွင်မျှ တည် ထောင်မည် မဟုတ်ဘဲ အမျိုးသားနိုင်ငံရေးသာ ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးဝဏ္ဏဝင်းက ဆက်လက်ပြောသည်။

တစ်နိုင်ငံလုံးတွင် ဓနုတိုင်း ရင်းသားရှစ်သိန်းခန့်ရှိပြီး ညီလာ ခံတက်ရောက်ခွင့်ရှိသည့် ကိုယ် စားလှယ်များကို ရပ်ကွက်၊ ကျေးရွာ အသီးသီးမှ တရားဝင် အဆင့်ဆင့် ရွေးချယ်တင်မြှောက်ခဲ့ ကြောင်း ညီလာခံကျင်းပရေးဦးစီး ကော်မတီအတွင်းရေးမှူး ဦးဝဏ္ဏ သိန်းက ပြောကြားသည်။

ညီလာခံသို့ အမျိုးသားလွှတ် တော်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စုတိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီးတို့ ကလည်း သဝဏ်လွှာများ အသီးသီးပေးပို့ခဲ့ကြောင်း ဦးဝဏ္ဏသိန်း က ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရှမ်းပြည်နယ် ရွာငံနှင့် ပင်းတယမြို့နယ်တို့ကို စုစည်း၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ် သတ်မှတ်ထားသည်။

========================
251 / End