အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကျောင်းဆရာမများထက်ကျောင်း ဆရာအရေအတွက် နည်းပါးနေ၍ အမျိုးသားများ ပညာရေးကဏ္ဍတွင် တက်ကြွစွာပါဝင်ရန် နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသည်။
ဒီဇင်ဘာ ၈ ရက်က နေပြည်တော်ရှိ MICC II တွင်ကျင်းပသော ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ(အခြေ ခံပညာကဏ္ဍ)၌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခြင်းဖြစ်သည်။
‘‘အမျိုးသားတွေ ပါဝင်ပြီးတော့ ကျွန်မတို့ နိုင်ငံ ကမ္ဘာ့အလယ်မှာ ပွဲလယ်တင့်အောင်လို့ လုပ် ပေးကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံလိုပါတယ်’’ ဟု ၎င်းက ပြောကြားသည်။
တစ်နိုင်ငံလုံးတွင် ဆရာမ သည် ၈၀ ရာခိုင်နှုန်းဖြစ်နေပြီး ဆရာ ၂၀ ရာခိုင်နှုန်းသာရှိကြောင်း နှင့် အခြေခံပညာ အဆင့်တွင်ဆရာ၊ ဆရာမပေါင်း လေးသိန်းခန့်ရှိရာတွင် ဆရာမ ၃၃၀၀၀၀ကျော်ရှိပြီး၊ ဆရာ ၆၅၀၀၀ ကျော်သာရှိသည်။ အဆင့်မြင့်ညာ အဆင့်တွင် ဆရာ၊ ဆရာမ ၂၅၀၀၀ ၀န်းကျင်တွင် ဆရာသည် ၂၅ ရာခိုင်နှုန်းခန့်သာရှိသည်။
ပညာရေးဝန်ကြီးဌာနသည် ကျောင်းဆရာများ ပိုမိုခန့်ထား ရေး အားပေးမြှင့်တင်ဆောင်ရွက် မည်ဖြစ်ကြောင်း ဒေါက်တာမျိုး သိမ်းကြီးက ပြောသည်။
‘‘ဘာကြောင့် ဆရာ မဖြစ် ချင်ရတာလဲ၊ ကျောင်းသားတွေသည် အလယ်တန်း၊ အထက်တန်းရောက်တဲ့ အခါမှာ ကျောင်းတက်နှုန်းများ လာတယ် ပြောသော်လည်း ကျောင်းသူတွေရဲ့ ကျောင်းတက်နှုန်းက များလာတယ်။ ကျောင်းသားတွေက ကျောင်းထွက်သွားတာ ဖြစ်ပါတယ်။ ဘာကြောင့် ကျောင်းသားတွေ ကျောင်းထွက်တာလဲလေ့လာကြမယ်၊ လေ့လာဆန်းစစ်ပြီး၊ ကျောင်းသားတွေကို ဘယ်လိုစည်းရုံးဆွဲဆောင်ပြီးတော့မှ ဆောင်ရွက်သွားမလဲ စဉ်းစားဆောင်ရွက်မယ်’’ ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ကျောင်းဆရာ နည်းပါးနေသည့်အပေါ် နေပြည်တော်ရှိ အခြေခံပညာအထက်တန်းကျောင်း(အထက-၅ )တွင် သင်ကြားနေသူ ဆရာဦးမျိုးသန့်စင်ဦးက‘‘ယောက်ျားက အိမ်ထောင်ဦးစီးလုပ်ရမှာကိုး။ သူတို့အနေနဲ့ အခြေခံကျကျပြောရရင် လစာပေါ့။ လစာနဲ့သူတို့မိသားစုကို မစောင့်ရှောက်နိုင်ဘူးပေါ့။ အဲဒီဟာကလည်း အဓိကအ ချက်အနေနဲ့ပါပါတယ်။ သူတို့အနေနဲ့ ဆရာအလုပ်ဆိုတာက ရင်မခုန်ကြပါဘူး။ သိပ်ပြီးတော့ စွန့်စွန့်စားစား အလုပ်တွေဆို လုပ်ချင်ကြတယ်’’ ဟု မှတ်ချက်ပြုသည်။
‘‘ကျွန်မတို့ ကျောင်းသား လေးများထက် ကျောင်းသူက လေးများက စာကျက်တယ်။ ကြိုး စားတယ်။ ကျောင်းသားလေးများ က ကျောင်းစာကို စိတ်မ၀င်စား ဘူး။ စိတ်ဝင်စားအောင် ဘယ်လို လုပ်ရမလဲ၊ စိတ်မ၀င်စားတာက သင်ရိုးညွှန်းတမ်းရဲ့ အပြစ်လား၊ ကျွန်မတို့ သင်ယူပုံသင်ယူနည်းရဲ့ အပြစ်လား၊ လူမှုအသိုင်းအ၀ိုင်း အပြစ်လား’’ ဟု ဒေါ်အောင်ဆန်း စုကြည်က ဆက်လက်ပြောသည်။
ထို့အပြင် အမြစ်တွယ်နေသည့် အလွတ်ကျက်မှတ်ရသော ပညာရေးစနစ်မှ စဉ်းစားတွေးခေါ်မှုကို အခြေခံသော ပညာရေးစနစ်ဆီသို့ ပြောင်းလဲရာတွင်ဆရာနှင့် ကျောင်းသားအများစု အရိုးစွဲနေသော ပြဋ္ဌာန်းစာအုပ်များကိုသာ သင်ကြားပေးခြင်း၊ သင်ရိုးမာတိ ကာအတိုင်းအမြန်ကုန်ရန် သင် ကြားပေးခြင်း၊ အတန်းအောင် ချက်မြင့်မားခြင်းကိုသာ အာရုံစူး စိုက်ခြင်း၊ စာမေးပွဲအောင်ရန်အ တွက်သာ သင်ကြားပေးခြင်းများ မဖြစ်မနေ ပြုပြင်ပြောင်းလဲရန် လည်း နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောသည်။
‘‘သင်ရိုးညွှန်းတမ်း အ ကြောင်းအရာများကတော့ က လေးတစ်ဦးချင်းစီရဲ့ စဉ်းစား ဉာဏ်ကို ထက်သန်စေရပါမယ်။ စိတ်ကူးဉာဏ်ကို ထက်သန်စေရ မယ်။ စိတ်ကူးဉာဏ်ကို ပံ့ပိုးစေရ မယ်။ ကောင်းသောအလေ့အ ကျင့်နဲ့ စာရိတ္တကို ဖြည့်ဆည်းပေး နိုင်ရမယ်။ ကျန်းမာသောခန္ဓာ ကိုယ်မှာ ကြံ့ခိုင်သောစိတ်ဓာတ် ကို ရှင်သန်စေရမယ်’’ ဟု ဒေါ် အောင်ဆန်းစုကြည်က ဆိုသည်။
ထို့အပြင် ကျောင်းသား၊ ကျောင်းသူများသည် ကျောင်းမှန် မှန်တက်မှသာ တာဝန်ကျေပွန် ခြင်းမဟုတ်ဘဲ သင်ခန်းစာအပေါ် တွင် စဉ်းစားသုံးသပ်တွေးခေါ်နိုင် စေရန် ပြင်ပစာပေဖတ်ရှုတတ် သည့် အလေ့အကျင့်ကောင်းများ၊ အားကစားနှင့် အနုပညာဘာသာ ရပ်များတွင် ၀ါသနာအရင်းခံပြီး ဆောင်ရွက်စေရေး ဖြည့်ဆည်း ပေးရန် ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။
မိဘများသည် သားသမီး များကို တီထွင်ကြံဆနိုင်မှု၊ စဉ်း စားတွေးခေါ်နိုင်မှုများအတွက် ပူး ပေါင်းစီမံလေ့ကျင့်ပေးရန်၊ သား သမီးများ မေးခွန်းမေးလျှင် စိတ် ရှည်ရှည်ဖြင့် ဖြေကြားပေးရန်နှင့် မှန်မှန်ကန်ကန်ဖြင့် မသိလျှင်မသိ ဟု ရိုးရိုးသားသားဖြေကြားရန် လိုအပ်ကြောင်းလည်း တိုက်တွန်းပြောကြား သည်။
ကျောင်းထွက်နှုန်း လျော့ နည်းပပျောက်စေရန် အဓိက နည်းလမ်းသည် စာဖတ်စွမ်းရည် အလေ့အကျင့်များ၊ ဟောပြောပွဲ များ၊ အားကစားပွဲများ ကျင်းပ ပေးခြင်းဖြင့် ကလေးပျော်ကျောင်း များဖြစ်လာရန် ဖန်တီးပေးနိုင် ကြောင်း ၎င်းကပြောသည်။ပညာ ရေးဖြင့် မညီမျှမှုများ၊ မတည်ငြိမ် မှုများ ကင်းဝေးပပျောက်ပြီးတရား ဥပဒေစိုးမိုးမှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှု၊ လွတ်လပ်မှုများကို နိုင်ငံသားများအားလုံး ခံစားစေ ရေးဆောင်ရွက်နိုင်ရန် မျှော်လင့် ကြောင်းလည်း ပြောသည်။
အခြေခံပညာကျောင်းများ ကို အလေးထားခြင်းသည် နိုင်ငံ တော်၏ အနာဂတ်နှင့်နိုင်ငံသူ နိုင်ငံသားများအနာဂတ်အတွက် ဖြစ်ကြောင်းကို ကျောင်းဆရာ၊ ဆရာမများ အထူးသတိပြုစေလို ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ဆက်လက်ပြောကြားသည်။
အဆိုပါ နှီးနှောဖလှယ်ပွဲတွင် အခြေခံကျောင်းသား၊ ကျောင်းသူများ ကိုယ်တိုင်ပြုလုပ် သည့် သိပ္ပံပြခန်း၊ ဓာတုပြခန်း များ၊ ၀ါးဖျာရက်လုပ်ခြင်း၊ အိုး လုပ်ငန်း၊ ဖျာလုပ်ငန်းနှင့် ကင်း ထောက်ကြိုးချည်နည်းပြခန်းများ ပြသခဲ့ရာ ဒေါ်အောင်ဆန်းစု ကြည်၊ သမ္မတဦးထင်ကျော်၏ဇနီး ဒေါ်စုစုလွင်နှင့် ပြည်ထောင်စုဝန် ကြီးများ လှည့်လည်ကြည့်ရှုခဲ့ သည်။
အထက်ပါအခမ်းအနားကို ဒီဇင်ဘာ ၈ ရက်မှ ၁၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အခြေခံပညာ ကဏ္ဍအတွက် သက်ဆိုင်ရာကဏ္ဍ အသီးသီးမှ တာဝန်ရှိသူများက စာတမ်းများဖတ်ကြားတင်သွင်း ဆွေးနွေးမည်ဖြစ်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ခွန်းကောက်နုတ်ချက်
အဓိကကျကျ ပြုပြင်ပြောင်းလဲရမယ့် အချက်(၅)ချက်
၁။ မြန်မာနိုင်ငံ၏အခြေခံပညာကဏ္ဍမှာ အဓိကကျကျ ပြုပြင်ပြောင်းလဲ ရမယ့် အချက်တွေကတော့ KG+12 ပညာရေးစနစ်အဖြစ် ပြောင်းလဲဖို့၊
၂။ ကျောင်းထွက်နှုန်းမြင့်မားနေရတဲ့အခြေခံအကြောင်းရင်းများကို ဖြေ ရှင်းနိုင်အောင် ပံ့ပိုးပေးနိုင်ဖို့၊
၃။ အလွတ်ကျက်မှတ်ရတဲ့ စနစ်ကနေ စဉ်းစားတွေးခေါ်မှုကို အခြေခံတဲ့ ပညာရေးစနစ်ဆီသို့ ပြောင်းလဲရေးအတွက် ဆရာ၊ ဆရာမများရဲ့အရည် အသွေးပြည့်ဝလာစေဖို့၊ ပညာရေးကောလိပ်များ အဆင့်မြှင့်တင်ရေး၊ ဘာသာရပ်ဆိုင်ရာ သင်တန်းများ စဉ်ဆက်မပြတ်ပို့ချနိုင်ရေးတို့ကို ဆော လျင်စွာ ဆောင်ရွက်ဖို့၊
၎။ သင်ရိုးညွှန်းတမ်းနဲ့ ကျောင်းသုံးဖတ်စာအုပ်များရဲ့အရည်အသွေး မြှင့်တင်ဖို့နဲ့
၅။ ပညာရေးဆိုင်ရာ အုပ်ချုပ်မှုစွမ်းဆောင်ရည်များတိုးတက်စေဖို့တို့ကို လည်း ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။
အမြစ်တွယ်နေတဲ့ အလွတ်ကျက်မှတ်ပညာရေးပြောင်းဖို့
အမြစ်တွယ်နေတဲ့ အလွတ်ကျက်မှတ်ရတဲ့ ပညာရေးစနစ်ကနေ စဉ်းစားတွေးခေါ်မှုကို အခြေခံတဲ့ ပညာရေးစနစ်ဆီသို့ ပြောင်းလဲရာမှ လည်း ဆရာနဲ့ ကျောင်းသားအများစု အရိုးစွဲနေတဲ့ ပြဋ္ဌာန်းစာအုပ်ပါ အကြောင်းအရာများကိုသာ သင်ကြားပေးခြင်း၊ သင်ရိုးမာတိကာအတိုင်း အမြန်ပြီးစီးအောင် သင်ကြားခြင်း၊ အတန်းအောင်ချက်မြင့်မားခြင်းကိုသာ အာရုံစူးစိုက်ခြင်း၊ စာမေးပွဲအောင်ဖို့အတွက်သာ သင်ကြားပေးခြင်း၊ ပြဋ္ဌာန်းစာအုပ်ပါ အချက်အလက်များအတိုင်း တစ်သဝေမတိမ်းဖြေဆို နိုင်မှသာ ရလဒ်ကောင်းမွန်ခြင်း စတဲ့အချက်တွေကိုလည်း မဖြစ်မနေ ပြုပြင်ပြောင်းလဲရမှာဖြစ်ပါတယ်။ အဓိကအားဖြင့် သင်ရိုးညွှန်းတမ်း အကြောင်းအရာများဟာ ကလေးတစ်ဦးချင်းစီရဲ့ စဉ်းစားဉာဏ်ကို ထက်သန်စေရပါမယ်။ စိတ်ကူးဉာဏ်ကို ပံ့ပိုးနိုင်စေရပါမယ်။ ကောင်းသော အလေ့အကျင့်နဲ့ စာရိတ္တကို ဖြည့်ဆည်းပေးနိုင်စေရပါမယ်။ ကျန်းမာသော ခန္ဓာကိုယ်မှာ ကြံ့ခိုင်သော စိတ်ဓာတ်ကို ရှင်သန်စေရပါမယ်။
ပညာရေးမှတစ်ဆင့် နိုင်ငံအတွက် မျှော်လင့်ချက်များ
(၁) ရေရှည်ရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ ပညာရေးဖြင့် ကျွန်မတို့ ယခု ကြုံတွေ့ ရင်ဆိုင်နေရတဲ့ ဆင်းရဲနွမ်ပါးမှုကနေ လွတ်မြောက်ဖို့ မျှော်လင့်နိုင်ပါ မယ်။
(၂) ပညာရေးဖြင့် မညီမျှမှုများ မတည်ငြိမ်မှုများ ကင်းဝေးပပျောက်ပြီး တရားဥပဒေစိုးမိုးမှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှု၊ လွတ်လပ်မှုများကို နိုင်ငံ သားများအားလုံး ရယူခံစားနိုင်ဖို့ မျှော်လင့်နိုင်ပါမယ်။
(၃) ပညာရေးဖြင့် ကျွန်မတို့ရဲ့ မြန်မာနိုင်ငံတော်ကြီးကို ဆတက်ထမ်းပိုး တိုးတက်မြင့်မားလာစေဖို့၊ ပိုမိုစည်းလုံးညီညွတ်စေဖို့၊ ငြိမ်းချမ်းစည်ပင် စေဖို့ မျှော်လင့်နိုင်ပါမယ်။
(၄) ပညာရေးဖြင့် ပြည်ထောင်စုတိုင်းရင်းသားများရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့များကို တန်ဖိုးထားမြတ်နိုးထိန်းသိမ်းသွားကြဖို့ မျှော်လင့်နိုင်ပါ မယ်။
(၅) ပညာရေးဖြင့်သာ နိုင်ငံသားတိုင်း၊ မိသားစုတိုင်း လူတန်းစေ့ဘဝ များကို ပိုင်ဆိုင်ပြီး သာယာပျော်ရွှင်စွာ ရပ်တည်နိုင်ဖို့ မျှော်လင့်ရပါမယ်။
ဒါတွေဟာ ပညာရေးကနေ ကျွန်မတို့ မျှော်လင့်ရယူနိုင်တဲ့အခွင့် အလမ်းတွေပါပဲ။
========================
251 / End
၉ ဒီဇင်ဘာ ၂၀၁၇ - ၁၇:၁၁
News ID: 871761
ကျောင်းဆရာမများထက်ကျောင်း ဆရာအရေအတွက် နည်းပါးနေ၍ အမျိုးသားများ ပညာရေးကဏ္ဍတွင် တက်ကြွစွာပါဝင်ရန် နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသည်။