အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဟာ ရတဲ့ရန်ပုံငွေထဲက ၈ လအတွင်းမှာ ထက်ဝက်လောက်ပဲ သုံးစွဲခဲ့တယ်လို့ သိရပါတယ်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ဖော်ပြထားတာပါ။
ကော်မတီအနေနဲ့ ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်ကနေ ဒီဇင်ဘာ ၂၁ ရက်အထိ ရန်ပုံငွေ ကျပ်သန်းပေါင်း ၃၁၉၇၆ ကျော်ရခဲ့ပြီး ကျပ်သန်းပေါင်း ၁၄၀၉၇ သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်ဒေါ်လာကတော့ ၁၀ သိန်းကျော်ရခဲ့ပြီး ဒေါ်လာ ၈၁၇၇၁၁ သုံးစွဲခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ကော်မတီရဲ့ ဒုတိယအကြိမ် အစည်းအဝေးကို မနေ့က ပြုလုပ်ခဲ့ပြီး ဥက္ကဋ္ဌဖြစ်တဲ့ ဒုတိယသမ္မတ ဟင်နရီ ဗန်ထီးယူ တက်ရောက်ခဲ့ပါတယ်။
သဘာဝဘေး ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းတခုဖြစ်တဲ့ Cyclone Shelter ၈၅ လုံးကို ကော်မတီက ဦးဆောင်ပြီး တည်ဆောက်ဖို့ ဆောက်ရွက်နေတယ်လို့ ဒု သမ္မတက ပြောပါတယ်။
ဧရာဝတီတိုင်းမှာ ၅၆ လုံး၊ ရခိုင်ပြည်နယ်မှာ ၂၆ လုံး၊ ချင်းပြည်နယ်မှာ ၂ လုံးနဲ့ ရှမ်းပြည်နယ်မှာ ၁ လုံး ဆောက်သွားမယ်လို့လည်း သူက ဆိုပါတယ်။
========================
251 / End
၂၃ ဒီဇင်ဘာ ၂၀၁၇ - ၁၄:၄၅
News ID: 873776
အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဟာ ရတဲ့ရန်ပုံငွေထဲက ၈ လအတွင်းမှာ ထက်ဝက်လောက်ပဲ သုံးစွဲခဲ့တယ်လို့ သိရပါတယ်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ဖော်ပြထားတာပါ။