အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တပ်မတော်နှင့် တစ်နိုင် ငံလုံးအပစ်အခတ်ရပ်စဲရေးသ ဘောတူစာချုပ်(NCA)လက်မှတ် ထိုးတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တိုက်ပွဲများ၊ ပဋိပက္ခများဖြစ်ပွားပါက ညှိနှိုင်း ဖြေရှင်းရန် ဖွဲ့စည်းထားသည့် ပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)သို့ တရုတ်အစိုးရက ကန် ဒေါ်လာ ငါးသိန်းလှူဒါန်းခဲ့သည်။
အဆိုပါလှူဒါန်းငွေကို တ ရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာ န အာရှရေးရာ အထူးကိုယ်စား လှယ် မစ္စတာဆွန်ကော်ရှန်းက ဒီဇင်ဘာ ၁၇ ရက်တွင် နေပြည် တော်သို့ လာရောက်၍ ပြည် ထောင်စုအဆင့် ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC -U) ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့်တွေ့ဆုံပြီး လှူဒါန်း ခြင်းဖြစ်ကြောင်း ဒီဇင်ဘာ ၁၉ ရက်က ထုတ်ပြန်သည့် JMC ထုတ်ပြန်ချက်၌ ပါရှိသည်။
အဆိုပါတွေ့ဆုံမှုတွင် NCA လက်မှတ်ထိုး ရှစ်ဖွဲ့နှင့်အတူ ဆောင်ရွက်နေသည့် အပစ်ရပ် စောင့်ကြည့်ကော်မတီအဆင့် ဆင့် လက်ရှိဆောင်ရွက်နေသော အခြေအနေများ၊ NCA လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း များ ပါဝင်လက်မှတ်ရေးထိုးရေး ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ ကြောင်း ထုတ်ပြန်ချက်က ဆို သည်။
တရုတ်နိုင်ငံအနေဖြင့် မြန် မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကို ဆက်လက်အားပေးထောက်ခံ သည်ဟု မစ္စတာဆွန်ကော်ရှန်းက ပြောကြားကြောင်း ထုတ်ပြန်ချက် တွင် ပါရှိသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်ရှစ်ဖွဲ့တို့ ၂၀၁၅ တွင် NCA လက်မှတ်ထိုးပြီးနောက် JMC ကို ပြည်ထောင်စုအဆင့်အ ဖြစ် အစိုးရနှင့် တပ်မတော်ကိုယ် စားလှယ် ၁၀ ဦး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စား လှယ် ၁၀ ဦး၊ အရပ်သားကိုယ်စား လှယ် ခြောက်ဦးတို့ဖြင့် ဖွဲ့စည်းခဲ့ သည်။ ထို့နောက် JMC ကို ပြည် နယ်အဆင့်၊ ဒေသအဆင့်များ ဖွဲ့စည်းခဲ့သည်။
========================
251 / End
၂၄ ဒီဇင်ဘာ ၂၀၁၇ - ၁၅:၃၃
News ID: 873992