အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
လွှတ်တော်ကိုယ် စားလှယ်များအနေဖြင့် ပြည်သူ များက ယုံယုံကြည်ကြည်နှင့်ပေး အပ်ထားသည့် လုပ်ပိုင်ခွင့်နှင့် တာ ဝန်ဝတ္တရားများကို အဂတိတရား ကင်းရှင်းစွာဖြင့် ဆက်လက်ကြိုး ပမ်းအားထုတ်ရန် ပြည်သူ့ လွှတ် တော် ဥက္ကဋ္ဌဦးဝင်းမြင့်က လွှတ် တော်ကိုယ်စားလှယ်များအား မှာ ကြားသည်။
မေးခွန်းမေးမြန်းခြင်း၊ အဆို တင်သွင်းခြင်း၊ ဥပဒေကြမ်းတင် သွင်းခြင်းများ ဆောင်ရွက်ရာတွင် ပြည်သူလူထုအတွက် အကျိုးရှိ၊ မရှိ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီ၊မညီ၊ လွတ်တော်ဆိုင်ရာဥပ ဒေ၊ နည်းဥပဒေများနှင့် ကိုက်၊ မကိုက်တို့ကို အသေအချာဆန်း စစ်ပြီး ဆောင်ရွက်ရမည်ဖြစ် ကြောင်း ဦးဝင်းမြင့်ကပြောသည်။
ထို့အပြင် လွှတ်တော်ကိုယ် စားလှယ်များအနေဖြင့် နိုင်ငံ တော်အစိုးရအဓိက ကြိုးပမ်း ဆောင်ရွက်နေသော ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ဝိုင်းဝန်း ကြိုးပမ်းပူးပေါင်းဆောင် ရွက်ရန် ၎င်းက တိုက်တွန်းသည်။
ဇန်နဝါရီ ၁၅ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် ဒုတိ ယအကြိမ် သတ္တမပုံမှန်အစည်းအ ဝေး ပထမနေ့၌ ဦးဝင်းမြင့်က နှုတ်ခွန်းဆက်စကားပြောကြားရာ တွင် အထက်ပါအတိုင်း တိုက်တွန်း ခြင်းဖြစ်သည်။
ယနေ့ကာလသည် ပြည် တွင်းငြိမ်းချမ်းရေး ရရှိရန် အစိုးရ က အလေးထားဆောင်ရွက်နေ သည့် ကာလတစ်ခုဖြစ်ပြီး အမျိုး သားပြန်လည်သင့်မြတ်ရေး၊ ပြည် တွင်းငြိမ်းချမ်းရေးတို့ကို ဆောင် ရွက်နိုင်မှသာ တိုင်းရင်းသား ပြည် သူအားလုံး မျှော်လင့်တောင့်တ နေသည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို အကောင်အ ထည်ဖော် တည်ဆောက်နိုင်မည် ဖြစ်ကြောင်း ဦးဝင်းမြင့်က ပြော သည်။
ယခုကျင်းပနေသည့် သတ္တမ ပုံမှန်လွှတ်တော် အစည်းအဝေး ကာလအတွင်း ဥပဒေကြမ်း ၂၆ ခု၊ အဆိုကိုးခု ဆွေးနွေးအတည်ပြုရမည်ဖြစ်ပြီး မေးခွန်း ၁၇၂ ခုကိုလည်း မေးမြန်း၊ ဖြေကြားရန် ရှိကြောင်း ၎င်းကဆိုသည်။
ယခုလွှတ်တော်အစည်းအ ဝေးများတွင် ကြားကာလဘဏ္ဍာ နှစ်ကိစ္စအပါအဝင် ပိုမိုများပြား သည့် လုပ်ငန်းတာဝန်များကို ကြုံ တွေ့ရမည်ဖြစ်သဖြင့် လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် အ ချိန်ကိုလေးစားတန်ဖိုးထားပြီး စေ တနာမှန်၊ လုပ်နည်းလုပ်ဟန်မှန် ကန်စွာဖြင့် အားထုတ်ဆောင်ရွက် ရန် ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက တိုက်တွန်းသည်။
လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် ဆင်ခြင်တုံတရား လက်ကိုင်ထားပြီး စေတနာ၊ အ တွေးအခေါ်၊ ဉာဏ်ပညာ၊ ဗဟု သုတတို့ကို ပေါင်းစပ်အသုံးချနိုင် မှသာ နိုင်ငံတော်နှင့် နိုင်ငံသားတို့ အတွက် ရလဒ်ကောင်းများ ထွက် ပေါ်လာမည်ဖြစ်ကြောင်း ဦးဝင်း မြင့်က မှာကြားသည်။
ပြည်သူများအကြား ဒီမိုက ရေစီ အလေ့အကျင့်ကောင်းများ ခိုင်မာအားကောင်းစေရေး လွှတ် တော်ကိုယ်စားလှယ်များ ပူးပေါင်း ဆောင်ရွက်ပေးကြရန် ၎င်းက တိုက်တွန်းခဲ့သည်။
========================
251 / End
၁၆ ဇန်နဝါရီ ၂၀၁၈ - ၁၅:၃၉
News ID: 877719
လွှတ်တော်ကိုယ်စားလှယ်များ အဂတိကင်းရှင်းစွာ ဆောင်ရွက်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း