အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မိန်းကလေးငယ် တစ်ဦးအား ကာမရယူသည့် ကျောင်းထိုင်ဆရာတော်ကို မွန် ပြည်နယ် သာသနာရေးမှူးက ထိရောက်စွာ အရေးမယူဟုဆိုကာ ကျိုက်မရောမြို့နယ် ဦးလေးကျေးရွာ ဒေသခံများက မော်လမြိုင်မြို့ မြန်မာပြည်တောင်ပိုင်းဂျာနယ်လစ်ကွန်ရက်ရုံးတွင် ဇန်န၀ါရီ ၂၃ ရက်က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
ဦးလေးကျေးရွာရှိ သီရိမင်္ဂ လာတိုက်ကျောင်း ကျောင်းထိုင် ဆရာတော်သည် အသက် (၁၃) နှစ်အရွယ် မိန်းကလေးတစ်ဦး အား ၂၀၁၄ ခန့်ကစ၍ ဖြားယောင်း သွေးဆောင်ကာမရယူခဲ့သည်ကို ပြည်နယ်သာသနာရေးမှူး ဦးမင်း ရွှေလွင်က ထိရောက်စွာအရေး မယူဘဲ ကျူးလွန်သူကျောင်းထိုင် ဆရာတော် ယနေ့အချိန်အထိ သင်္ကန်းဝတ်ဖြင့် ရှိနေကြောင်း ကျူးလွန်ခံရသူ၏ မိခင် ဒေါ်စန်းနှင့် သတင်းစာ ရှင်းလင်းပွဲပြုလုပ်သည့် ဒေသခံများက ဆိုသည်။
‘‘ကျူးလွန်တဲ့ ကျောင်းထိုင် ဘုန်းကြီးက ကျွန်မသမီးကို အ တည်တကျယူမယ်ဆိုပြီး ပြော တယ်။ ယူမယ်ဆိုပြီးတော့လည်း သမီးကိုလာလာခေါ်သွားတယ်။ ဒါပေမဲ့ ဒီနေ့အထိ အတည်တကျ မယူဘဲ သင်္ကန်းဝတ်နဲ့ နေထိုင် တယ်။ ကျွန်မတို့ အရမ်းရှက် တယ်။ ဒီကိစ္စကို ပြည်နယ်သာသ နာရေးမှူးက ကွင်းဆင်းစစ်ဆေး မယ်လို့ ကြားတော့ သွားလာရေး အဆင်ပြေအောင် ငွေအနည်းငယ် ပေးခဲ့တယ်။ ဒါပေမဲ့ အခုအချိန်ထိ ကျောင်းထိုင်ဆရာတော်က သင်္ကန်းဝတ်နဲ့ နေထိုင်နေတယ်။ ထိထိ ရောက်ရောက်အရေးယူမှု မရှိ သေးဘူး’’ဟု ဒေါ်စန်းက ပြော သည်။
ပြည်နယ်မှူး ကွင်းဆင်းစစ် ဆေးသည့်အချိန်၌ သွားလာရာ တွင် အသုံးပြုရန် ကျပ်သုံးသောင်းပေးခဲ့ပြီး နောက်ထပ်စရိတ်လိုသေးသည့်အတွက် ပြည်နယ်မှူးစာရေးမက တောင်းခံလာသဖြင့် ကျပ်ခြောက်သောင်း ထပ်မံပေးခဲ့ကြောင်း ဒေါ်စန်းက ဆိုသည်။
၂၀၁၆ စက်တင်ဘာ ၂၁ ရက်တွင် ကျူးလွန်သည့် ကျောင်းထိုင်ဆရာတော်ကို အရေးယူပေးရန် တိုင်ကြားခဲ့ပြီး ၂၀၁၇ ဖေဖော်ဝါရီ ၂၀ ရက်၌ မိခင်ဖြစ်သူ ဒေါ်စန်း သည် ကျိုက်မရောမြို့မရဲစခန်း၌ကာမလိမ်လည်မှုပုဒ်မ ၄၁၇ ဖြင့် ကျောင်းထိုင်ဆရာတော်အား အမှုဖွင့်ခဲ့ကြောင်း အမှုအခင်းဖြစ် စဉ် အကျဉ်းတွင် ရေးသားထား သည်။
ကျူးလွန်သူဆရာတော်ကို ၂၀၁၇ ဧပြီ ၂၅ ရက်တွင် ကျိုက်မ ရောမြို့နယ်တရားရုံးက ဖမ်းဝရမ်း ထုတ်ခဲ့ပြီး သုံးရက်အကြာတွင် အာမခံရရှိကာ သင်္ကန်းပြန်ဝတ် ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၇ စက်တင် ဘာ ၇ ရက်တွင် ပြည်နယ်သာသ နာရေးမှူး ဦးမင်းရွှေလွင်က တရားလိုပြုလုပ်ကာ မြို့နယ်တရား ရုံးတွင် ၀ိနည်းဓမ္မကံ အဓိကရုဏ်း မှုခင်းများ ဖြေရှင်းဆုံးဖြတ်ချက် များကို ကာကွယ်စောင့်ရှောက် သည့် ဥပဒေပုဒ်မ ၁၁ ဖြင့် ကျောင်းထိုင်ဆရာတော်ကို တရားစွဲဆိုခဲ့ကြောင်း ပြည်နယ်သာသနာရေးမှူး ညွှန်ကြားရေးမှူး ဦးမင်းရွှေလွင်က ဆိုသည်။
‘‘ကျွန်တော်ဒီကိစ္စမှာ အဂတိလိုက်စားမှုမရှိခဲ့ဘူး။ ကျွန်တော် အဂတိလိုက်စားနေတယ်လို့ သ တင်းစာရှင်းလင်းပွဲလုပ်တဲ့ကိစ္စ ကျွန်တော်မသိဘူး။ သတင်းတွေ မှာ ပါလာရင် ရုံးချုပ်ကို တိုင်ပင် ပြီး ပြောတဲ့သူကို တရားစွဲမယ်။ ဘုန်းကြီးကိစ္စက မြို့နယ်တရားရုံး ကနေ တရားလွှတ်တော်ရုံးကို တင်ထားတဲ့အတွက် ဘာမှဆက် လုပ်လို့မရသေးဘူး။ မှားတာမှန် တာဥပဒေက ဆုံးဖြတ်သွားမယ်။ ဥပဒေက ဆုံးဖြတ်ချက်မရသေး တဲ့အတွက် သင်္ကန်းဝတ်နဲ့နေတာ ပါ’’ဟု ဦးမင်းရွှေလွင်က ပြော သည်။
ကျူးလွန်သည့် ဆရာတော် ကို ထိရောက်စွာ အရေးယူပေးရန် ပြည်နယ်ဝန်ကြီးချုပ်ထံ တိုင်ကြား သော်လည်း ယနေ့ထိ အရေးယူမှုမရှိသေးကြောင်း၊ ထိရောက်စွာအရေးမယူပါက ဒေသအတွင်းနှင့် မော်လမြိုင်မြို့တွင် ဆန္ဒပြရန်ရှိကြောင်း ဒေသခံများက ဆိုသည်။
ဇန်န၀ါရီ ၂၃ ရက်က သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် ကျူး လွန်ခံရသူ၏ မိသားစုဝင်များနှင့် ကျိုက်မရောဒေသခံ ၁၅ ဦးခန့်ပါ ၀င်ခဲ့သည်။
========================
251 / End
၂၄ ဇန်နဝါရီ ၂၀၁၈ - ၁၇:၃၀
News ID: 879017
မိန်းကလေးငယ် တစ်ဦးအား ကာမရယူသည့် ကျောင်းထိုင်ဆရာတော်ကို မွန် ပြည်နယ် သာသနာရေးမှူးက ထိရောက်စွာ အရေးမယူဟုဆိုကာ ကျိုက်မရောမြို့နယ် ဦးလေးကျေးရွာ ဒေသခံများက မော်လမြိုင်မြို့ မြန်မာပြည်တောင်ပိုင်းဂျာနယ်လစ်ကွန်ရက်ရုံးတွင် ဇန်န၀ါရီ ၂၃ ရက်က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။