၃ ဖေဖော်ဝါရီ ၂၀၁၈ - ၁၇:၃၂
တပ်မတော် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး နှစ်၂၀ အတွင်း ပထမဆုံးအကြိမ် လေ့ကျင့် ပထမနေ့ စစ်ရေးလေ့ကျင့်မှုတွင် ပြည်ပနိုင်ငံတစ်နိုင်င

နှစ် ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် ပြုလုပ်သည့် တပ်မတော် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့် ခန်းကို ရွှေသောင်ယံကမ်းခြေ ဒေသတွင် ယမန်နေ့က စတင်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

နှစ် ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် ပြုလုပ်သည့် တပ်မတော် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့် ခန်းကို ရွှေသောင်ယံကမ်းခြေ ဒေသတွင် ယမန်နေ့က စတင်သည်။

နှစ်ရက်ကြာ ပြုလုပ်သော ဆင်ဖြူရှင် ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်းဟု အမည်ပေးထား သည့် စစ်ရေးလေ့ကျင့်မှု ပထမ နေ့အဖြစ် ဖေဖော်ဝါရီ ၂ ရက် နံနက် ၈ နာရီကစကာ ပုသိမ်မြို့ နယ် ရှောပြာကျေးရွာအနီး တော ထဲ၌ စတင်ခဲ့သည်။ ယင်းလေ့ ကျင့်မှုသည် အိမ်နီးချင်းနိုင်ငံတစ် နိုင်ငံ (အသူရာနိုင်ငံဟု အမည် ပေးထား)က စစ်ရေးအရ ကျူး ကျော်လာသည်ကို တပ်မတော်က ပြန်လည်ခုခံတိုက်ခိုက်သည့်ပုံစံ ဖြင့် လေ့ကျင့်ခဲ့သည်။

လေ့ကျင့်မှုတွင် တပ်မတော် (ကြည်း)နှင့် တပ်မတော် (လေ) ပါဝင်ပြီး ဖျက်အားပြင်း ဒုံးပစ် ခတ်မှုများ၊ တိုက်လေယာဉ်များ ဖြင့် ဖျက်အားပြင်း ဗုံးကြဲချမှုများ ပါဝင်သည်။ နံနက် ၈ နာရီက စတင်သည့် စစ်ဆင်ရေးကို နှစ် နေရာခွဲ၍ ပြုလုပ်ပြီး မွန်းလွဲ ၁ နာရီခန့်၌ ပြီးဆုံးခဲ့သည်။

စစ်ဆင်ရေး လေ့ကျင့်မှု ပထမနေ့ကို တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင် လာရောက် ကြည့်ရှုခဲ့သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော် (ကြည်း၊ ရေ၊ လေ) ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်း (ဆင်ဖြူရှင်)မှ ခြေလျင်၊ သံချပ် ကာပူးပေါင်း၍ တပ်ရင်းအဆင့် တိုက်စစ်လေ့ကျင့်ခန်း ပြုလုပ်နေ မှုကို ကြည့်ရှုသည်။

ဆက်လက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ ဝင်များသည် တပ်မအဆင့် တိုက် စစ်ပြုလုပ်မည့် ရှုရပ်သို့ရောက်ရှိ ပြီး လေ့ကျင့်ခန်းပြုလုပ်မှုကို ကြည့်ရှုစစ်ဆေးသည်။ ယင်းလေ့ ကျင့်ခန်းတွင် အတွဲလိုက် ဒုံးများ ပစ်ခတ်ခြင်း၊ တပ်မတော် (လေ) မှ တိုက်လေယာဉ်များ၊ ရဟတ် ယာဉ်များဖြင့် ရန်သူပစ်မှတ်အ သီးသီးကို ကြိုတင်ချေမှုန်းခြင်း၊ ခြေလျင်တပ်များက ထိုးဖောက် ဝင်ရောက်၍ ရန်သူကို ချေမှုန်း တိုက်ခိုက်ပြီး ရည်မှန်းချက်အသီး သီးကို သိမ်းပိုက်ခြင်းလေ့ကျင့် မှုကို ဆောင်ရွက်ခဲ့ကြောင်း တပ် မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး က ထုတ်ပြန်သည်။

ပင်လယ်နှင့် ထိစပ်နေသော ရွှေသောင်ယံကမ်းခြေတွင် ယနေ့ ဆက်လက်ပြုလုပ်မည့် စစ်ရေး လေ့ကျင့်မှု၌ တပ်မတော် (ရေ) ပါ ပါဝင်လာမည်ဖြစ်ပြီး ဖေဖော် ဝါရီ ၂ ရက် လေ့ကျင့်မှုထက် ပိုမို ပြင်းထန်မည်ဖြစ်ကြောင်း တပ် မတော်အရာရှိအချို့က ပြော သည်။ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်သည့် အင်အား၊ လက်နက်ခဲ ယမ်းနှင့် ယာဉ်ယန္တရားမျိုးစုံ အ ရေအတွက်ကိုမူ တပ်မတော်က သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ယခုပြုလုပ်နေသည့် တပ် မတော် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်မှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ၁၉၉၆ က ရွှေသောင်ယံကမ်းခြေဒေသ၌ပင် ပြုလုပ်ခဲ့သည်။

========================
251 / End