အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မောင်တောမြို့နယ် မြောက်ပိုင်း ခုံတိုင်ကျေးရွာတွင် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက တည်ဆောက်ပေးနေသော မြို တိုင်းရင်းသားများအတွက် နေ အိမ်အလုံး ၃၀ တည်ဆောက် ပြီးဖြစ်ကြောင်း ယင်းဖောင်ဒေး ရှင်းက သတင်းထုတ်ပြန်သည်။
နေအိမ် တည်ဆောက်ရေး လုပ်ငန်းများကို ဇန်နဝါရီ ၉ ရက်က စတင်ခဲ့ပြီး နေအိမ်တစ် လုံးအတွက် ကျပ် ၈၉ သိန်း အကုန်ကျခံ တည်ဆောက်ခဲ့ ကြောင်း ထုတ်ပြန်ထားသည်။
အိမ်အရွယ်အစားမှာ အလျား ၂၈ ပေ၊ အနံ ၁၈ ပေ၊ အမြင့် ၁၃ ပေခွဲဖြစ်ပြီး Steel Structure Building အမျိုးအစား ဖြစ်သည်။
အဆိုပါနေအိမ်များကို ဧပြီ လဆန်းတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှတစ်ဆင့် UEHRD ကော်မတီသို့ ဒေါ်ခင်ကြည်ဖောင် ဒေးရှင်းက လွှဲပြောင်းအပ်နှံမည် ဖြစ်ပြီး အိမ်အလုံး ၃၀ တွင် မိသားစုဝင် ၂၈၀ နေထိုင်နိုင်မည် ဖြစ်သည်။ ‘‘နေအိမ်ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ဝင်လုပ်ခဲ့တဲ့ အတွက် ကျွန်တော်တို့ အလုပ် အကိုင်ရခဲ့တယ်။ အခု ယာယီနေ တဲ့နေရာအနီးမှာ ဟင်းသီးဟင်း ရွက်တွေ စိုက်ပျိုးထားလို့ စား သောက်ရေးကလည်း သိပ်အခက် အခဲမရှိခဲ့ဘူး။ အခုဆောက်လုပ် ပေးတဲ့ အိမ်တွေကိုလည်း သဘောကျပါတယ်’’ဟု ခုံတိုင်ကျေးရွာမှ မြိုအမျိုးသားတစ်ဦးက ပြောသည်။ မောင်တော ဒေသတွင် ၂၀၁၇ သြဂုတ်က အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက် မီးလောင်ကျွမ်း မှု ဖြစ်ပွားခဲ့သည့် တိုင်းရင်းသား မျိုးနွယ်စုများအတွက် နေအိမ်များ ကို UEHRD အစီအစဉ်အောက်မှ သက်ဆိုင်ရာ ကုမ္ပဏီများ၊ ဖောင် ဒေးရှင်းများက တာဝန်ယူတည် ဆောက်နေသည်။
========================
251 / End
၂၂ မတ် ၂၀၁၈ - ၁၇:၁၇
News ID: 886607
မောင်တောမြို့နယ် မြောက်ပိုင်း ခုံတိုင်ကျေးရွာတွင် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက တည်ဆောက်ပေးနေသော မြို တိုင်းရင်းသားများအတွက် နေ အိမ်အလုံး ၃၀ တည်ဆောက် ပြီးဖြစ်ကြောင်း ယင်းဖောင်ဒေး ရှင်းက သတင်းထုတ်ပြန်သည်။