အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ ပထမဆုံးမိန့်ခွန်း ပြော ကြားမှုကို မြန်မာ့ရုပ်မြင်သံကြား (MRTV) အပါအ၀င် ရုပ်သံလိုင်း များနှင့် ရေဒီယိုများ၊ ဖေ့စ်ဘွတ်ခ် စာမျက်နှာများမှ တိုက်ရိုက်ထုတ် လွှင့်မည်ဖြစ်ကြောင်း ပြန်ကြား ရေးဝန်ကြီးဌာနက သတင်းထုတ် ပြန်သည်။
နိုင်ငံတော်သမ္မတ ဦးဝင်း မြင့်ကတိ သစ္စာပြုခြင်းနှင့် မိန့်ခွန်း ပြောကြားခြင်း ကိုမတ်လ ၃၀ရက် ၌ ပြည်ထောင်စုလွှတ်တော်တွင် ပြုလုပ်မည်ဖြစ်သည်။
အဆိုပါ တိုက်ရိုက်ထုတ် လွှင့်မှုအစီအစဉ်ကို နံနက် ၉ နာရီ ၅၅ မိနစ်မှစ၍ မြန်မာ့ရုပ်မြင် သံကြား(MRTV), MRTV လွှတ် တော် Channel, MITV, MNTV, Sky Net up to date, မြန်မာ့ အသံရေဒီယို၊ MOI Webportal Myanmar Facebook, MRTV Facebook နှင့် Myanmar Digital News Facebook တို့မှ တိုက်ရိုက်ထုတ်လွှင့် ပြသမည်ဖြစ်သည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဟောင်း ဦးဝင်းမြင့်သည် ယခင် သမ္မတ ဦးထင်ကျော်နုတ်ထွက် ခဲ့သည့် မတ်လ ၂၁ရက်တွင် လွှတ်တော်ဥက္ကဋ္ဌ အဖြစ်မှနုတ် ထွက်ပြီးနောက် မတ်လ ၂၃ ရက် တွင် ဒုတိယသမ္မတအဖြစ်ရွေး ချယ်ခံရသည်။ မတ်လ ၂၈ရက်တွင် ဦးဝင်မြင့်သည် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ခြောက်ရာကျော်အနက် ထောက် ခံမဲ ၄၀၃မဲဖြင့် နိုင်ငံတော်သမ္မတ အဖြစ်အရွေးခံရသည်။
========================
251 / End
၃၀ မတ် ၂၀၁၈ - ၁၄:၁၉
News ID: 887525