အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် ဖွဲ့စည်းထား သည့် ရေးရာကော်မတီ ၁၃ ခု သက်တမ်းတိုးမြှင့်မည့်အစီအစဉ် ကို လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ကန့်ကွက်သဖြင့် ဆိုင်းငံ့ထားသည်။
ဧပြီ ၆ ရက်က ကျင်းပသည့် မန္တလေးတိုင်းဒေသကြီးလွှတ် တော်အစည်းအဝေးတွင် လွှတ် တော်ရေးရာကော်မတီ ၁၃ ခုကို သက်တမ်းတိုးမြှင့်ရန် လွှတ်တော် ၏သဘောထားရယူရာ၌ နွားထိုး ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဒေါ်ငြိမ်းသက်နွယ်က ကန့်ကွက်ခဲ့သည်။
‘‘ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်တွေကို ဒီလူတွေနဲ့ပဲ သက်တမ်းတိုးမယ်ဆိုရင် ကိုယ်စိတ်မ ဝင်စားတဲ့ ကော်မတီထဲ ပါနေတဲ့ အတွက် အလုပ်မတွင်တာတွေ ရှိ တယ်။ စိတ်ဝင်စားတဲ့ ကော်မတီ ထဲ ရောက်သွားမယ်ဆို ပိုပြီး ထိ ရောက်လာနိုင်ပါတယ်’’ဟု ဒေါ် ငြိမ်းသက်နွယ်က ကော်မတီ ၁၃ ခု သက်တမ်းတိုးမြှင့်ရန် လွှတ်တော်ကိုယ်စားလှယ်များ၏ သဘော ထားရယူချိန်တွင် ပြောကြားခဲ့ သည်။
ရေးရာကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူး စသည့် ကော်မတီ ဦးဆောင်သူများအနေဖြင့် တွန်း တွန်းတိုက်တိုက်ဆောင်ရွက်မည့် သူများဖြစ်စေလိုကြောင်းနှင့် ယင်း သို့ ဆောင်ရွက်ရန် အားမနာသည့် သူဖြစ်ရန်လိုကြောင်း ၎င်းက ဆက် လက်ပြောကြားသည်။
လွှတ်တော်ဆိုင်ရာ ရေးရာ ကော်မတီ ၁၃ ခု သက်တမ်းတိုး ရန်နှင့် ကော်မတီဝင်များ အ ပြောင်းအလဲဆောင်ရွက်ရန် လွှတ်တော်ဥက္ကဋ္ဌ ခွင့်ယူထားသဖြင့် လတ်တလော မဆုံးဖြတ်နိုင်သေး ဘဲ နောက်တစ်ကြိမ် ကျင်းပသည့် လွှတ်တော်အစည်းအဝေးမှသာ ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီးလွှတ် တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်ဌေးက ပြောသည်။
‘‘အစည်းအဝေးရှိတဲ့အချိန် မှာ သက်တမ်းတိုးလို့ရတဲ့အတွက် အစည်းအဝေးရှိတဲ့ နောက် ဒသမ အကြိမ် လွှတ်တော်မှာ တိုးမယ်’’ ဟု လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေးက ပြော သည်။
ရေးရာကော်မတီများသည် သက်တမ်း ၂ နှစ်အတွင်း ဆောင် ရွက်မှုအားနည်းပြီး ကိုယ်စား လှယ်၏အရည်အချင်းနှင့် စိတ် ဝင်စားမှုအလိုက် ကော်မတီရွေး ချယ်လုပ်ကိုင်စေလျှင် ပို၍ ကောင်း မွန်မည်ဖြစ်ကြောင်း ငါန်းဇွန်မြို့ နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဒေါ်သဲစုဝေက ပြောသည်။
‘‘ရေးရာကော်မတီအစည်း အဝေးခေါ်ရင် ခဏခဏပျက် ကွက်တဲ့သူရှိတယ်။ လက်ရှိ ကော် မတီ ၁၃ ခုအစား ၁၀ ခုဖြစ်စေ၊ ရှစ်ခုဖြစ်စေ ပေါင်းလိုက်ပြီးတော့ လက်ရှိ ကော်မတီတစ်ခုမှာ လူ ခုနစ်ယောက်အစား လူများများနဲ့ လုပ်ဆောင်မယ်ဆိုရင် ပိုပြီး ထိ ရောက်မယ်။ ဒီလိုပေါင်းပေးဖို့ကို လည်း လွှတ်တော်ဥက္ကဋ္ဌကို ပြော ထားပြီးပြီ’’ ဟု လွှတ်တော်ကိုယ် စားလှယ်များ စိစစ်ရေးကော်မတီ ဝင် ဒေါ်ငြိမ်းသက်နွယ်ကဆိုသည်။
ကော်မတီဝင်များ အပြောင်းအလဲနှင့် ကော်မတီအရေအတွက် ချုံ့ခြင်းကို လက်ခံကြောင်း မန္တ လေးတိုင်းဒေသကြီး သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီး ဦးမျိုးသစ်က သတင်းမီဒီယာများ မေးမြန်းစဉ် ဖြေကြားသည်။
ဒုတိယအကြိမ် မန္တလေး တိုင်းဒေသကြီးလွှတ်တော်တွင် လွှတ်တော်ရေးရာကော်မတီ ၁၃ ခုရှိပြီး ဥပဒေပြုရေးဆိုင်ရာ ကော် မတီ၊ တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာ ကော်မတီ၊ လွှတ် တော်ကိုယ်စားလှယ်များ စိစစ်ရေး ကော်မတီ ဖွဲ့စည်းထားသည်။ ထို့အတူ ဒေသန္တရစီမံကိန်း၊ အရ အသုံးငွေစာရင်းနှင့် ဘဏ္ဍာရေး ဆိုင်ရာ ကော်မတီ၊ ပြည်သူ့ရေးရာကော်မတီ၊ ပြည်သူ့ငွေစာရင်းသုံးစွဲမှုစိစစ်ရေးကော်မတီ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကော်မတီ၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးကော်မတီ၊ လုံခြုံရေး၊ စီမံခန့်ခွဲရေးနှင့် စည်ပင်သာယာရေးကော်မတီ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ကော်မတီ၊ သာသနာရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ၊ စက်မှုစွမ်းအင်နှင့် လျှပ်စစ်ရေးရာ ကော်မတီ၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ် ရေးကော်မတီတို့ကို ဖွဲ့စည်းထား သည်။ လွှတ်တော်ရေးရာ ကော်မ တီများ၏သက်တမ်းသည် တစ်နှစ် ဖြစ်ပြီး ကိုယ်စားလှယ်များ၏ သဘောတူညီချက်ဖြင့် လွှတ် တော်ဥက္ကဋ္ဌက တစ်နှစ်တစ်ကြိမ် သက်တမ်းတိုးရခြင်း ဖြစ်သည်။
========================
251 / End
မန္တလေးတိုင်းလွှတ်တော်ရေးရာကော်မတီ ၁၃ ခု သက်တမ်းတိုးမည့် အစီအစဉ် ကိုယ်စားလှယ်တစ်ဦးက ကန့်ကွက်၍ ဆိုင်းငံ့
၇ ဧပြီ ၂၀၁၈ - ၁၇:၄၇
News ID: 888487
မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် ဖွဲ့စည်းထား သည့် ရေးရာကော်မတီ ၁၃ ခု သက်တမ်းတိုးမြှင့်မည့်အစီအစဉ် ကို လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ကန့်ကွက်သဖြင့် ဆိုင်းငံ့ထားသည်။