အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်သမ္မတကြို ဆိုထောက်ခံပွဲ စည်ကားစေရေး ဌာနဆိုင်ရာဝန်ထမ်းများ မပျက်မကွက် တက်ရောက်ရန် ၎င်း၏ ဆုံးဖြတ်ချက်ဖြင့် ညွှန်ကြားစာ ထုတ်ပြန်ခဲ့ကြောင်း တနင်္သာရီ တိုင်းအစိုးရ အတွင်းရေးမှူး ဦး ကောင်းစံဦးက ပြောသည်။
‘‘နိုင်ငံ့ဝန်ထမ်းတွေကို အ ခမ်းအနားတက်ဖို့ ဖိတ်ကြားတာ က တက်ချင်တဲ့သူတက်နိုင်တယ် ဆိုပြီး ခေါ်လိုက်ရင် အသိတရားရှိ ရှိနဲ့ လာတက်သူတွေ ရှိသလို တချို့ကလည်း ဒါတွေဘာမှမ ပြောရင် ဘာမှမလုပ်ဘူးဆိုတဲ့ အဖွဲ့တွေရှိတယ်။ အဲဒါကြောင့် လက်ရှိ တက်လာတဲ့ သမ္မတကို ထောက်ခံတဲ့နေရာမှာ စည်စည် ကားကားသိုက်သိုက်မြိုက်မြိုက် ဖြစ်ဖို့အတွက် ကျွန်တော်တစ်ဦး တည်းရဲ့ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်ပြီး လုပ်ပေးလိုက်တာဖြစ်ပါတယ်။ ခေတ်နောက်ပြန် ဆွဲတယ်လို့ ပြောနေတာတွေမျိုးဖြစ်အောင် လုပ်တာမဟုတ်ပါဘူး’’ ဟု ဦး ကောင်းစံဦးက ရှင်းပြသည်။
ဧပြီ ၁၉ ရက်စွဲဖြင့် ဝန်ကြီး ချုပ် ကိုယ်စားတိုင်းအစိုးရအဖွဲ့အ တွင်းရေးမှူး လက်မှတ်ရေးထိုး ထုတ်ပြန်သော ညွှန်ကြားစာတွင် တိုင်းအဆင့် ဌာနဆိုင်ရာများအ နေဖြင့် မိမိတို့လက်အောက်ရှိ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့်များ တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းအားလုံး ဧပြီ ၂၀ ရက်တွင်ပြုလုပ်မည့် နိုင်ငံတော်သမ္မတ ထောက်ခံပွဲသို့ လူအင်အားစာရင်း နှင့်တကွ မပျက်မကွက် တက် ရောက်ရမည်ဟု ဖော်ပြထား သည်။
ထို့အပြင် ထားဝယ်ပညာ ရေးကောလိပ်နှင့် သူနာပြုသင် တန်းကျောင်းမှ ကျောင်းသား ၁၀၀ ဦးစီ တက်ရောက်ရမည်ဟု ရေးသားထားသည့် တိုင်းအစိုးရ ညွှန်ကြားစာသည် ယင်းနေ့ည တွင်းချင်းပင် လူမှုကွန်ရက်စာ မျက်နှာများပေါ်တွင် လျင်မြန်စွာ ပျံ့နှံ့ခဲ့သည်။ အဆိုပါညွှန်ကြား ချက်သည် ပြည်သူ့ဆန္ဒနှင့်ကိုက် ညီမှုမရှိဘဲ ဒီမိုကရေစီစနစ်နှင့် ဆန့်ကျင်၍ ခေတ်နောက်ပြန်ဆွဲ သည့် ညွှန်ကြားမှုမျိုး ဖြစ်ကြောင်း ပြည်သူများနှင့် နိုင်ငံရေးအကဲ ခတ်သူများက ဝေဖန်ခဲ့သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ဝန်ကြီးချုပ်အား မေးမြန်းရန် ဖုန်း ဆက်သွယ်မရသဖြင့် ၎င်း၏ကိုယ် ရေးအရာရှိထံ ဆက်သွယ်ရာ ဝန် ကြီးချုပ်က မည်သည့်လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို ဖိတ်ကြား မည်ဟုသာ ပြောကြားပြီး ကျန် သည့်ကိစ္စများ စီစဉ်သည်မှာ အစိုးရအဖွဲ့ အတွင်းရေးမှူးသာ ဖြစ်ကြောင်း ပြောသည်။
‘‘အန်တီ (ဝန်ကြီးချုပ်) က ဘယ်သူတွေဖိတ်ပါလို့ပဲ ပါးစပ်နဲ့ ပြောတာပါ။ တိုင်းမင်းကြီး (အစိုး ရအဖွဲ့အတွင်းရေးမှူး) က အ သေးစိတ် စီစဉ်လို့ ဂဃနဏသိ ချင်ရင် သူ့ကိုပဲမေးပါ’’ ဟု ၎င်းက ဆိုသည်။
ဧပြီ၂၀ ရက် နံနက်က ထား ဝယ်မြို့ ဗိုလ်ချုပ်မြင်းစီးကြေးရုပ် အနီးတွင် တနင်္သာရီတိုင်းဒေသ ကြီး အစိုးရက ဦးဆောင်၍ နိုင်ငံ တော် သမ္မတဦးဝင်းမြင့်အား ထောက်ခံကြိုဆိုကြောင်း ဆိုင်း ဘုတ်စိုက်ထူခြင်း အခမ်းအနားကို နှစ်မိခန့်ကြာ ပြုလုပ်ခဲ့သည်။ အ ခမ်းအနားတွင် ဆိုင်းဘုတ်စိုက် ထူ ဖွင့်လှစ်ပြီးနောက် မည်သည့် အစီအစဉ်မျှ မရှိဘဲပြီးဆုံးခဲ့မှုအ ပေါ် မပျက်မကွက်တက်ရောက် ရန်ညွှန်ကြားချက်အရ တက် ရောက်လာသည့် ဌာနဆိုင်ရာဝန် ထမ်းများအကြားတွင် ဝေဖန်မှု များထွက်ပေါ်ခဲ့သည်။
‘‘ဆိုင်းဘုတ်လည်းဖွင့်ပြီး ရော ပွဲလည်းပြီးသွားတယ်။ ကျွန် တော်တို့ ကြားထဲမှာတော့ အရင် ကလို သမ္မတမိန့်ခွန်းနားထောင် ခိုင်းတာ၊ ဒေါ်စုမိန့်ခွန်းနားထောင် ရတာမျိုးပဲ ကောင်းတယ်။ အခုက အချိန်ကုန်ရုံသက်သက်ပဲလို့ ပြော နေကြတယ်’’ ဟု တိုင်းအဆင့်ဌာန ဆိုင်ရာဝန်ထမ်းတစ်ဦးက ပြော သည်။
အဆိုပါထောက်ခံပွဲကို တိုင်း အစိုးရ ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ လွှတ်တော်ဥက္ကဋ္ဌနှင့် ကိုယ်စား လှယ်များ၊ ဒီချုပ်ပါတီဝင်များ၊ ထားဝယ်ပညာရေးကောလိပ်နှင့် သူနာပြု သင်တန်းကျောင်းတို့မှ သင်တန်းသားများ အပါအဝင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ဦး ဆောင်သော ဒေသခံပြည်သူအ ချို့တက်ရောက်ခဲ့သည်။
========================
251 / End
၂၃ ဧပြီ ၂၀၁၈ - ၁၅:၁၁
News ID: 890580
နိုင်ငံတော်သမ္မတကြို ဆိုထောက်ခံပွဲ စည်ကားစေရေး ဌာနဆိုင်ရာဝန်ထမ်းများ မပျက်မကွက် တက်ရောက်ရန် ၎င်း၏ ဆုံးဖြတ်ချက်ဖြင့် ညွှန်ကြားစာ ထုတ်ပြန်ခဲ့ကြောင်း တနင်္သာရီ တိုင်းအစိုးရ အတွင်းရေးမှူး ဦး ကောင်းစံဦးက ပြောသည်။