အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကချင်ဒေသ တိုက်ပွဲများကြောင့် တိမ်းရှောင်နေရသည့် တိုက်ပွဲရှောင်ပြည်သူများ၏လတ် တလော ကြုံနေရသည့် အခက်အ ခဲများကို အစိုးရက ထိုက်သင့်သည့် ထောက်ပံ့ကူညီမှုများ ဖြည့်ဆည်း ပေးသင့်ကြောင်း မြန်မာနိုင်ငံ အ မျိုးသားလူ့အခွင့်အရေးကော်မ ရှင်က သတင်းထုတ်ပြန်သည်။
ထို့ပြင် တိုက်ပွဲရှောင်များထံ ပြည်တွင်း၊ ပြည်ပစေတနာရှင် များ ၏လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ကူညီမှုများ ရောက်ရှိ ရေးအတွက် လိုအပ်သလို စီစဉ် ဆောင်ရွက်ပေးသင့်သည်ဟု ကော်မရှင်က ထုတ်ပြန်သည်။
တပ်မတော်နှင့် ကချင်လက် နက်ကိုင်အဖွဲ့(KIA)တို့ တိုက်ပွဲ များကြောင့် ကချင်ပြည်နယ် မိုး ကောင်း၊ မြစ်ကြီးနားနှင့် ဝိုင်းမော် မြို့နယ်များ၌ ဖွင့်လှစ်ထားသည့် စစ်ဘေးဒုက္ခသည်စခန်းများသို့ ကော်မရှင်ကြည့်ရှုလေ့လာရေးအ ဖွဲ့က ဇွန်လ ၂၁ နှင့် ၂၂ ရက် တွင် သွားရောက်ပြီးနောက် ယခု ကဲ့သို့ သတင်းထုတ်ပြန်ခြင်းဖြစ် သည်။ ကော်မရှင်ကြည့်ရှုလေ့လာ ရေးအဖွဲ့ သွားရောက်ခဲ့သည့် တိုက်ပွဲရှောင်စခန်းအများစုတွင် ဆောက်လုပ်ထားသည့် ယာယီ တဲများမှာ လူဦးရေနှင့်မမျှတသည့် အပြင် မိသားစုတစ်စုနှင့် တစ်စု အကြား အကာအရံ လုံးဝမရှိသ ဖြင့် ရေရှည်တွင် မလိုလားအပ် သော လူမှုရေးပြဿနာများ၊ ကူးစက်ရောဂါများ ဖြစ်ပေါ်နိုင် ကြောင်း ဖော်ပြထားသည်။
ထို့ပြင် သန့်ရှင်းသော သောက်ရေသန့်မရရှိခြင်းနှင့် ချိုး ရေးမသန့်ရှင်းခြင်း၊ မီးဘေးအန္တ ရာယ်စိုးရိမ်ရခြင်း၊ အိမ်သာနှင့် လူဦးရေလုံလောက်မှုမရှိခြင်း၊ တိုက် ပွဲရှောင်စခန်းအချို့၌ မိုးရာသီကာ လမိုးသည်းထန်ချိန်၌ အိပ်ဆောင် ကြမ်းပြင်များ ရေမြုပ်ခြင်းတို့ တွေ့ရသည်ဟု သတင်းထုတ်ပြန်မှုတွင် ဖော်ပြသည်။
တိုက်ပွဲရှောင်များအတွက် တာဝန်ရှိသူများနှင့် စေတနာရှင် များက ဆန်နှင့် ပဲကိုသာ အဓိက ထားလှူဒါန်း၍ ကျန်ဟင်းလျာ များအတွက် ရန်ပုံငွေလိုအပ်ခြင်း၊ သားသမီးများ ကျောင်းထားရန် တာဝန်ရှိသူများက စီစဉ်ပေးထား သော်လည်း တိုက်ပွဲရှောင်ကျေးရွာသားများတွင် ငွေကြေးမရှိသဖြင့်သားသမီးများ၏ပညာရေး အခက်အခဲများ ကြုံတွေ့ရခြင်းများရှိနေ သည်ဟု ကော်မရှင်က ထုတ်ပြန် သည်။
လက်ရှိတွင် တိုက်ပွဲများ ရပ် တန့်နေသော်လည်း တိုက်ပွဲရှောင် ပြည်သူများအနေဖြင့် ၎င်းတို့ကျေး ရွာများသို့ မပြန်ရဲ၍ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အစိုးရတာဝန်ရှိသူများ နှင့် ယင်းဒေသလုံခြုံရေးအတွက် တာဝန်ယူထားသည့် တပ်မတော် တာဝန်ရှိသူများသည် ကျေးရွာ သူ၊ ကျေးရွာသားများ၏ လုံခြုံမှု၊ စိတ်ချယုံကြည်မှု ရရှိစေရေး၊ တောင်ယာစိုက်ပျိုးရေးနှင့် ဒေသ တွင်း လွတ်လပ်စွာ သွားလာနေ ထိုင်နိုင်ရေးတို့ စီစဉ်ဆောင်ရွက် ပေးသင့်သည်ဟု ကော်မရှင်က အကြံပြုပြီး ပြည်ထောင်စုငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ကို ဆောလျင်စွာ ဖော်ဆောင်သင့်သည်ဟု ဖော်ပြ ထားသည်။
=======================
251 / End
၂၆ ဇွန် ၂၀၁၈ - ၁၃:၄၉
News ID: 899270
ကချင်ဒေသ တိုက်ပွဲများကြောင့် တိမ်းရှောင်နေရသည့် တိုက်ပွဲရှောင်ပြည်သူများ၏လတ် တလော ကြုံနေရသည့် အခက်အ ခဲများကို အစိုးရက ထိုက်သင့်သည့် ထောက်ပံ့ကူညီမှုများ ဖြည့်ဆည်း ပေးသင့်ကြောင်း မြန်မာနိုင်ငံ အ မျိုးသားလူ့အခွင့်အရေးကော်မ ရှင်က သတင်းထုတ်ပြန်သည်။