၂၇ ဇွန် ၂၀၁၈ - ၁၄:၂၀
မူးယစ်ဆေးသတင်းပေး တိုင်ကြားသူများ ဆုကြေးနှင့် အခွန်ကင်းလွတ်ခွင့်ပေးမည်ဟု သမ္မတပြောကြား မူးယစ်အထူး တိုင်ကြားရေးဌာနကို သမ္မတက တိုက်ရ

မူးယစ်ဆေးသတင်းပေး တိုင်ကြားသူများ ဆုကြေးနှင့် အခွန်ကင်းလွတ်ခွင့်ပေးမည်ဟု သမ္မတပြောကြား မူးယစ်အထူး တိုင်ကြားရေးဌာနကို သမ္မတက တိုက်ရိုက်ကွပ်ကဲမည်

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မူးယစ်ဆေးဝါး ထိရောက်စွာ နှိမ်နင်းနိုင်ရေးအ တွက် နိုင်ငံတော်သမ္မတရုံးတွင် မူးယစ်ဆေးဝါးအထူးသတင်းပေး တိုင်ကြားရေးဌာနဖွဲ့စည်းထား ပြီး သတင်းပေးတိုင်ကြားသူများ အား ထိုက်တန်သည့်ဆုကြေးနှင့် အခွန်ကင်းလွတ်ခွင့်ပေးမည်ဟု သမ္မတ ဦးဝင်းမြင့်က ပြောသည်။

မူးယစ်ဆေးဝါးစိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်း၊ လက်ဝယ်ထားရှိ ခြင်း၊ သယ်ဆောင်ခြင်း၊ ဖြန့်ဖြူး ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း များကို ထိထိရောက်ရောက်ဖော် ထုတ်မည်ဖြစ်ကြောင်း ဇွန်လ ၂၆ ရက်က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန ၌ကျင်းပသော ကွန်ဗင်းရှင်းဗဟိုဌာန၌ ကျင်းပသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားမိန့်ခွန်းတွင် နိုင်ငံတော်သမ္မတက ထည့်သွင်းပြောကြားသည်။

‘‘သတင်းပေးတိုင်ကြားသူ တွေကို ထိုက်ထိုက်တန်တန်ဆု ကြေးချီးမြှင့်ပေးရာမှာ သူတို့ရဲ့ လုံခြုံရေးကို အထူးဂရုပြုတဲ့အနေ နဲ့ သတင်းထုတ်ပြန်ပေးမှာမဟုတ် သလို နိုင်ငံတော်ချီးမြှင့်ငွေဖြစ်တဲ့ အတွက် အခွန်ကင်းလွတ်ခွင့် အ ထူးအခွင့်အရေးကိုလည်း ပေး သွားမှာ ဖြစ်ပါတယ်’’ဟု သမ္မတ ဦးဝင်းမြင့်က ဆိုသည်။

 သတင်းပေးတိုင်ကြားသူ များ ပေးပို့လာသော သတင်းအ ချက်အလက်များကို အခြေခံ၍ ဗဟိုတွင် ဖွဲ့စည်းထားသည့် အထူးအဖွဲ့ကို စေလွှတ်မည်ဟု သမ္မတ က ပြောသည်။

 ‘‘အထူးအဖွဲ့ရဲ့ လှုပ်ရှား ဆောင်ရွက်မှုဆိုင်ရာ သတင်းအ ချက်အလက်မှန်သမျှပေါက်ကြား ခြင်းမရှိအောင်၊ လျှပ်တစ်ပြက် သွားရောက်ဖမ်းဆီးနိုင်အောင် အမိန့်ပေးကွပ်ကဲမှုလမ်းကြောင်း ကို အတိုဆုံးဖြစ်အောင် ပြင်ဆင် ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်’’ဟု သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

မူးယစ်ဆေးဝါးအထူး သတင်းတိုင်ကြားရေးဌာနကို ဇွန်လ ၂၂ ရက်က ဖွဲ့စည်းထားပြီးဖြစ်ကြောင်းနိုင်ငံတော်သမ္မတရုံးက ကြေညာ သည်။ တိုင်ကြားသူများ၏ အချက် အလက်မပေါက်ကြားစေရေးအ တွက်ကိုလည်း လုံခြုံမှုအဆင့်အ တန်းမြင့်သော သတ်မှတ်လုပ်ထုံး လုပ်နည်းတစ်ရပ် ချမှတ်ပေးထားပြီးဖြစ်ကြောင်း သမ္မတက ပြောသည်။ နိုင်ငံတော်သမ္မတရုံးတွင် ဖွဲ့ စည်းထားသော မူးယစ်ဆေးဝါး အထူးသတင်းပေးတိုင်ကြားရေး ဌာနကို နိုင်ငံတော်သမ္မတက တိုက်ရိုက်ညွှန်ကြား ကွပ်ကဲမည်ဟု မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ စီမံကိန်းဌာနမှူး ရဲမှူးကြီး ဇော်လင်းထွန်းက ဆိုသည်။

‘‘နိုင်ငံတော်သမ္မတကိုယ် တိုင် နောက်ကစိတ်ပါဝင်စားစွာ လမ်းညွှန်မှုပြုတဲ့အတွက် ကျွန် တော်တို့လုပ်ရကိုင်ရတာ ပိုပြီး တော့ အဆင်ပြေတာပေါ့’’ဟု ရဲမှူးကြီး ဇော်လင်းထွန်းက ပြောကြားသည်။ အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံးစားမှုနှင့် တရား မ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေး နေ့တွင် မြန်မာနိုင်ငံ၌ တစ်နှစ် အတွင်း ဖမ်းမိသည့် ဘိန်းနှင့် စိတ် ကြွဆေးပြားများအပါအ၀င် ကန် ဒေါ်လာ ၁၈၇ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တွင် မီးရှို့ဖျက်ဆီးခဲ့သည်။

၂၀၁၇ -၁၈ အတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး အမှုပေါင်း တစ်သိန်းသုံးသောင်းကျော်မှ ကျပ်ဘီလီယံ ၅၂၀ ကျော်အထိ ဖမ်းမိခဲ့ကြောင်း သမ္မတကပြောသည်။

=======================
251 / End