၂၉ ဇွန် ၂၀၁၈ - ၁၅:၄၉
ရေကြောင်းတက္ကသိုလ် ပညာသင်နှစ် တစ်နှစ်လျှော့ချမည်

၂၀၁၈-၁၉ ပညာသင်နှစ်ကစတင်ကာ မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ်၏ ပညာသင်နှစ်ကို ခြောက်နှစ်မှ ငါးနှစ်သို့ လျှော့ချ မည်ဟု အဆိုပါတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်လွင်က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

၂၀၁၈-၁၉ ပညာသင်နှစ်ကစတင်ကာ မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ်၏ ပညာသင်နှစ်ကို ခြောက်နှစ်မှ ငါးနှစ်သို့ လျှော့ချ မည်ဟု အဆိုပါတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်လွင်က ပြောသည်။

မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများသည် သင်တန်းကာလ ခြောက်နှစ်အချိန်ပေးသင်ယူရသည့် အပြင် ကျောင်းပြီးပါက အခြားလိုအပ်သည့် သင်တန်းလက်မှတ်များ ထပ်မံယူရခြင်းကြောင့် နိုင်ငံတကာသင်္ဘောကုမ္ပဏီများတွင် အလုပ် အကိုင်အခွင့်အလမ်းအတွက် နှောင့်နှေးမှုရှိနေသဖြင့် ပညာသင်နှစ်လျှော့ ချခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ရေကြောင်းပညာတက္ကသိုလ် တွင် ဘာသာရပ်ခုနစ်ခုအနက် ယခင်ပညာသင်နှစ်က ခြောက် နှစ်သင်တန်းကာလ သတ်မှတ် ထားသည့် ရေယာဉ်တည်ဆောက် မှု ဗိသုကာဘွဲ့၊ ရေကြောင်းအင် ဂျင်နီယာဘွဲ့၊ ဆိပ်ကမ်းအင်ဂျင် နီယာဘွဲ့၊ မြစ်ချောင်းနှင့်ကမ်းရိုးတန်း အင်ဂျင်နီယာဘွဲ့၊ ရေ ကြောင်းလျှပ်စစ်နှင့် အီလက်ထ ရွန်နစ် အင်ဂျင်နီယာဘွဲ့၊ ရေ ကြောင်းမက္ကနစ် အင်ဂျင်နီယာ ဘွဲ့သင်တန်းများကို သင်တန်း ကာလ ငါးနှစ်သို့ လျှော့ချခြင်းဖြစ် သည်။ သိပ္ပံဘွဲ့ (ရေကြောင်း သိပ္ပံ) သင်တန်းကိုမူ ယခင်အ တိုင်း သင်တန်းကာလ ငါးနှစ် တက်ရောက်ရမည် ဖြစ်သည်။

‘‘ကျွန်တော်တို့ကျောင်းက ကလေးတွေဟာ ကျောင်းပြီးတာနဲ့ အလုပ်ခွင်တန်းဝင်လို့မရပါဘူး။ Sea Time တစ်နှစ်ယူရတယ်။ ပြန်လာရင် သူတို့က အရာရှိမဖြစ် သေးဘူး။ ပြန်လာရင်ရေကြောင်း  ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ကလုပ်တဲ့ သင်္ဘောသားလက်မှတ်စာမေးပွဲ ဖြေရသေးတယ်။ လက် မှတ်သုံး၊ လေး၊ ငါးမျိုးကို ယူကို ယူရတဲ့အတွက် နောက်ထပ်တစ် နှစ်၊ တစ်နှစ်ခွဲက အချိန်ထပ်ပေး ရတယ်။ သင်္ဘောကုမ္ပဏီတွေက လည်း ကျွန်တော်တို့ တစ်နှစ် အောက်လိုက်တာနဲ့  တခြားနိုင်ငံ အထူးသဖြင့် ဖိလစ်ပိုင်၊ အင်ဒိုက တခြားသင်္ဘောသားတွေခေါ်ခန့် တော့ သူတို့က လေး၊ ငါးနှစ် စာ ချုပ်ချုပ်ခန့်တော့ အဲဒီလေး၊ ငါး နှစ်အတွင်း ကျွန်တော်တို့ကလေး တွေ အလုပ်အကိုင် ရပ်သွားနိုင် တယ်။ ငါးနှစ်ဖြစ်မှပဲ ကလေးတွေ အနာဂတ်က ချောမွေ့မှာမို့ ပြောင်းတာပါ’’ ဟု ဒေါက်တာ မြတ်လွင်က ပြောသည်။

ပညာသင်နှစ်လျှော့ချရန် ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန် ကြီးဌာန၊ အမျိုးသားပညာရေးမူ ဝါဒ ကော်မရှင်တို့၏ ခွင့်ပြုချက် ရရှိထားပြီး ဒီဇင်ဘာတွင် စတင်မည့် ၂၀၁၈−၁၉ ပညာသင်နှစ် တွင် စတင်ပြောင်းလဲရန် သင်ရိုး ညွှန်းတမ်းများ အဆင်သင့်ဖြစ် နေဖြစ်ကြောင်း ၎င်းက ရှင်းပြ သည်။

 ‘‘သင်ကြားရေးမှာလည်း ISO လက်မှတ်ယူထားပြီး နိုင်ငံတ ကာရဲ့ အစစ်ဆေးခံနေတာ နှစ်စဉ် နှစ်တိုင်းပဲ။ ကျွန်တော်တို့ရဲ့ သင် ကြားသင်ယူမှုမှာလည်း ဘာပြဿနာမှ မရှိတာကြောင့် တစ်နှစ်လျှော့ဖို့ အဆင်ပြေပါတယ်’’ ဟု ဒေါက် တာမြတ်လွင်က ပြောသည်။

လက်ရှိ သင်ရိုးညွှန်းတမ်း သည် ငါးနှစ်စာ သင်ရိုးညွှန်းတမ်း ကိုသာ ဆွဲဆန့်ထားခြင်းဖြစ်ရာ သင်တန်းကာလ ငါးနှစ်သို့ လျှော့ ချသော်လည်း ကျောင်းသားများ နစ်နာမှုမရှိဘဲ ထပ်တိုးသင်ခန်း စာများ  ရှိပါကလည်း နောက်ဆုံးနှစ် ဘွဲ့ယူစာတမ်းတင်ရန် ကျောင်းမတက်ရသည့် အချိန် များ၌ အစားထိုး သင်ကြားလျှင် အဆင်ပြေသည်ဟု ရေယာဉ် တည်ဆောက်မှုဗိသုကာ ဘာသာ ရပ် စတုတ္ထနှစ်ကျောင်းသား ကို နိုင်အောင်လူက ပြောသည်။

‘‘ငါးနှစ်နဲ့ လုံလောက်တာကို  ခြောက်နှစ် တက်လိုက်ရတာက ကျောင်းသားတွေ အတွက်က သင်္ဘောလိုက်ဖို့ တစ်နှစ်ပုပ်သွား တာပဲရှိမယ်။ တစ်နှစ်ပိုတက် လိုက်ရတာက အလုပ်အကိုင်အ ခွင့်အလမ်းနဲ့ ပတ်သက်ရင် ရာ ထူးတိုးဖို့ ကြန့်ကြာတာပေါ့။ အဲဒါ ကြောင့် ပါချုပ်ရော၊ ကျောင်းသား တွေကရောပြောင်းဖို့ကို လိုလား တာပေါ့။ သဘောင်္လိုက်တဲ့ မေဂျာ တင်မဟုတ်ဘူး တခြားဗိသုကာ ပိုင်း၊ မြစ်ချောင်းကမ်းရိုးတန်းပိုင်း တွေကလည်းငါးနှစ်နဲ့ အဆင်ပြေ တယ်။ ကျောင်းသားအများစုက ငါးနှစ်ကို လက်ခံကြတယ်။ ခြောက်နှစ်တက်ရတာဆိုးကျိုးရှိ တယ်လို့တော့ မဟုတ်ဘူး၊ ငါးနှစ် ဆိုရင်တော့ ပိုကောင်းလာတာ ပေါ့’’ဟု ကိုနိုင်အောင်လူက ပြော သည်။

အဆိုပါ တက္ကသိုလ်ကို တက္ကသိုလ်ဝင်စာမေးပွဲ စုစုပေါင်းရမှတ် အနိမ့်ဆုံး  ၄၇၀  ရရှိထားသူများ လျှောက်ထားနိုင်ပြီး ဝင်ခွင့် လျှောက်ထားနိုင်ကြောင်း ဇူလိုင်အတွင်း သတင်းစာများမှ တစ် ဆင့် ခေါ်ယူမည်ဖြစ်သည်။

  လူတွေ့  စစ်ဆေးကာ ကျောင်းသား၊ ကျောင်းသူ ၃၂၀ ဦး လက်ခံမည်ဖြစ်ပြီး အမျိုးသမီးများ သည် ရေကြောင်းအင်ဂျင်နီယာ ဘွဲ့၊ ရေကြောင်းလျှပ်စစ်နှင့် အီ လက်ထရွန်နစ် အင်ဂျင်နီယာ ဘွဲ့၊ သိပ္ပံဘွဲ့ (ရေကြောင်းသိပ္ပံ) အထူးပြုဘာသာရပ်များမှလွဲ၍ ကျန်ဘာသာရပ်များကို လျှောက် ထားနိုင်သည်။ သင်တန်းဝင်ခွင့် လက်ခံမည့် ဦးရေအနက် အမျိုး သမီး ၂၀ ရာခိုင်နှုန်း လက်ခံမည် ဖြစ်သည်။

 ‘‘တိုင်းပြည်က  အများစုနီးပါးဟာ တစ်နှစ်ကို တစ်နှစ် ကျောင်းစရိတ်အတွက် ဝန်ထုပ် ဝန်ပိုးဖြစ်ဖို့များတာဆိုတော့ တစ် နှစ်သက်သာသွားတာက တစ်မျိုး သက်သာသွားတာပေါ့။ အကြမ်း အားဖြင့် တစ်နှစ်သက်သာရင် ငွေလည်းသက်သာမယ်။ အချိန်လည်း သက်သာမယ်’’ ဟု ရေ ယာဉ်တည်ဆောက်မှု ဗိသုကာ ဘာသာရပ်စတုတ္ထနှစ်ကျောင်း သားတစ်ဦး၏ မိခင်ကမှတ်ချက် ပြုသည်။

ရေကြောင်းပညာတက္ကသိုလ် သည် သန်လျင်မြို့တွင် ရှိခြင်း ကြောင့် ရန်ကုန်မြို့တွင်းမှနေ့စဉ် အသွားအပြန် ဖယ်ရီခ တစ်လ လျှင် ကျပ် ၃၅,၀၀၀ ပေးရပြီး ကျောင်းသားတစ်ဦး၏ လစဉ်အသုံးစရိတ်သည် အနည်းဆုံး ကျပ်နှစ်သိန်းခန့်ရှိရာ စာသင်နှစ်တစ်နှစ်လျှော့ခြင်းက မိဘ အများစုအတွက်တစ်နှစ်စာ ဝန်ထုပ်ဝန်ပိုး လျော့စေနိုင်သည်ဟု ၎င်းက ဆိုသည်။

 မြန်မာနိုင်ငံ ရေကြောင်း ပညာတက္ကသိုလ်ကို ၂၀၀၂ က ဆင်မလိုက် သဘောင်္ကျင်းအနီးရှိ   မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်ဝင်းတွင် စတင်ဖွင့်လှစ် ခဲ့သည်။

 ၂၀၀၄ တွင်သန်လျင်မြို့ သီလ၀ါသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ သည်။ လက်ရှိတွင် ကျောင်းသား၊ ကျောင်းသူ ၂,၅၀၀ ခန့် တက် ရောက်နေသည်။

=======================
251 / End