အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
လစ်ဗျားနိုင်ငံမှ မုဖ်သီချုပ် ဆွာဒစ်က် အယ်လ်ဂရ်ယာနီ သည် မွတ်စလင်ကမ္ဘာသို့ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တစ်ရပ်တွင် ယီမင်ရှိ အန်ဆာရ်အလ္လာဟ်အဖွဲ့ကို ထောက်ခံရန် အလေးပေး မိန့်ကြားခဲ့ပါတယ်။
မုဖ်သီချုပ် ဆွာဒစ်က် အယ်လ်ဂရ်ယာနီ က ဖိနှိပ်ခံနေရသူများနှင့် “အမှန်တရား” ဘက်တွင် ရပ်တည်ခြင်းသည် ယုံကြည်ခြင်း၏ အရေးကြီးသော အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဂါဇာနှင့် ပါလက်စတိုင်းပြည်သူများကို ကာကွယ်ရေးအတွက် လှုပ်ရှားနေသည့် အင်အားစုများကို မွတ်စလင်များအနေဖြင့် ထောက်ခံသင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။
၎င်းက ဂါဇာအရေးနှင့်ပတ်သက်၍ ယီမင်ဘက်မှ ချမှတ်ထားသည့် ရပ်တည်ချက်ကို ရည်ညွှန်းကာ မွတ်စလင်ကမ္ဘာအနေဖြင့် အဆိုပါကိစ္စတွင် မိမိတို့၏ အခန်းကဏ္ဍကို ထမ်းဆောင်သင့်ကြောင်း မိန့်ကြားခဲ့ပါတယ်။
ထို့အပြင် ယီမင်ရှိ အန်ဆွာရိုလ္လာဟ် အဖွဲ့နှင့်အတူ ရပ်တည်ရန် ပျက်ကွက်ခြင်းကို ယုံကြည်ခြင်းနှင့် ဘာသာရေးဆိုင်ရာ ဂုဏ်သိက္ခာ ကင်းမဲ့ခြင်းအဖြစ် ၎င်းက သတ်မှတ်ပြောဆိုခဲ့ပါတယ်။ ထို့နောက် မွတ်စလင်များအနေဖြင့် ပါလက်စတိုင်းပြည်သူများကို ထောက်ခံကြောင်း ဖော်ပြပြီး ၎င်းတို့၏ အခွင့်အရေးနှင့် ကာကွယ်ရေးအတွက် အသံမြှင့်ပေးကြရန် တိုက်တွန်းခဲ့ပါတယ်။
အဆိုပါ ကြေညာချက်သည် ဂါဇာစစ်ပွဲနှင့် ဒေသတွင်းတင်းမာမှုများ ဆက်လက်ဖြစ်ပွားနေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်ပြီး ယီမင်အခြေစိုက် အန်ဆာရ်အလ္လာဟ်အဖွဲ့သည်လည်း ပါလက်စတိုင်းအရေးနှင့်ပတ်သက်၍ ၎င်း၏ ရပ်တည်ချက်နှင့် ဒေသတွင်း လှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်နေပါတယ်၊
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment