အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်တို့နှင့် တွေ့ဆုံဆွေး နွေးရန် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များက လိုလားနေသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် တွေ့ဆုံမည့် အစီ အစဉ်ကို လတ်တလောတွင် မသိ ရှိသေးသော်လည်း တွေ့ဆုံပါက ကောင်းမွန်ကြောင်း မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့ဝင် မိုင်းလား အဖွဲ့ (NDAA) အထွေထွေအ တွင်းရေးမှူး ဦးကြည်မြင့်ကပြော သည်။
‘‘တွေ့ရင်တော့ ကောင်းတာ ပေါ့။ တွေ့လေလေ ဆွေးနွေးတာ ပိုပြီးမှ အဆင်ပြေမှာပေါ့’’ ဟု ၎င်း ကဆိုသည်။
မိုင်းလားအဖွဲ့အနေဖြင့် ၂၁ ရာစုပင်လုံ တတိယအစည်းအ ဝေးသို့ တက်ရောက်မည်ဟု ၎င်း ကအတည်ပြုသည်။
အခြားသော မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့များအနေဖြင့်လည်း ကုန်းလမ်းဖြင့်လည်း ကောင်း၊ တရုတ်နိုင်ငံဘက်မှလည်းကောင်း ၂၁ ရာစုပင်လုံအစည်းအဝေးသို့ တက်ရောက်မည် ဟု ၎င်းကပြောသည်။
မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်သော တအာင်းအဖွဲ့ (TNLA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်က နိုင်ငံ တော်၏အတိုင်ပင်ခံ အပါအ၀င်အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံခွင့် အခွင့်အလမ်း မည်သို့ရှိသည်ကို မပြောနိုင်သေးသော် လည်း တွေ့ဆုံရန် အဆင်သင့်ရှိသည်ဟုပြောသည်။
‘‘ဆွေးနွေးမှုကတော့ ကျွန် တော်တို့ အမြဲတမ်းကြိုဆိုတယ်။ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ဖို့လို တယ်။ တိုက်ပွဲပြုလုပ်နေရင်၊ ထိုး စစ်ပြုလုပ်နေရင် ဘယ်တော့မှ ပြီး မှာမဟုတ်ဘူး၊ အဖြေမဟုတ်ဘူး’’ ဟု ဗိုလ်မှူးမိုင်းအိုက်ကျော်ကဆိုသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ခေါင်းဆောင်တို့နှင့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ တွေ့ဆုံနိုင်မည့် အလားအလာနှင့် ပတ်သက်၍ အစိုးရကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီးခင် ဇော်ဦး (ငြိမ်း)ထံ ဆက်သွယ်မေးမြန်းရာ ၎င်းက ‘‘ဒါကတော့ ဖြစ်တော့ဖြစ်လာနိုင်တယ်’’ဟု ဖြေ ကြားသည်။
တွေ့ဆုံမည့်အခြေအနေနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက် အတိအကျ မကျသေးဟု ၎င်းကဆို သည်။
အစိုးရ၊ တပ်မတော်ခေါင်း ဆောင်များနှင့် မြောက်ပိုင်းအဖွဲ့ ခေါင်းဆောင်များ တွေ့ဆုံနိုင်ပါ က ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပိုမိုချောမွေ့နိုင်သည်ဟု NCA လက်မှတ်ထိုးထားသည့် ပအိုဝ်း အဖွဲ့ (PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက မှတ်ချက်ပြုသည်။
‘‘မနှစ်က တစ်ခေါက်လာ တယ်၊ ပြန်သွားတယ်။ ဒီကြားထဲ မှာ တချို့အဖွဲ့တွေနဲ့ ပြောက်ကျားတော့ တွေ့တာရှိပေမယ့် အဆုံးအဖြတ်ကို မရောက်ဘူး။ အခုလို အုံလိုက်ကျင်းလိုက် နိုင်ငံတော် အကြီးအကဲတွေနဲ့ တွေ့တယ်ဆို နောက်ထပ် ဆက်သွယ်ဆက်ဆံဖို့၊ ဆွေးနွေးဖို့ ပိုပြီးချောမွေ့သွားနိုင်ပါတယ်’’ဟု ၎င်းကဆိုသည်။
မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့သည် ၂၀၁၇ မေလက ကျင်းပသည့် ၂၁ ရာစုပင်လုံ ဒုတိ ယအစည်းအဝေးသို့ တရုတ်နိုင်ငံ ၏ ညှိနှိုင်းပေးမှုဖြင့် တက်ရောက် ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် မြောက်ပိုင်းအဖွဲ့များ တွေ့ဆုံခဲ့ သည်။
=======================
251 / End
၆ ဇူလိုင် ၂၀၁၈ - ၁၅:၅၅
News ID: 900735
နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်တို့နှင့် တွေ့ဆုံဆွေး နွေးရန် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များက လိုလားနေသည်။