အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တနင်္သာရီတိုင်းအပါအ ဝင် တိုင်းနှင့် ပြည်နယ်လေးခုတွင် ရေကြီးနစ်မြုပ်မှုရင်ဆိုင်နေရပြီး စုစုပေါင်းလူ ၉,၀၀၀ ကျော်ကို ရေဘေးကြောင့် အရေးပေါ်ရွှေ့ ပြောင်းထားရသည်။
မိုးကြီးခြင်း၊ မြစ်ရေများ စိုး ရိမ်ရေမှတ်အထက်သို့ မြင့်တက် နေခြင်းနှင့် ပင်လယ်ဒီရေဝင်ခြင်း တို့ တစ်ပြိုင်နက်ဖြစ်ကာ ရေကြီး နစ်မြုပ်နေပြီး တနင်္သာရီတိုင်း ဒေသကြီးတွင် လူဦးရေ ၅,၅၀၀ ခန့်၊ ကရင်ပြည်နယ်တွင် လူ ၂,၀၀၀ ကျော်၊ ပဲခူးတိုင်းဒေသကြီး တွင် လူ ၁,၄၀၀ ခန့်နှင့် မွန်ပြည်နယ်တွင် လူ ၂၀၀ ခန့်ကိုဘေးလွတ်ရာသို့ ယာယီရွှေ့ပြောင်းထားရ သည်ဟု ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန စာရင်း ဇယားများ၌ ဖော်ပြထားသည်။
တနင်္သာရီတိုင်းဒေသကြီးရှိ ရေဘေးသင့်ဒေသများသို့ ရောက် ရှိနေသော ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာကိုကိုနိုင် က ‘‘တနင်္သာရီမြို့မှာဆို မြစ်က မြို့ကို ပတ်ထားတော့ ရေကလျှံ တာ။ အနည်းဆုံး နောက်ငါးရက် တော့ ယာယီကယ်ဆယ်ရေးစခန်း တွေမှာ နေရနိုင်တယ်’’ဟု သုံး သပ်ပြောကြားသည်။
ကရင်ပြည်နယ်တွင် မြဝတီ၊ လှိုင်းဘွဲနှင့် ကော့ကရိတ်မြို့နယ် တို့၌ ရေကြီးနစ်မြုပ်နေပြီး ကယ် ဆယ်ရေးစခန်း ၁၄ ခုဖွင့်ထားကာလူ ၂,၂၀၀ ခန့်ကိုရွှေ့ပြောင်းထားရ သည်ဟု ပြည်နယ်ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးလင်းထွဋ်က ပြောသည်။
‘‘မိုးက အဆက်မပြတ် ရွာ တယ်။ ပင်လယ်ဒီရေတိုးတာ လည်း ရှိတယ်။ မိုးများတာနဲ့ တောင်ကျရေကလည်း ဆင်း တယ်ပြောတယ်။ ရေအရမ်းမြုပ် တဲ့နေရာတွေမှာ ကျောင်းပိတ်ရ တာလည်းရှိတယ်။ အခုကတော့ ဘေးအန္တရာယ်အတွက် ပြည်နယ် အဆင့် သတိပေးထားပါတယ်။ ပြည်သူတွေကို ရပ်ကျေးတွေက တစ်ဆင့် သတိပေးထားတယ်။ ဖြစ်လာရင် တိမ်းရှောင်ဖို့ အသင့် ဖြစ်အောင်ပါ’’ဟု ၎င်းက ပြော သည်။
လှိုင်းဘွဲမြို့နယ်၌ ရေကြီးနစ်မြုပ်မှုသည် ၂၀၁၅ နောက်ပိုင်း အဆိုးရွားဆုံးဖြစ်သည်ဟု ဒေသခံများက ပြောသည်။ အစိုးရရုံးနှင့် နေအိမ်အများစုရေဝင်နေ၍ အိမ်သုံး၊ ရုံးသုံးပစ္စည်းများကို ဘေးလွတ်ရာ ရွှေ့ပြောင်းနေရသည်ဟု ဆိုသည်။
‘‘ရုံးအတော်များများလည်း အရေးကြီးတာတွေ ရေလွတ်ရာ ထားပြီး အဆင်ပြေမယ့်နေရာ ရွှေ့ပြောင်းနေကြပါတယ်။ တစ်မြို့ လုံးက ကားတွေကို ကုန်းမြင့်တဲ့ တင်းနစ်ကွင်းနားမှာ လာထား ထားတယ်’’ဟု ဒေသခံဝန်ထမ်း တစ်ဦးက ပြောသည်။
လှိုင်းဘွဲမြို့တွင် လူ ၉၀၀ ခန့်နှင့် မြဝတီမြို့တွင် လူ ၁,၃၀၀ ကျော်သည် ကယ်ဆယ်ရေးစခန်း ၌ ရောက်ရှိနေသည်။ မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေသည်။ ထို့အပြင် သံလွင်မြစ်ရေသည် ဘားအံမြို့၏စိုးရိမ်ရေမှတ်အထက်သို့ တစ်ပေခန့်ကျော်နေပြီး ဆက်လက်မြင့်တက်နိုင်၍ သတိပြုနေထိုင်ရန် မိုးဇလက သတိပေးချက် ထုတ်ပြန်ထား သည်။
ပဲခူးတိုင်းဒေသကြီးတွင် စစ်တောင်းမြစ်သည် စိုးရိမ်ရေ မှတ်အထက်မြင့်တက်နေပြီး မိုးကောင်းနေကာ ရွှေတောင်နှင့် မိုးညိုမြို့တွင် ရေဘေးကြောင့် လူ ၁,၄၀၀ ခန့် ရွှေ့ပြောင်းထားရ သည်။ မွန်ပြည်နယ်တွင် သထုံ မြို့နယ် ဒူးရင်းဆိပ်မှ ဒေသခံလူ ၂၀၀ ခန့်ကို ဘုန်းကြီးကျောင်း တစ်ကျောင်း၌ ယာယီထားရှိ သည်ဟု ပြည်နယ်ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနဦးစီး မှူး ညွှန်ကြားရေးမှူး ဦးသောင်း ရွှေက ပြောသည်။
=======================
251 / End
၂၃ ဇူလိုင် ၂၀၁၈ - ၁၂:၁၉
News ID: 902755
တနင်္သာရီတိုင်းအပါအ ဝင် တိုင်းနှင့် ပြည်နယ်လေးခုတွင် ရေကြီးနစ်မြုပ်မှုရင်ဆိုင်နေရပြီး စုစုပေါင်းလူ ၉,၀၀၀ ကျော်ကို ရေဘေးကြောင့် အရေးပေါ်ရွှေ့ ပြောင်းထားရသည်။