အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တိုင်းရင်းသားပြည်နယ် များတွင် ဗိုလ်ချုပ်ရုပ်တု စိုက်ထူ ခြင်းသည် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ထိခိုက်စေ ကြောင်း ကရင်နီပြည်လူငယ်များ က ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်း ရုပ်တု နှင့်ပတ်သက်၍ ကရင်နီ (ကယား) ပြည်နယ်ရှိ ပြည်နယ်လူထု အကြား စိတ်ဝမ်းကွဲမှု၊ မတည် မငြိမ်ဖြစ်စေမှုများအပေါ် ကရင်နီ ပြည်သူလူငယ်များက ယမန်နေ့ (ဇူလိုင် ၂၄ ရက်)တွင် ရန်ကုန်မြို့ Orchid Hotel ၌ သတင်းရှင်းလင်း ပွဲပြုလုပ်စဉ် ယင်းသို့ ထည့်သွင်း ပြောကြားသည်။
‘‘ကျွန်တော်တို့ တည်ရှိမှုကို အသိအမှတ်မပြုဘူးဆိုရင် သေ ချာတယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်တွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေက လည်း အပြန်အလှန် နားလည်မှု တည်ဆောက်ဖို့ ခက်ခဲနေဦးမှာပဲ။ ဒီကာလမှာ (ရုပ်တု စိုက်ထူခြင်း လုပ်ငန်းကို) ရွှေ့ဆိုင်းထားဖို့၊ ရပ် တန့်ထားဖို့ ပြောခြင်းဖြစ်တယ်’’ ဟု လူငယ်တစ်ဦးဖြစ်သည့် ခွန် ဘားနတ်ဘုတ်က ပြောသည်။
ဒေသခံတိုင်းရင်းသားများ၏ ထောက်ခံမှုမရှိဘဲ ကယားပြည် နယ် လွိုင်ကော်မြို့တွင် ဗိုလ်ချုပ် အောင်ဆန်းကြေးရုပ် စိုက်ထူရန် ကြိုးပမ်းမှုသည် တိုင်းရင်းသား များ၏ ယုံကြည်မှုကို ဝေးကွာစေ နိုင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အချိန်ကြာမြင့်နိုင်ကြောင်း လူ ငယ်တစ်ဦးဖြစ်သည့် နော်ဖောဝါး က ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်း ရုပ် တုထားရှိခြင်းကို ကန့်ကွက်ရခြင်း သည် ပုဂ္ဂိုလ်ရေး၊ လူမျိုးရေးနှင့် မသက်ဆိုင်ကြောင်း၊ ၎င်းတို့ တိုင်းရင်းသားလူငယ်များက ဗိုလ် ချုပ်အောင်ဆန်းအပေါ် လေးစား မှု၊ အသိအမှတ်ပြုမှုရှိကြောင်း သတင်းစာရှင်းလင်းပွဲကို ဦး ဆောင်သူများက ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်းပြော ကြားခဲ့သည့် တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စသည့် ကတိ ကဝတ်များကို အကောင်အထည် ဖော်နိုင်ခြင်းမရချိန်တွင် ဗိုလ်ချုပ် ရုပ်တု စိုက်ထူခြင်းက အနှစ်သာရ ရှိမည်မဟုတ်ဘဲ ကတိကဝတ်များ အကောင် အထည်ဖော်နိုင်ချိန် တွင် တိုင်းရင်းသားများ ကိုယ်တိုင် လိုလားစွာ စိုက်ထူပေးမည်ဖြစ် ကြောင်း နာဂလူငယ် ကိုတော့ရိန် က ပြောသည်။
‘‘ကတိကဝတ်တွေကို အကောင်အထည်ဖော်ပြီးမှ ဒေ သခံတွေ လိုလိုလားလား စိုက်ချင် ပါတယ်။ အဲဒီနေ့ကို ကျွန်တော်တို့ စောင့်နေပါတယ်’’ဟု ၎င်းကဆို သည်။လက်ရှိတွင် ဗိုလ်ချုပ်ကြေး ရုပ်တု စိုက်ထူခြင်းနှင့်ပတ်သက်၍ ကယားပြည်နယ် လွိုင်ကော်နှင့် စစ်ကိုင်တိုင်းဒေသကြီး ခန္တီးမြို့တို့ တွင် ကန့်ကွက်ဆန္ဒပြမှုများနှင့် ရင်ဆိုင်ရပြီး လွိုင်ကော်တွင် ရုပ် တုစိုက်ထူနိုင်ခြင်း မရှိသေးသော် လည်း ခန္တီးမြို့တွင် ဗိုလ်ချုပ်ကြေး ရုပ်ကို ဇူလိုင် ၂၁ ရက်၌ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ကိုယ်တိုင် ဖွင့် လှစ်ပေးခဲ့သည်။
ကယားပြည်နယ် အစိုးရ အဖွဲ့က ဗိုလ်ချုပ်ကြေးရုပ် စိုက် ထူရန် ဦးဆောင်တော့မည်မဟုတ် ဘဲ ပြည်သူများက ဆောင်ရွက်လို ပါက ကူညီပေးမည်ဟု ဝန်ကြီး ချုပ် ဦးအယ်လ်ဖောင်းရှိုက သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ပြောကြားထားသည်။
ပြည်နယ် ဝန်ကြီးချုပ်၏ အထက်ပါ ပြောကြားမှုသည် ပြည်နယ်လူထုအကြား ရန်တိုက် ပေးသလို ဖြစ်နေပြီး ရုပ်တုစိုက်ထူ ရန် ကြိုးပမ်းမှုများရှိပါက ဆက် လက် ကန့်ကွက်မည်ဟု ခွန်ဘား နတ်ဘုတ်က ပြောသည်။
‘‘ဒါပေမဲ့ ထိပ်တိုက်ဖြစ်စေ တဲ့ကိစ္စတွေ ပေါ်လာမယ်ဆိုရင် တော့ တတ်နိုင်သလောက် ရှောင် ရှားသွားမယ်။ ပြည်သူလူထု အချင်းချင်းအကြား သွေးကွဲစေတဲ့ ကိစ္စကို လိုလားတာမဟုတ်ဘူးဆို တာ တစ်ခါတည်း ရှင်းရှင်းလင်း လင်း ပြောချင်ပါတယ်’’ဟု ၎င်းက ဆိုသည်။
ဇူလိုင် ၃ ရက်တွင် လွိုင် ကော်မြို့ပေါ်၌ လူ ၁,၀၀၀ ကျော် ဖြင့် ဗိုလ်ချုပ်ရုပ်တု စိုက်ထူခြင်း ကိုကန့်ကွက်ကြောင်း ဆန္ဒထုတ် ဖော်ပွဲ၌ ရဲတပ်ဖွဲ့က တားမြစ်ရာ နှစ်ဖက် ရုန်းရင်းဆန်ခတ် ဖြစ်ပွား ခဲ့သည်။
လက်ရှိတွင် ပြည်နယ်အစိုးရ က ကန့်ကွက်မှု၌ ပါဝင်သည့် ဦးဆောင်သူ လူငယ် ၂၃ ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ငြိမ်းစုစီပုဒ်မများဖြင့် လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်တို့၌ တရားစွဲဆိုထားသည်။
=======================
251 / End
ကယားပြည်နယ်ဝန်ကြီးချုပ် ပြောကြားချက်သည် ပြည်သူချင်း ရန်တိုက်ပေးသလိုဖြစ်ဟု ကရင်နီပြည်လူငယ်များပြော ထိပ်တိုက်တွေ့မှုများကို တတ်နိုင
၂၅ ဇူလိုင် ၂၀၁၈ - ၁၂:၁၉
News ID: 903018
တိုင်းရင်းသားပြည်နယ် များတွင် ဗိုလ်ချုပ်ရုပ်တု စိုက်ထူ ခြင်းသည် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ထိခိုက်စေ ကြောင်း ကရင်နီပြည်လူငယ်များ က ပြောသည်။