အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မာမွတ် အလီဟာ ဘင်္ဂါလီအရေး ဆွေးနွေးဖို့အတွက် မြန်မာနိုင်ငံကို လာရောက်မယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရတဲ့ ဘင်္ဂါလီ မျိုးနွယ်စုတွေ ပြန်လည် လက်ခံနေရာချရေးနဲ့ ပတ်သက်ပြီး အလီက မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ဖက်က ကြေညာထားပါတယ်။
မြန်မာနိုင်ငံမှာ ဩဂုတ် ၉ ရက်ကနေ ၁၂ ရက်ထိ ရောက်ရှိနေစဉ်အတွင်း အလီဟာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ အပါအဝင် မြန်မာအစိုးရ ထိပ်တန်း အရာရှိတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။
အလီဟာ စင်ကာပူ လေကြောင်း ခရီးစဉ်နဲ့အတူ ဩဂုတ် ၈ ရက် ညပိုင်းမှာ ဒါကာမြို့တော်ကနေ ထွက်ခွာသွားတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လကစလို့ ရခိုင်ပြည်နယ်ဖက်ကနေ တိမ်းရှောင်လာတဲ့ ဘင်္ဂါလီ မျိုးနွယ်စု ခုနစ်သိန်း နီးပါးကို လက်ခံထားရကြောင်း အရေးဆိုထားပါတယ်။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတွေကြားမှာ ဘင်္ဂါလီတွေကို ပြန်လည် လွှဲပြောင်း နေရာချရေးနဲ့ ပတ်သက်လို့ နားလည်မှု လက်မှတ် ရေးထိုးထားပြီး ဖြစ်ပေမယ့် နိုင်ငံတကာက ဘင်္ဂါလီမျိုးနွယ်စုတွေ ဘေးကင်းကင်း၊ ဂုဏ်သိက္ခာရှိရှိ နေရပ် ပြန်နိုင်ရေး သေချာအောင် စီမံပေးဖို့ တောင်းဆိုနေပါတယ်။
=======================
251 / End
၁၃ ဩဂုတ် ၂၀၁၈ - ၀၁:၃၀
News ID: 905233
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မာမွတ် အလီဟာ ဘင်္ဂါလီအရေး ဆွေးနွေးဖို့အတွက် မြန်မာနိုင်ငံကို လာရောက်မယ်လို့ သိရပါတယ်။