၂၂ ဩဂုတ် ၂၀၁၈ - ၁၅:၂၅
မန္တလေးကျောက်ဝိုင်းကို တရုတ်သံအမတ် သွားရောက်လေ့လာ

မန္တလေးမြို့ မဟာ အောင်မြေကျောက်မျက်ရောင်း ဝယ်ရေးစခန်း (ကျောက်ဝိုင်း) သို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ် လာရောက်လေ့လာ၍ လိုအပ်သည်များ ဖြည့်ဆည်း ပေးမည်ဟု ပြောကြားကြောင်း ကျောက်ဝိုင်းအကျိုးတော်ဆောင် ကော်မတီ အတွင်းရေးမှူး ဦးမျိုး မြင့်နိုင်က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 မန္တလေးမြို့ မဟာ အောင်မြေကျောက်မျက်ရောင်း ဝယ်ရေးစခန်း (ကျောက်ဝိုင်း) သို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ် လာရောက်လေ့လာ၍ လိုအပ်သည်များ ဖြည့်ဆည်း ပေးမည်ဟု ပြောကြားကြောင်း ကျောက်ဝိုင်းအကျိုးတော်ဆောင် ကော်မတီ အတွင်းရေးမှူး ဦးမျိုး မြင့်နိုင်က ပြောသည်။

မဟာအောင်မြေ ကျောက် မျက်ရတနာရောင်းဝယ်ရေးစခန်း သို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံသံအမတ် မစ္စတာ ဟုန်လျန် သည် ဩဂုတ် ၂၁ ရက် နံနက်က လာရောက်လေ့လာခဲ့သည်။

‘‘ကျောက်ဝိုင်းစဖွင့်ပြီးက တည်းကတော့ တရုတ်နိုင်ငံက အ ဆင့်မြင့်အရာရှိတစ်ဦး ကျောက်ဝိုင်းကိုလာတာ ဒါပထမဆုံးအ ကြိမ်ပဲ။ မန္တလေးမှာ ဒီလောက်ကြီး တဲ့ ကျောက်ဝိုင်းရှိမယ်လို့ သူ့အ နေနဲ့ မထင်ဘူး ပြောသွားတယ်’’ ဟု ဦးမျိုးမြင့်နိုင်က ပြောသည်။

မဟာအောင်မြေကျောက် မျက်ရောင်းဝယ်ရေးစခန်းကို ၂၀၀၁ တွင် စတင်ဖွင့်လှစ်ခဲ့ကာ အဓိကဈေးကွက်မှာ တရုတ်နိုင်ငံ ဖြစ်ပြီး နေ့စဉ် တရုတ်နိုင်ငံသား ၂,၀၀၀ ခန့် လာရောက်ရောင်း ဝယ်နေသည်။

‘‘တရုတ်နိုင်ငံသားတွေကို လည်း ကျောက်ဝယ်ရတာ အဆင်ပြေ၊ မပြေမေးတယ်။ နောက်တစ် ခုကတော့ ဆေးဆိုးကျောက်ကိစ္စ နဲ့ပတ်သက်ပြီး မေးတယ်။ ဆေး ဆိုးကျောက်ကိစ္စကိုတော့ ဖမ်းဆီး တာတွေကြောင့် နည်းလာတယ် လို့ ပြန်ရှင်းပြခဲ့တယ်’’ဟု ဦးမျိုး မြင့်နိုင်က ဆက်လက်ပြောသည်။

မဟာအောင်မြေ ကျောက် မျက်ရောင်းဝယ်ရေး စခန်းအ တွက် လိုအပ်သည်များ ဖြည့်ဆည်းပေးမည်ဟု ပြောကြားသော်လည်း မည်သည့်အပိုင်းများကို ဖြည့် ဆည်းပေးမည်ဟု အတိအကျ ပြောကြားခြင်းမရှိကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ကျောက် စိမ်းအဓိကရောင်းဝယ်သည့် ဈေး အဖြစ် မြစ်ကြီးနား၊ မန္တလေးနှင့် စစ်ကိုင်းမြို့၌ တည်ရှိပြီး မန္တလေးမြို့ရှိ မဟာအောင်မြေ ကျောက် မျက်ရောင်းဝယ်ရေးစခန်းသည် အကြီးဆုံးနှင့် ကျောက်စိမ်းရောင်းဝယ်ရာ အဓိကနေရာဖြစ်သည်။

=======================
251 / End