၃၀ ဩဂုတ် ၂၀၁၈ - ၁၄:၃၄
သမ္မတဦးဝင်းမြင့် နီပေါသမ္မတနှင့် ၀န်ကြီးချုပ်တို့ကို သီးခြားစီတွေ့ဆုံ  သမ္မတဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့သည် လုမ္ဗိနီဥယျာဉ်

သမ္မတဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့သည် လုမ္ဗိနီဥယျာဉ်တော်အတွင်းရှိ ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူရာနေရာကို ယမန်နေ့က သွားရောက်နေစဉ်

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

သမ္မတဦးဝင်းမြင့်သည်  နီပေါသမ္မတ မစ္စစ်ဘီဒီယာဒေဗီ ဘန်ဒါရီနှင့် ၀န်ကြီးချုပ်မစ္စတာခရက်ဒါပရာဆက်အိုလီတို့ကိုယမန်နေ့တွင် သီးခြားစီတွေ့ဆုံခဲ့ ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်သည်။သမ္မတ ဦးဝင်းမြင့်သည် ယနေ့ (သြဂုတ် ၃၀ ရက်) တွင် စတင်ကျင်းပမည့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးကို တက်ရောက်မည်ဖြစ် သည်။ ခတ္တမန္ဒူမြို့၌ နှစ်ရက်တာ ကျင်းပမည့် အဆိုပါထိပ်သီးအစည်းအဝေးသို့ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့်  ဘင်္ဂလားဒေ့ရှ်၊ ဘူ တန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့က အကြမ်းဖက်မှုတုံ့ပြန်ရေး၊ ဒေသ တွင်းနိုင်ငံများအကြားဆက်ဆံ ရေးတိုးမြှင့်ရေးနှင့် ကုန်သွယ်မှု မြှင့်တင်ရေးကိစ္စရပ်များကို အဓိ ကထားဆွေးနွေးရန်ရည်ရွယ်ထားသည်။

=======================
251 / End