အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်သည် ဟနွိုင်းမြို့၌ ကျင်းပမည့် အာဆီယံဒေသဆိုင် ရာ (၂၇) ကြိမ်မြောက် ကမ္ဘာ့စီးပွား ရေးဖိုရမ်သို့ တက်ရောက်ရန် ယမန်နေ့တွင် ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိသည်။
ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်စွမ်းဖု၏ ဖိတ်ကြားချက်အရ သုံးရက်ကြာခရီးစဉ်သွားရောက် သည့် ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီး ဦးသောင်း ထွန်း၊ အပြည်ပြည်ဆိုင်ရာပူး ပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦး ကျော်တင်၊ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဒုဝန်ကြီး ဦးဆက်အောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ လိုက်ပါ ကြောင်း အတိုင်ပင်ခံရုံး ထုတ် ပြန်ချက်၌ ဖော်ပြသည်။
ဟနွိုင်းမြို့၌ စက်တင်ဘာ ၁၁ ရက်ကစတင်ကာ သုံးရက်ကြာကျင်းပမည့် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ အာဆီယံနိုင်ငံ့ခေါင်းဆောင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်များ တက်ရောက်မည် ဖြစ်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ပြီးခဲ့သည့် ဧပြီတတိယပတ်အတွင်းက ဗီယက်နမ်နိုင်ငံသို့ နှစ်ရက်ကြာသွားရောက်ခဲ့ပြီး နှစ် နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ ပို့ ဆောင်ရေး၊ စွမ်းအင်နှင့် ဆက် သွယ်ရေး၊ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း၊ ပညာရေးစသည့် ကဏ္ဍ စုံတွင် ပူးပေါင်းဆောင်ရွက်မှုတိုး မြှင့်ရေး၊ ပြည်သူများအကြား အ ပြန်အလှန်ထိတွေ့ဖလှယ်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့ အစည်းများတွင် ပူးပေါင်းဆောင် ရွက်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ် များ ဆွေးနွေးခဲ့သည်။
ထို့အပြင် ယင်းခရီးစဉ်အ တွင်း မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံ အကြား စာတိုက်၊ ဆက်သွယ် ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍပူးပေါင်းဆောင် ရွက်မှုဆိုင်ရာ နားလည်မှုစာချွန် လွှာနှင့် ပြန်ကြားရေးကဏ္ဍပူး ပေါင်းဆောင်ရွက်မှုဆိုင်ရာနား လည်မှုစာချွန်လွှာတို့ ရေးထိုးခဲ့ သည်။
=======================
251 / End
၁၁ စက်တင်ဘာ ၂၀၁၈ - ၁၈:၂၀
News ID: 908926
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်သည် ဟနွိုင်းမြို့၌ ကျင်းပမည့် အာဆီယံဒေသဆိုင် ရာ (၂၇) ကြိမ်မြောက် ကမ္ဘာ့စီးပွား ရေးဖိုရမ်သို့ တက်ရောက်ရန် ယမန်နေ့တွင် ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိသည်။