၁၂ စက်တင်ဘာ ၂၀၁၈ - ၁၇:၂၀
မူးယစ်ဆေးဝါးများ ပြည်တွင်းတွင် ပျံ့နှံ့နေခြင်းသည် အာဏာအ၀န်းအ၀ိုင်းနှင့် မကင်းရာမကင်းကြောင်းများပါဝင်ပတ်သက်နေဟု လွှတ်တော်အမတ်ပြော

ဝေးလံသည့်ဒေ သများမှ ပြည်တွင်းသို့လမ်း ကြောင်းအစုံဖြင့် မူးယစ်ဆေးဝါး များ ရောက်ရှိနေခြင်းသည် မြန် မာနိုင်ငံ၏လုံခြုံရေးနှင့်တရားဥပ ဒေစိုးမိုးမှုပျက်ယွင်းနေခြင်းကို မီး မောင်းထိုးပြနေပြီး လုံခြုံရေးနှင့် ဥပဒေစိုးမိုးရေးတာဝန်ရှိသူများ၊ အာဏာအ၀န်းအ၀ိုင်းနှင့် မကင်း ရာမကင်းကြောင်းများ ပါဝင်ပတ် သက်နေကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းထွန်းဦးက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ဝေးလံသည့်ဒေ သများမှ ပြည်တွင်းသို့လမ်း ကြောင်းအစုံဖြင့် မူးယစ်ဆေးဝါး များ ရောက်ရှိနေခြင်းသည် မြန် မာနိုင်ငံ၏လုံခြုံရေးနှင့်တရားဥပ ဒေစိုးမိုးမှုပျက်ယွင်းနေခြင်းကို မီး မောင်းထိုးပြနေပြီး လုံခြုံရေးနှင့် ဥပဒေစိုးမိုးရေးတာဝန်ရှိသူများ၊ အာဏာအ၀န်းအ၀ိုင်းနှင့် မကင်း ရာမကင်းကြောင်းများ ပါဝင်ပတ် သက်နေကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းထွန်းဦးက ပြောသည်။

စက်တင်ဘာ ၁၂ ရက်က ကျင်းပသည့်အမျိုးသားလွှတ် တော်အစည်းအဝေး၌ နိုင်ငံအနှံ့ အလွယ်တကူ ၀ယ်ယူရရှိနေ သော မူးယစ်ဆေးဝါးများထိန်း ချုပ်ရန်အစီအစဉ်ရှိ၊ မရှိ မေးခွန်း မေးမြန်းရာတွင် အထက်ပါအ မတ်က ယင်းသို့ထည့်သွင်းပြော ကြားခဲ့သည်။

‘‘ဆေးပြားသန်းနဲ့ချီပြီး ဖမ်း မိရင်ပိုင်ရှင်မဲ့ဖြစ်နေတာ၊ အရင်း အမြစ်ထုတ်လုပ်ရောင်းချနေတဲ့ အဖွဲ့အစည်းတွေ၊ မူးယစ်ရာဇာ ကြီးတွေကို ဖော်ထုတ်ဖမ်းဆီးနိုင် ခြင်းမရှိဘဲ ကိုင်းဖျားကိုင်းနားလေး တွေကိုပဲ ဖမ်းမိနေတာဟာကာလ ရှည်ကြာပါပြီ’’ ဟု ဦးထွန်းထွန်းဦး က ပြောသည်။

ထို့ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မူးယစ် ဆေးဝါးရောင်းဝယ်ဖောက်ကား နေမှုများကို သာမန်နှိမ်နင်းရုံဖြင့် ထိရောက်အောင်မြင်မည်မဟုတ် သောကြောင့် စစ်ဆင်ရေးတစ်ရပ် အနေဖြင့်လည်းကောင်း၊ အထူး အစီအမံတစ်ရပ်အနေဖြင့်လည်း ကောင်း ပြတ်ပြတ်သားသားချေ မှုန်းဆောင်ရွက်မှသာလျှင်အောင်  မြင်မည်ဖြစ်ကြောင်း ၎င်းကပြော သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးတပ်ဖွဲ့ကို ၂၀၁၃ ဩဂုတ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ တပ် ဖွဲ့ခွဲသုံးခွဲ၊ တပ်ဖွဲ့စု ၅၀ အထိ ဖွဲ့စည်းထားသည်ဟု ပြည်ထဲရေး ဒုဝန်ကြီးဗိုလ်ချုပ်အောင်သူက ယင်းမေးခွန်းကို ပြန်လည်ရှင်း လင်းသည်။ ထို့အပြင် တိုင်းနှင့် ပြည်နယ်၊ နေပြည်တော်ကောင် စီနယ်မြေရဲတပ်ဖွဲ့များနှင့် ပူး ပေါင်း၍ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့်တင်ဆောင်ရွက်နေ ကြောင်း ၎င်းကဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာနအ နေဖြင့် ဖမ်းဆီးမှုများအပြင် နိုင်ငံ တော်သမ္မတရုံးအစီအစဉ်ဖြင့် အ ထူးသတင်းပေးတိုင်ကြားရေးဌာန ဖွင့်လှစ်ကာ အုပ်ချုပ်မှုလမ်း ကြောင်းအတိုဆုံးဖြင့် ဖမ်းဆီးနေ ပြီး မူးယစ်ဆေးဝါးများ တားဆီး နှိမ်နင်းရေးလုပ်ငန်းအပြင် ထုတ် လုပ်မှုလျှော့ချရေး၊ အစားထိုးဖွံ့ ဖြိုးရေး၊ သုံးစွဲ မှုလျှော့ချရေးတို့ ဆောင်ရွက်နေကြောင်း ဒုဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောသည်။

‘‘မူးယစ်ဆေးဝါးဖမ်းဆီးနှိမ် နင်းရေးအတွက် ခေတ်မီရှာဖွေ ရေးစက်ကိရိယာများတပ်ဆင် ပေးခြင်းများဆောင်ရွက်ပေးခဲ့ပေ မယ့်လည်း ကုန်တင်ကားကြီးများ၊ ဆီဘောက်ဆာကားများနဲ့ လူနာ တင်ယာဉ်များဖြင့် သယ်ဆောင် ခြင်းများရှိခဲ့ပြီး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့အ နေဖြင့် ကုန်ပစ္စည်းများအားလုံး ချ၍ စစ်ဆေးရန်အခက်အခဲရှိပါ တယ်’’ ဟု ဒုဝန်ကြီးကပြောသည်။

အဆိုပါအခက်အခဲများ ဖြေ ရှင်းနိုင်ရန် ယာဉ်များ၏ဘန်ပါ၊ အိတ်ဇော၊ တံခါး၊ ဒက်ရှ်ဘုတ်၊ ထိုင်ခုံ၊တာယာနှင့် ကြမ်း ခင်းတို့ ကို စစ်ဆေးနိုင်သည့်နှစ်လက်မ (၂ မီလီမီတာ)ထုကို ဖောက် ထွင်းစစ်ဆေးနိုင်သော ခေတ်မီ လက်ကိုင်စစ်ဆေးရှာဖွေရေးကိ ရိယာခုနစ်ခုကို စစ်ဆေးရေးစခန်း များတွင် ၂၀၁၈ ဩဂုတ်က စတင် ပြီးတပ်ဆင်အသုံးပြုနေကြောင်း ပြည်ထဲရေးဒုဝန်ကြီးက လွှတ် တော်သို့ရှင်းပြသည်။

ထို့အပြင် မူးယစ်ဆေးဝါး များကို ကုန်တင်ကားကြီးများဖြင့် ၀ှက်ယူသယ်ဆောင်လာခြင်းကို စစ်ဆေးရန် ကားတစ်စီးလုံးစစ် ဆေးနိုင်သည့် X-ray စက်ကြီး များတပ်ဆင်ရန် ဆောင်ရွက်နေ ကြောင်း ဒုဝန်ကြီးက ပြောသည်။

‘‘မူးယစ်ဆေးဝါးက ပေါများ ရုံတင်မကဘဲ လွယ်လွယ်ကူကူ ၀ယ်လို့ရနေတယ်။ အခုဒေါ်လာ ဈေးတက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး တခြားကုန်ပစ္စည်းတွေတက် တယ်။ မူးယစ်ဆေးဝါးက ဈေးကျ နေတယ်။ အဲဒီတော့ ဒါကရည် ရွယ်ချက်နဲ့ကို တမင်လုပ်တာ’’ ဟု  မေးခွန်းမေးမြန်းသည့် ဦး ထွန်းထွန်းဦးက လွှတ်တော်အ စည်းအဝေးခေတ္တရပ်နားစဉ် မီဒီ ယာများအား ပြောသည်။

=======================
251 / End