အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ကမ္ဘာ့ဂုဏ်ဆောင်အလင်း ရောင်ဆု ပေးအပ်ချီးမြှင့်ခြင်း သည် ၎င်း၏ ယုံကြည်ချက်ကို မြှင့်တင်ပေးခြင်းဖြစ်ပြီး မည်သည့် မျှော်လင့်ချက်မျှ မပါဝင်ကြောင်း လန်ဒန်ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။
ဆရာတော် ဦးဥတ္တရ ဦးဆောင်သည့် ဥရောပ-မြန်မာ ဗုဒ္ဓသာသနာပြုအသင်းက နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတဟောင်း ဦးထင်ကျော်တို့ ကို ကမ္ဘာ့ဂုဏ်ဆောင်အလင်း ရောင်ဆုနှင့် အာရှဂုဏ်ဆောင် အလင်းရောင်ဆုများ ချီးမြှင့်သည့် အခမ်းအနားကို ယမန်နေ့က ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်ခဲ့သည်။
ဂုဏ်ထူးဆောင်ပေးအပ်ပွဲ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နှင့် သမ္မတဟောင်း ဦးထင်ကျော်တို့ကိုယ်တိုင် ဆု လက်ခံရယူခြင်း မရှိသော်လည်း ဂုဏ်ပြုဆုများကို ၎င်းတို့ထံ ပေးပို့မည်ဖြစ်ကြောင်း ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။
အဆိုပါ ဂုဏ်ထူးဆောင်ဆု များကို ၂၀၁၆ တွင် ပေးအပ်ရန် ဆုံးဖြတ်ခဲ့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် ဆုချီးမြှင့်ပေး အပ်နိုင်ခြင်းမရှိကြောင်း ဆရာတော် ဦးဥတ္တရက ရှင်းပြသည်။
ယခုနှစ်တွင် ကျရောက် သည့် ဆရာတော် ဦးဥတ္တရ၏ သက်တော်(၆၀)ပြည့် မွေးနေ့အ ထိမ်းအမှတ်အဖြစ် ဆုချီမြှင့်ခြင်း ဖြစ်သည့်အပြင် နိုင်ငံတကာက ပေးအပ်ထားသည့် ဂုဏ်ပြုဆုများ ပြန်လည် ရုပ်သိမ်းခံနေရချိန်တွင် အတိုင်ပင်ခံပုဂ္ဂိုလ်၏ ယုံကြည် ချက်ကို မြှင့်တင်ပေးရန် ရည်ရွယ် ကြောင်း ဆရာတော်က မိန့်ကြား သည်။
‘‘အခု ဒီနေ့ပေးတဲ့ဆုက မျှော်လင့်ချက် ဘာမှမပါဘူး။ ယုံ ကြည်ချက်ကို မြှင့်တင်ပေးတာ ဖြစ်တယ်။ နိုင်ငံခြားမှာ ရောက် နေကြတဲ့ မြန်မာလူမှုအသိုင်းအ ဝိုင်းက ကိုယ့်ခေါင်းဆောင်ကို ယုံ ယုံကြည်ကြည်နဲ့ပေးတဲ့ဆု၊ သူ များတွေ ဆုရုပ်သိမ်းနေတဲ့အခါ မှာ တို့က ဒီဆုကို ပေးခြင်းအား ဖြင့် ယုံကြည်ချက်ကို မြှင့်တင်ပေး တဲ့သဘောပဲ’’ဟု ဆရာတော်က မိန့်ကြားသည်။
လန်ဒန်ဆရာတော် ဦးဥတ္တရ ဦးဆောင်သော ဥရောပ-မြန်မာ ဗုဒ္ဓသာသနာပြုအသင်းအနေဖြင့် ၂၀၀၃ ကစတင်ကာ အများအကျိုးဆောင်ရွက်သည့် နယ်ပယ်အသီး သီးမှ လူပုဂ္ဂိုလ်များကို ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကာ ကဗျာ ဆရာကြီးတင်မိုး၊ ဦးမင်းကိုနိုင်၊ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူတို့ကိုလည်း ဂုဏ်ပြု ဆုများ ပေးအပ်ထားသည်။
ဒေါ်အောင်ဆန်းစုကြည် နေ အိမ်အကျယ်ချုပ် ကျခံနေရစဉ် ကာလအတွင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဆု ချီးမြှင့်ခဲ့ရာ ယခုတစ်ကြိမ်သည် ဒေါ်အောင်ဆန်း စုကြည်ကို ဒုတိယအကြိမ် ဂုဏ်ထူးဆောင်ဆု ပေးအပ်ခြင်းဖြစ် သည်။
ပြီးခဲ့သည့် အစိုးရလက် ထက် ၂၀၁၂ တွင် သမ္မတ ဦးသိန်း စိန်ကို မြန်မာ့ငြိမ်းချမ်းရေးဆုပေးအပ်ခဲ့သည်။
ထို့အပြင် ဒီချုပ်အစိုးရသက်တမ်း ၂ နှစ်ခန့်အထိ သမ္မတတာဝန်ထမ်းဆောင်ခဲ့သည့် ဦးထင် ကျော်ကိုလည်း ဥရောပ-မြန်မာ ဗုဒ္ဓသာသနာပြုအသင်းက အာရှ ဂုဏ်ဆောင် အလင်းရောင်ဆု ပေးအပ်ခဲ့သည်။
=======================
251 / End
ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ဂုဏ်ဆောင်အလင်းရောင်ဆု ချီးမြှင့်ခံရ နိုင်ငံတကာဆုများ ပြန်လည်ရုပ်သိမ်းနေချိန်တွင် ယုံကြည်မှု မြှင့်တင်ပေး
၁၄ အောက်တိုဘာ ၂၀၁၈ - ၁၈:၂၀
News ID: 912807
နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ကမ္ဘာ့ဂုဏ်ဆောင်အလင်း ရောင်ဆု ပေးအပ်ချီးမြှင့်ခြင်း သည် ၎င်း၏ ယုံကြည်ချက်ကို မြှင့်တင်ပေးခြင်းဖြစ်ပြီး မည်သည့် မျှော်လင့်ချက်မျှ မပါဝင်ကြောင်း လန်ဒန်ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။