အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်၏ အထူးကိုယ်စား လှယ်သည် ကချင်ပြည်နယ်အစိုး ရအဖွဲ့နှင့် မြောက်ပိုင်းတိုင်း စစ် ဌာနချုပ် (မပခ) တိုင်းမှူးတို့ကို ယမန်နေ့တွင် သီးခြားစီတွေ့ဆုံခဲ့ ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ကသတင်းထုတ်ပြန်သည်။
ကုလအထူးကိုယ်စားလှယ် မစ္စစ်ခရစ္စတင်းရှယန်နာဘာဂီနာ သည် ကချင်ပြည်နယ် မြစ်ကြီး နားမြို့သို့ ယမန်နေ့တွင်ရောက်ရှိ ပြီးဝန်ကြီးချုပ် ဒေါက်တာခက် အောင်အပါအ၀င် ပြည်နယ်အစိုး ရအဖွဲ့ဝင်များနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် IDP (စစ်ဘေး ဒုက္ခသည်) စခန်းကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက် ၌ဖော်ပြသည်။
ဆက်လက်၍ ကုလအထူး ကိုယ်စားလှယ်သည် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ် ချုပ်တေဇာအောင်နှင့် တပ်မ တော်အရာရှိများကို တွေ့ဆုံခဲ့ သည်ဟုဆိုသည်။
အောက်တိုဘာ ၁၀ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကုလအထူးကိုယ်စားလှယ်သည် နေပြည်တော်၌ နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးစသည့် ပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့သည်။
ထို့နောက်၎င်းသည် ရခိုင် ပြည်နယ်မြောက်ပိုင်းသို့လေးရက် ကြာသွားရောက်ခဲ့ပြီး ကချင်ပြည် နယ်သို့ပထမဆုံးအကြိမ်ရောက် ရှိနေခြင်းဖြစ်သည်။
=======================
251 / End
၁၇ အောက်တိုဘာ ၂၀၁၈ - ၁၈:၁၀
News ID: 913253
ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်၏ အထူးကိုယ်စား လှယ်သည် ကချင်ပြည်နယ်အစိုး ရအဖွဲ့နှင့် မြောက်ပိုင်းတိုင်း စစ် ဌာနချုပ် (မပခ) တိုင်းမှူးတို့ကို ယမန်နေ့တွင် သီးခြားစီတွေ့ဆုံခဲ့ ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ကသတင်းထုတ်ပြန်သည်။