၉ နိုဝင်ဘာ ၂၀၁၈ - ၁၄:၀၅
အာဆီယံ စီးပွားရေးနဲ့ ရင်းနှီးမြုပ်နှံမှု ထိပ်သီးဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဆွေးနွေးမယ်

စင်ကာပူမှာကျင်းပမယ့် အာဆီယံ စီးပွားရေးနဲ့ရင်းနှီးမြု ပ်နှံမှု ထိပ်သီးဆွေးနွေးပွဲ (ABIS 2018) မှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ အဓိကပါဝင်ဆွေးနွေးသူအဖြစ် ပါဝင်မယ်လို့ သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


စင်ကာပူမှာကျင်းပမယ့် အာဆီယံ စီးပွားရေးနဲ့ရင်းနှီးမြု ပ်နှံမှု ထိပ်သီးဆွေးနွေးပွဲ (ABIS 2018) မှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ  အဓိကပါဝင်ဆွေးနွေးသူအဖြစ် ပါဝင်မယ်လို့ သိရပါတယ်။
 
အဲဒီဆွေးနွေးပွဲကို စင်ကာပူဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်း က ဂုဏ်ထူးဆောင် ဧည့်သည့်တော်အဖြစ် ပါဝင်မှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ မလေးရှားဝန်ကြီး မဟာသီယာမိုဟာမက်နဲ့ ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာ တို့က အဓိက ပါဝင်ဆွေးနွေးကြမှာပါ။

ABIS 2018 ကိုတော့ နိုဝင်ဘာ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ ကျင်းပမယ်လို့ ပွဲအစီအစဉ်အရ သိရပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာတော့ အတိုင်ပင်ခံရုံးက ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူနိုင်ငံကို မကြာခင်မှာ သွားရောက်မယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်အရနိုဝင်ဘာ - ၁၁ ရက်ကနေ ၁၅ ရက်နေ့အထိ ကျင်းပမယ့် ထိပ်သီးအစည်းအဝေး နဲ့ဆက်စပ်အစည်းအဝေး  တွေကိုလည်းတက်ရောက်မယ်လို့သိရပါတယ်။

ဒီတကြိမ်ကျင်းပတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးဟာ ( ၃၃) ကြိမ်မြောက်ဖြစ်ပြီး  ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာကျင်းပခဲ့တဲ့ (၃၂ )ကြိမ်မြောက် အစည်းအဝေးကိုတော့   သမ္မတ ဦးဝင်းမြင့် သွားတက်ခဲ့တာပါ။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက စင်ကာပူ ဝန်ကြီးချုပ် မစ္စတာ လီရှန်လုံးရဲ့ ဖိတ်ကြားချက်အရ စင်ကာပူ ကို အလုပ်သဘော ချစ်ကြည်ရေးခရီး သွားရောက်ထားပါသေးတယ်။

အဲဒီခရီးစဉ်အတွင်းမှာတော့ စင်ကာပူက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံပြီးမြန်မာနိုင်ငံရဲ့စီပွားရေး မူဝါဒတွေနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေအကြောင်းဆွေးနွေးထားခဲ့ပါတယ်။

=======================
251 / End