အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အစိုးရနှင့် တစ် နိုင်ငံလုံး အပစ်ရပ်စဲရေး သဘော တူစာချုပ် (NCA) လက်မှတ်ထိုး ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) တို့ တွေ့ဆုံ၍ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်ဆိုင်ရာ အခက်အခဲများ ကျော်လွှားနိုင်ရေး ညှိနှိုင်းရာ ရလဒ်ကောင်းများ ရရှိသည်ဟု နှစ်ဖက်ကိုယ်စားလှယ်များက တွေ့ဆုံပွဲအပြီးတွင် သတင်းစာရှင်း လင်းသည်။
နိုဝင်ဘာ ၁၆ ရက် ညနေက ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ပြုလုပ်သည့် အလွတ်သဘောဆွေးနွေးပွဲသို့ အစိုးရဘက်က ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)နှင့် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးအပါအဝင် ငြိမ်းချမ်းရေးကော်မရှင် တာဝန်ရှိသူများ တက်ရောက်ပြီး RCSS ဘက်ကဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်ဦးဆောင်သည့်အဖွဲ့တက်ရောက်သည်။
အစိုးရနှင့် RCSS အကြား လက်ရှိဖြစ်နေသည့် အငြင်းပွားမှု များကို ပွင့်ပွင့်လင်းလင်းဆွေးနွေး ခဲ့သည်ဟု အစိုးရကိုယ်စားလှယ် ဦးဇော်ဌေးက ပြောသည်။
ယခင် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် RCSS ဥက္ကဋ္ဌတို့ တွေ့ ဆုံပွဲတွင် ဆွေးနွေးခဲ့သည့် အချက်များ အကောင်အထည်မဖော်နိုင် ခြင်းကိုလည်း ဆွေးနွေးသည်ဟု ၎င်းက ဆိုသည်။
‘‘အငြင်းပွားမှုတွေ ပြေလည် ပြီးတော့ ကျွန်တော်တို့ တကယ် NCA လမ်းကြောင်းအတိုင်း ဆက် ပြီးတော့ နှစ်ဦးနှစ်ဖက် နားလည်မှု ရှိရှိ သွားနိုင်ဖို့ ဘယ်လိုဆက်သွား မလဲဆိုတဲ့ နည်းလမ်းတွေ နှစ်ဖက် ပွင့်ပွင့်လင်းလင်းဆွေးနွေးတယ်’’ ဟု ဦးဇော်ဌေးက ပြောသည်။
နှစ်ဖက်အကြား ထပ်မံတွေ့ ဆုံဆွေးနွေးရန် ဆောင်ရွက်ရေး ဆွေးနွေးခဲ့သည်ဟု RCSS ကိုယ် စားလှယ် ဗိုလ်မှူးကြီး စိုင်းငင်းက ဆိုသည်။
‘‘ထစ်ငေါ့နေတဲ့၊ တစ်ဆို့နေ တဲ့ အပိုင်းတွေကို ကျော်ဖြတ်နိုင် ဖို့ အားလုံးအဆင်ပြေတဲ့ နည်း လမ်းတွေ ဆွေးနွေးခဲ့ပါတယ်။ ခြုံပြီးပြောရရင်တော့ ဒီနေ့ အ လွတ်သဘောဆိုပေမယ့်လည်း ကောင်းမွန်တဲ့ ရလဒ်တော့ ရတယ်လို့ ဆိုရမှာပေါ့။ ရှေ့လုပ်ငန်းစဉ် အတွက် အဆင်ပြေတယ်လို့ ပြောချင်ပါတယ်’’ဟု ၎င်းက ပြော သည်။
ဆွေးနွေးမှု အတိအကျကို လတ်တလော ထုတ်ဖော်ပြောဆို ရန် မရှိသေးဟု ဦးဇော်ဌေးက ဆို သည်။
ယခု အစိုးရကိုယ်စားလှယ် အဖွဲ့၏ ချင်းမိုင်ခရီးစဉ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) က ငြိမ်းချမ်းရေးဆိုင်ရာ တရားဝင်အစည်းအဝေးတွင် ပါဝင်မှု ယာယီရပ်ဆိုင်းထားကြောင်းနှင့် RCSS က ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) တွင် ပါဝင်မှု ယာယီရပ်ဆိုင်းကြောင်း မကြေညာမီကတည်းက စီစဉ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ စီစဉ်ရခြင်းမှာ ရည် ရွယ်ချက်သုံးရပ်ရှိသည်ဟု အစိုး ရကိုယ်စားလှယ် ဦးဇော်ဌေးက ပြောသည်။
‘‘NCA လမ်းကြောင်းကို သွားနေတဲ့အချိန်မှာ တစ်စုံတစ်ရာ အ နှောင့်အယှက်ထိခိုက်မှုတွေဖြစ် မှာ စိုးရိမ်တယ်။ စိုးရိမ်ချက် ကြောင့် ဒီခရီးစဉ်ကို ပြင်လာတာ ဖြစ်တယ်’’ဟု ဦးဇော်ဌေးက ခရီး စဉ်ရည်ရွယ်ချက်ကို ပြောပြ သည်။
ထို့အပြင် ဆွေးနွေးဖက်များ အကြား ပွင့်လင်းစွာ ဆွေးနွေး သည့် အခင်းအကျင်းရှိနေသော် လည်း တရားဝင်အစည်းအဝေး များတွင် ယခုကဲ့သို့ အလွတ် သဘောနှင့် မတူညီ၍ နှစ်ဖက် စိုးရိမ်မှုကို ပွင့်လင်းစွာ ဆွေးနွေး နိုင်ရန်နှင့် ထိုမှတစ်ဆင့် ယုံကြည် မှု ပြိုကွဲမှုဖြစ်မလာရေး ဆောင် ရွက်ရန်ဖြစ်ကြောင်း ၎င်းက ဆို သည်။
တစ်နာရီကျော် ကြာမြင့် သည့် တွေ့ဆုံမှုတွင် RCSS ကJMC တွင် ပါဝင်မှုရပ်ဆိုင်းထား ခြင်းကို အဓိကဆွေးနွေးခဲ့သည်ဟု အစိုးရဆွေးနွေးရေး ကိုယ်စား လှယ်အဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောသည်။
‘‘တစ်ဆို့တာတွေ ကျော်လွှားပြီးဖြစ်နိုင်ဖို့ နည်းလမ်းတွေ စဉ်း စားပြီး တာဝန်ရှိတဲ့လူကြီးတွေကို ပြန်တင်ပြပါမယ်’’ဟု ၎င်းက ဆို သည်။
အစိုးရကိုယ်စားလှယ်အဖွဲ့ အနေဖြင့် နိုဝင်ဘာ ၁၇ ရက်၊ ၁၈ ရက်များတွင် KNU, NCA မထိုးရသေးသည့် အဖွဲ့အစည်းများဖြစ်သော ကချင်လက်နက် ကိုင်အဖွဲ့ (KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)တို့နှင့် ဆက်လက်ဆွေးနွေးမည် ဖြစ်သည်။
=======================
251 / End
၁၅ နိုဝင်ဘာ ၂၀၁၈ - ၁၆:၁၂
News ID: 916679
အစိုးရနှင့် တစ် နိုင်ငံလုံး အပစ်ရပ်စဲရေး သဘော တူစာချုပ် (NCA) လက်မှတ်ထိုး ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) တို့ တွေ့ဆုံ၍ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်ဆိုင်ရာ အခက်အခဲများ ကျော်လွှားနိုင်ရေး ညှိနှိုင်းရာ ရလဒ်ကောင်းများ ရရှိသည်ဟု နှစ်ဖက်ကိုယ်စားလှယ်များက တွေ့ဆုံပွဲအပြီးတွင် သတင်းစာရှင်း လင်းသည်။