၁၅ နိုဝင်ဘာ ၂၀၁၈ - ၁၆:၄၁
 ဒေါ်လာများ စီးဝင်စေရန် နိုင်ငံခြားဘဏ်များကို ငွေချေးခွင့်ပြုခြင်းဖြစ် ဘဏ်အတိုးနှုန်း ဒေါ်လာနှင့်ကျပ်ငွေအတွက် နှစ်မျိုးသတ်မှတ်၊ အာမ

နိုင်ငံခြားဘဏ်များကို ငွေချေးခွင့်ပြုခြင်းသည် အမေရိကန် ဒေါ်လာအပါအဝင် နိုင်ငံခြားငွေများ ပြည်တွင်းသို့စီးဝင်လာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌဦးစိုးသိန်းက ပြောကြားလိုက်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


နိုင်ငံခြားဘဏ်များကို ငွေချေးခွင့်ပြုခြင်းသည် အမေရိကန် ဒေါ်လာအပါအဝင် နိုင်ငံခြားငွေများ ပြည်တွင်းသို့စီးဝင်လာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌဦးစိုးသိန်းက ပြောကြားလိုက်သည်။

ပြည်တွင်းစီးပွားရေးလုပ်ငန်းများတွင်လိုအပ်နေသည့် ဒေါ်လာအပါအဝင် နိုင်ငံခြားငွေများကို ပြည်တွင်းဘဏ်များမှ မဖြည့်ဆည်းပေး နိုင်သည့်အခြေအနေကို ပြောင်းလဲရန် ဗဟိုဘဏ်က စီစဉ်ခြင်းဖြစ်ကြောင်း နိုင်ငံခြားဘဏ်များကို ငွေချေးခွင့် ပြုလိုက်ခြင်းနှင့်ပတ်သက်၍ နိုဝင်ဘာ ၁၄ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌနှစ်ဦးက ရှင်းလင်းပြောကြားသည်။

ဘဏ်အတိုးနှုန်း

နိုင်ငံခြားဘဏ်များက ပြည် တွင်းစီးပွားရေးလုပ်ငန်းများသို့ ငွေချေးပါက ကန်ဒေါ်လာအပါ အဝင် နိုင်ငံခြားငွေဖြင့် ချေးငွေ ပေးနိုင်သည့်အပြင် ကျပ်ငွေနှင့် လည်း ချေးပေးနိုင်မည်ဟု ၎င်းတို့ က ပြောသည်။

ချေးငွေအပေါ် ဘဏ်အတိုး နှုန်းကို နှစ်မျိုး သတ်မှတ်ထား သည်။ ကန်ဒေါ်လာအပါအဝင် နိုင်ငံခြားငွေဖြင့် ချေးမည်ဆိုပါက နိုင်ငံတကာသတ်မှတ်သည့်အတိုး နှုန်းအတိုင်း ခွင့်ပြုပြီး ကျပ်ငွေဖြင့် ချေးမည်ဆိုပါက ဗဟိုဘဏ် ပြဋ္ဌာန်းထားသည့် အတိုးနှုန်းဖြစ် သော အများဆုံး ၁၃ ရာခိုင်နှုန်းဖြစ်သည်ဟု ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ပြောသည်။

နိုင်ငံတကာ ဘဏ်လုပ်ငန်း တွင် ငွေချေးယူသူ၏ ယုံကြည် နိုင်မှုအခြေအနေ၊ စီးပွားရေးလုပ် ငန်းများနှင့်ပတ်သက်၍ အောင်မြင်နိုင်မည့် အလားအလာများအပေါ် အခြေခံပြီး အတိုးနှုန်းသတ်မှတ်သည်ဟု ဆိုသည်။

ချေးငွေအတွက် အပေါင်ပစ္စည်း

နိုင်ငံခြားဘဏ်များမှ ငွေချေးမည်ဆိုပါက အာမခံအဖြစ် အ ပေါင်ပစ္စည်းကို ပြည်တွင်းဘဏ် များကဲ့သို့ မြေနှင့်အဆောက်အအုံ များကို ခွင့်မပြုပေ။ မြေနှင့် အ ဆောက်အအုံမှအပ ရွှေ၊ ငွေတိုက်စာချုပ်လုပ်ငန်းအခြေအနေ စသ ဖြင့် နိုင်ငံခြားဘဏ်များငွေချေး ပေးရန် လက်ခံသော ကျန်ပစ္စည်း အားလုံး အာမခံနိုင်သည်ဟု ဆိုသည်။

၁၉၈၇ ခန့်က ပြဋ္ဌာန်းခဲ့သော မရွှေ့ပြောင်းနိုင်သော ပစ္စည်းဥပ ဒေက ယနေ့အထိ အသက်ဝင်နေ ခြင်းကြောင့် မြေယာနှင့်အဆောက် အအုံများ အပေါင်ပစ္စည်းသတ် မှတ်ခြင်းကိုမူ ဗဟိုဘဏ်က ခွင့် မပြုပေ။

‘‘နိုင်ငံခြားဘဏ်တွေလက် ထဲကို ယာယီမြေနဲ့အဆောက်အ အုံတွေရောက်သွားရင် ဥပဒေအ ရ၊ နိုင်ငံရေးအရ၊ လူမှုရေးအရ ရှုပ်ထွေးမှုတွေဖြစ်လာမှာကို စိုး ရိမ်ရတယ်။ ဒါကြောင့် ဒီတစ်ခုကို တော့ ကန့်သတ်ထားတာပါ’’ ဟု ဦးစိုးသိန်းက ပြောသည်။

မြေနှင့်အဆောက်အအုံများ ကို အပေါင်ပစ္စည်းအဖြစ် ဗဟို ဘဏ်က ခွင့်မပြုသော်လည်း ရွှေ အပါအဝင် အစိုးရ၏ငွေတိုက်စာ ချုပ်များ၊ ငွေတိုက်လက်မှတ်များ၊နိုင်ငံခြားငွေများ စသည်တို့ကို အာမခံထားပြီး ပြည်တွင်းစီးပွား ရေးလုပ်ငန်းရှင်များက ငွေချေး နိုင်မည်ဟု ၎င်းက ရှင်းပြသည်။

နိုင်ငံခြားဘဏ်ခွဲများကို ငွေ ချေးခွင့်ပြုရာတွင် မြေနှင့် အ ဆောက်အအုံများကို အာမခံ ပစ္စည်းအဖြစ် ဗဟိုဘဏ်က ခွင့်ပြု မည်ကို ပြည်တွင်းစီးပွားရေးလုပ် ငန်းရှင်အချို့က စိုးရိမ်ခဲ့သည်။

ထို့အပြင် ဗဟိုဘဏ်က အိမ် ခြံမြေကို အပေါင်ထားပြီး ငွေချေးသည့်စနစ်ကို ပြုပြင်ပြောင်းလဲလို နေသည်ဟုလည်း ဦးဘိုဘိုငယ်က ဆိုသည်။ ငွေချေးလိုသူများက ပြည်တွင်းဘဏ်များတွင် အာမခံအဖြစ် ထားရှိရန် အိမ်မြေများ ဆက်တိုက် ဝယ်ယူခြင်းကြောင့် မြန်မာနိုင်ငံ၏ အိမ်ခြံမြေ  ဈေးနှုန်းများ ဆက်တိုက် မြင့်တက်ခဲ့ ကြောင်း ၎င်းက ဆက်လက်ပြော သည်။

ကျပ်ငွေဖြင့်ပါ ငွေချေးခွင့်ပြု

ပြည်တွင်း၌ ဖွင့်လှစ်ခွင့်ပြု ထားသည်မှာ လေးနှစ်ရှိပြီဖြစ် သော နိုင်ငံခြား ဘဏ်ခွဲများကို ပြည်တွင်းဘဏ်ဝန်ဆောင်မှုများ ခွင့်ပြုပေးရာတွင် ကျပ်ငွေဖြင့်ပါ ဗဟိုဘဏ်က ခွင့်ပြုထားသည်။ ပြည်တွင်းဘဏ်များမှ ကျပ်ငွေကို ချေးယူပြီး တစ်ဆင့်ပြန်လည်၍ ချေးနိုင်မည့် ဝန်ဆောင်မှုမျိုးကို  လုပ်ကိုင်နိုင်သည်ဟု  ဆိုသည်။

ထို့အပြင် ပြည်တွင်းဘဏ်များက နိုင်ငံခြားဘဏ်များထံမှဒေါ်လာချေးခြင်း၊ သို့မဟုတ် နိုင်ငံခြားဘဏ်များက ပြည်တွင်းဘဏ်များထံ ကျပ်ငွေချေးခြင်း စသဖြင့်ဘဏ်အချင်းချင်း ငွေချေးပါကလည်း ခွင့်ပြုသည်ဟုဆိုသည်။

ဗဟိုဘဏ်ကို တရားစွဲမည်ဟု ခြိမ်းခြောက်ခံရ

ယခုကဲ့သို့ နိုင်ငံခြားဘဏ် များကို ပြည်တွင်းဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ စတင်ခွင့်ပြုပေး သဖြင့် ဗဟိုဘဏ်ကို တရားစွဲမည် ဟု ခြိမ်းခြောက်မှုများကိုပင် ကြုံ ခဲ့ကြောင်း ဦးဘိုဘိုငယ်က သတင်း မီဒီယာများအား ထုတ်ဖော်ပြော ကြားသည်။

‘‘အမြဲတမ်း ဆန့်ကျင်တဲ့သူ တွေရှိတယ်။ မနေ့က လွှတ်တော် ထဲက ပါတီတစ်ခုရဲ့အမတ်တစ် ယောက်က ပြောတယ်။  ဗဟိုဘဏ်ကို တရားစွဲမယ်ဆိုတာ ပြော တယ်။ ဒါကို ဖွင့်ပေးလိုက်လို့ ပြောတယ်’’ဟု နိုင်ငံခြားဘဏ်များကို ငွေချေးခွင့်ပြုခြင်းနှင့်ပတ်သက်၍ ဦးဘိုဘိုငယ်က ပြောသည်။

ဗဟိုဘဏ်က နံနက်ပိုင်းတွင် နိုင်ငံခြားဘဏ်ခွဲများမှ တာဝန်ရှိ သူများ၊ မွန်းလွဲပိုင်းတွင် ပုဂ္ဂလိက ဘဏ်များနှင့် တွေ့ဆုံ၍ ရှင်းလင်းခဲ့ကြောင်း ဦးစိုးသိန်းက ပြောကြားသည်။

‘‘တန်းတူတော့ ယှဉ်ပြိုင်ရ မယ့်သဘောရှိတယ်။ ကိုယ်သ ဘောအရဆိုရင် ကိုယ့်ဈေးကွက်နဲ့ ကိုယ်ဖောက်သည် ရှိပြီးသားပါ။ ကြီးကြီးမားမားတော့ သက် ရောက်မှုမရှိပါဘူး’’ဟု ပထမပုဂ္ဂ လိကဘဏ် အမှုဆောင်အရာရှိ ချုပ် ဦးမြင့်ဇော်က ပြောသည်။

ပြည်တွင်းဘဏ်များလက်ခံဟုဆို

ထို့အပြင် ဗဟိုဘဏ်၏ ရှင်း ပြမှုများကို ဘဏ်အားလုံးက သဘောတူ လက်ခံသည်ဟု ဆို သည်။

‘‘ကမ္ဘာအရပ်ရပ်မှာ ဒီလိုပဲ ကျင့်သုံးနေကြတာပဲ။ ဗဟိုဘဏ် ရဲ့ စည်းမျဉ်းစည်းကမ်းအရ ဒီလို လုပ်တာ မှန်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဒေသတွင်း နိုင်ငံတွေ ဖြစ်တဲ့ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်တို့မှာလည်း ကျင့်သုံးနေတာပဲ။ ဒီသက်ရောက် မှုသိပ်မကြီးပါဘူး။ သူတို့က ချေး ရင်လည်း အထူးသဖြင့် ဒေါ်လာ နဲ့ ချေးမှာဆိုတော့ မြန်မာဘဏ် တွေ ကြောက်စရာ မလိုပါဘူး။ တရားမျှတဲ့ ယှဉ်ပြိုင်မှုပဲ ဖြစ်ပါ စေ’’ဟု အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ် အမှုဆောင်အရာရှိချုပ် ဒေါက် တာဇေယျာညွန့်က ပြောသည်။

နိုင်ငံခြားဘဏ်ခွဲများမှ ချေး ငွေရယူရေးသည် မြန်မာစီးပွား ရေးသမားများအတွက် စိန်ခေါ်မှု များရှိနေသည်။

သို့သော် နိုဝင်ဘာ ၈ ရက်က စတင်ပြီး ချေးငွေရယူခွင့်ပေးခဲ့သော်လည်း စီးပွားရေးလုပ်ငန်းများအနေဖြင့် အနည်းဆုံး ခြောက်လမှ တစ်နှစ်အတွင်း ပြင်ဆင်ရနိုင်ကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ နှစ်ဦးစလုံးက သုံးသပ်ပြောကြားသည်။

=======================
251 / End