အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများနှင့် ပတ် သက်၍ နိုင်ငံတကာ လွတ်လပ် သောစုံစမ်းစစ်ဆေးရေးအဖွဲ့ကို ၀င်ရောက်ခွင့်ပြုရေးပါဝင်သည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ကုလ သမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီ၌ မဲခွဲဆုံးဖြတ်အတည်ပြုကြောင်း ကုလသမဂ္ဂ က ယမန်နေ့ (နိုဝင်ဘာ ၁၇ရက်)တွင် ထုတ်ပြန်ကြေညာသည်။
အထက်ပါကော်မတီ အ စည်းအဝေးကို ကုလသမဂ္ဂဌာန ချုပ်၌ နိုဝင်ဘာ ၁၆ ရက်တွင် ကျင်းပရာ အတည်ပြုဆုံးဖြတ် ချက်အရ ညီလာခံက မြန်မာ နိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်မှုအားလုံးအပေါ် ရှုတ်ချပြီး နိုင်ငံတကာလွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ ၀င်ရောက်ခွင့်ပြုရေးနှင့် ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာ) မွတ်စလင်များအပေါ် အကြမ်းဖက်မှုကျူးလွန်သူများကို တာဝန်ခံမှုရှိစေရေး ဆောင်ရွက်ရမည်ဖြစ်သည်။
ယင်းဆုံးဖြတ်ချက်ကို နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြင်းထန်စွာကန့်ကွက်ခဲ့ သော်လည်း ထောက်ခံမဲ ၁၄၂ မဲ၊ကန့်ကွက်မဲ ၁၀ မဲ၊ ကြားနေမဲ ၂၆ မဲဖြင့် ကော်မတီက အတည် ပြုသည်။
ဆုံးဖြတ်ချက်သည် တစ်ဖက် သတ်ကျခြင်း၊ ဘက်လိုက်ခြင်း၊ အပြုသဘောဆောင်မှုကင်းမဲ့ ခြင်း၊ နိုင်ငံရေးလှုံ့ဆော်မှုရှိခြင်း နှင့် နိုင်ငံရေး၊ လူမှုစီးပွားရေးတိုး တက်ဖြစ်ပေါ်မှု အခြေအနေများ ကို အသိအမှတ်ပြုမှုမရှိခြင်းတို့ ကြောင့် ကန့်ကွက်ခြင်းဖြစ် ကြောင်း မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောသည်။
နိုင်ငံတစ်နိုင်ငံချင်းစီအပေါ် လူ့အခွင့်အရေးအခြေအနေ ဆုံး ဖြတ်ချက် အဆိုမူကြမ်းများ တင် သွင်းခြင်းသည် ယင်းနိုင်ငံများကို ရွေးချယ်ဖိအားပေးရန် နိုင်ငံရေး အရ ဆောင်ရွက်ချက်ဖြစ်ပြီး အဆိုမူကြမ်းတင်သွင်းသည့်နိုင်ငံများ ၏ ရန်လိုမှုနှင့် အာဏာရှင်ဆန်မှု ကို ရှင်းလင်းစွာ ပြသခြင်းဖြစ် ကြောင်း မြန်မာသံအမတ်ကြီးက ဆက်လက်ပြောသည်။
အထက်ပါ အဆိုမူကြမ်းကို အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)နှင့် ဥရောပသမဂ္ဂ(EU)တို့က တင်သွင်းခြင်းဖြစ်ပြီး ကော်မတီ၌ OIC ကိုယ်စား တူရကီနှင့် EU ကိုယ်စား သြစတြီးယားတို့က တင်သွင်းခြင်းဖြစ်သည်။
အဆိုမူကြမ်း၏ ၉၀ ရာခိုင် နှုန်းသည် ရခိုင်ပြည်နယ်ရှိ မွတ်စလင်များ၏ အခွင့်အရေးကို အသားပေးထားပြီး မြန်မာနိုင်ငံ၏ အပြုသဘောဆောင်သော နိုင်ငံရေးတိုးတက်မှုနှင့် လူမှုဘ၀ဖွံ့ဖြိုး တိုးတက်မှုများကို လျစ်လျူရှုထား သည်ဟု ဦးဟောက်ဒိုဆွမ်းက တုံ့ ပြန်သည်။
ထို့အပြင် မြန်မာအစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ရေး ကြိုးပမ်းမှုများကို ထည့်သွင်းဖော်ပြခြင်းမရှိဟု ၎င်းက ပြောကြား သည်။
လက်ရှိတွင် နေရပ်စွန့်ခွာသူ များ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အတွက် မြန်မာနှင့် ဘင်္ဂလား ဒေ့ရှ်တို့ ပူးတွဲသဘောတူညီမှုနား လည်မှုစာချွန်လွှာများ ရေးထိုး ဆောင်ရွက်နေပြီး ရခိုင်ပြည်နယ်ရှိ လူသားချင်းကူညီထောက်ထားမှုဆိုင်ရာ ပြဿနာကို ဖြေရှင်းရာ တွင် အဆိုမူကြမ်းက အထောက်အပံ့မဖြစ်စေနိုင်ဟု မြန်မာသံ အမတ်က ပြောကြားသည်။
ယင်းနောက် အဆိုမူကြမ်း သည် ရှုပ်ထွေးသည့်အခြေအနေ ကို ပိုမိုဆိုးရွားစေမည်ဖြစ်ကြောင်းနှင့် နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် ဆောင်ရွက်နေသည့် မြန်မာအစိုးရ၏ ကြိုးပမ်းမှုကို တားဆီးနှောင့် ယှက်ခြင်းဖြစ်ကြောင်း ဦးဟောက် ဒိုဆွမ်းက ဆက်လက်ပြောသည်။
အဆိုမူကြမ်းကို မြန်မာအပါ အ၀င် ဘယ်လာရုစ်၊ ဘူရွန်ဒီ၊ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ဖိလစ်ပိုင်၊ ရုရှား၊ ဗီယက်နမ်၊ ဇင်ဘာဘွေတို့က ကန့်ကွက်ခဲ့သည်။
တရုတ်သံအမတ်ကြီးက ရခိုင်ပြည်နယ်အရေးသည် ရှုပ် ထွေးသည့်သမိုင်းကြောင်းနှင့် မျိုး နွယ်စုဆိုင်ရာ အကြောင်းအရာ များရှိပြီး အပြုသဘောဆောင် သည့် ဆွေးနွေးပြောကြားမှု၊ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများ လိုအပ်ကြောင်း ထည့်သွင်းပြော ကြားသည်။ ထို့အပြင် ပြီးခဲ့သည့်အောက်တိုဘာတွင် နေရပ်စွန့်ခွာသူများပြန်လည် လက်ခံရေး မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ သဘောတူညီမှုရရှိပြီး နှစ်နိုင်ငံစလုံးက အဆိုပါဖြစ်စဉ်ကို ဖြေရှင်းနိုင်စွမ်းရှိကြောင်း ဆက်လက် ပြောကြားသည်။
ဗီယက်နမ်ကိုယ်စားလှယ် အဖွဲ့ကလည်း နိုင်ငံရေးအရ ဆောင်ရွက်မှု၊ တစ်ဖက်သတ်ဆန် မှုနှင့် ခွဲခြားမှုများပါဝင်သည့် နိုင်ငံတစ်နိုင်ငံအပေါ် သီးခြားဆုံးဖြတ်ချက်ကို ထောက်ခံမည်မဟုတ် ကြောင်းနှင့် လက်ရှိတွင် မြန်မာ အပေါ် ကုလသမဂ္ဂဆိုင်ရာ ယန္တရား အနည်းဆုံးခုနစ်ခုက စိစစ်နေခြင်းကို ထောက်ပြပြောဆို သည်။
ထို့အပြင် နိုင်ငံတကာ လွတ်လပ်သောစုံစမ်း စစ်ဆေးရေးအဖွဲ့ သည် ရုံးဝန်ထမ်း ၆၁ ဦးဖြင့် တစ်နှစ်ကုန်ကျငွေ ဘတ်ဂျက် ကန် ဒေါ်လာ ၂၆ သန်းကျော်သုံးစွဲမှုနှင့် ကုလသမဂ္ဂက ယင်းသို့ ပမာဏ များစွာ မည်သည့်အတွက်ကြောင့် သုံးစွဲမည်နည်းဟု ဗီယက်နမ်ကိုယ်စားလှယ်အဖွဲ့က မေးခွန်းထုတ် သည်။
စိတ်ခံစားမှုဇာတ်ကြောင်း များကို အခြေခံသည့် အဆိုမူကြမ်း သည် မြန်မာနိုင်ငံအပေါ် နိုင်ငံ တကာဖိအားများပိုမို ကျရောက် ရန်ရည်ရွယ်ပုံရကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်းရှိ မတူညီသည့်အသိုက်အ၀ိုင်းများအကြားသာ မက မြန်မာနိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀န်းများအ ကြား ယုံကြည်မှုကင်းမဲ့ခြင်း၊ စိတ်ဝမ်းကွဲခြင်းကို ပိုမိုဖြစ်ပေါ်စေနိုင် ကြောင်း ဦးဟောက်ဒိုဆွမ်းက ပြောသည်။
ယင်းအဆိုမူကြမ်းသည် ပဋိပက္ခအတွက် အဖြေ၊ နားလည်မှုနှင့် ပြန်လည်သင့်မြတ်ရေးကို ရှာဖွေရမည့်အစား ဒဏ်ခတ်လိုမှု နှင့် ပြစ်ဒဏ်ပေးလိုမှုတို့ဖြင့် ပြည့်နှက်နေကြောင်း ၎င်းက ဆက် လက်ပြောသည်။
ကုလသမဂ္ဂ အထွေထွေ ညီလာခံ တတိယကော်မတီသည် ၁၉၉၁ ကစ၍ အလားတူဆုံး ဖြတ်ချက် ၂၄ ခုကို ချမှတ်အ တည်ပြုခဲ့သော်လည်း မြန်မာအစိုးရက ယင်းဆုံးဖြတ်ချက်များကို ဆက်တိုက်ကန့်ကွက်ပယ်ချခဲ့ သည်။
=======================
251 / End
နိုင်ငံတကာလွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ မြန်မာသို့ ဝင်ရောက်ခွင့်ပြုရန် ကုလတတိယကော်မတီ မဲခွဲဆုံးဖြတ် မြန်မာက ပြင်းထန်စွာ ကန့်
၁၉ နိုဝင်ဘာ ၂၀၁၈ - ၁၅:၂၄
News ID: 917276
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများနှင့် ပတ် သက်၍ နိုင်ငံတကာ လွတ်လပ် သောစုံစမ်းစစ်ဆေးရေးအဖွဲ့ကို ၀င်ရောက်ခွင့်ပြုရေးပါဝင်သည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ကုလ သမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီ၌ မဲခွဲဆုံးဖြတ်အတည်ပြုကြောင်း ကုလသမဂ္ဂ က ယမန်နေ့ (နိုဝင်ဘာ ၁၇ရက်)တွင် ထုတ်ပြန်ကြေညာသည်။