အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဓမ္မဆရာဦးအောင်ထွန်းဦး(အလယ်) က ယမန်နေ့တွင် တောင်းပန်ပွဲ ပြုလုပ်ခဲ့သည်
စစ်ကိုင်းမြို့ မင်းကွန်း ကျေးရွာ မင်းကွန်းပုထိုးတော်ကြီး ပညာရေး အကယ်ဒမီကျောင်း တိုက်တွင် ခရစ်ယာန်ဘာသာဓလေ့များအတိုင်း ဦးဆောင်ဆု တောင်းခြင်းနှင့် ဟောပြောခြင်း များသည် တမင်ရည်ရွယ်ပြုလုပ် ခြင်းမဟုတ်ဘဲ ဖြစ်ခဲ့သည့် ကိစ္စ ရပ်များအားလုံးအတွက် အနူးအ ညွတ် တောင်းပန်ကြောင်း သိက္ခာ တော်ရဆရာဦးအောင်ထွန်းဦးက ပြောသည်။
ဒီဇင်ဘာ ၈ ရက်က မင်း ကွန်းပုထိုးတော်ကြီး ပညာရေးအ ကယ်ဒမီကျောင်းတိုက်ရှိ ကျောင်း သား၊ကျောင်းသူများကို ခရစ္စမတ် ပွဲအကြိုလှူဒါန်းရန် ကျောင်းအုပ် ဆရာတော်များထံတွင် ခွင့် တောင်းပြီး ခရစ်တော်မွေးဖွား ခြင်း၊ ခရစ္စမတ်လုပ်ရခြင်းရည် ရွယ်ချက်များကို ရုပ်ပုံကားချပ် များဖြင့် ရှင်းလင်းကာဆုတောင်း ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆို သည်။
‘‘မရိုးမသားလုပ်ဆောင်ခဲ့ တာမဟုတ်ပါဘူး။ ဘာသာတရား ဆွယ်တယ်ဆိုတဲ့ ရည်ရွယ်ချက် လည်းမရှိပါဘူး။ ပြောဆိုမှုတွေ မှားယွင်းခဲ့တယ်ဆိုရင် ဗုဒ္ဓဘာ သာဝင်အားလုံးကို တောင်းပန် ပါတယ်’’ ဟု ဦးအောင်ထွန်း ဦးကဆိုသည်။
ပညာရေး အကယ်ဒမီ ကျောင်းရှိ ကျောင်းသား၊ကျောင်း သူများကို ခရစ္စမတ်လက်ဆောင် ပေးရန်နှင့် ပျော်ပွဲရွှင်ပွဲပြုလုပ်ပေး မည်ဟု ပြောကာ လာရောက် လျှောက်ထားသဖြင့် ခွင့်ပြုပေးခဲ့ ခြင်းဖြစ်ပြီး ဖြစ်ခဲ့သည့် ကိစ္စရပ် များမှာ ခွင့်ပြုသည်ထက် ကျော် လွန်၍ လုပ်ဆောင်ခဲ့ခြင်းများ ဖြစ်ကြောင်း အဆိုပါကျောင်း ကျောင်းအုပ်ဆရာတော် ဦးဥက္ကဋ္ဌ ကဒီဇင်ဘာ ၁၃ ရက်တွင် သတင်း စာရှင်းလင်းပွဲပြုလုပ်ကာ မိန့် ကြားသည်။ အဆိုပါ ကိစ္စရပ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာဆရာတော်များက ခွင့်ပြုလျှင်တွေ့ဆုံ ၍ တောင်းပန်လိုကြောင်း ဦး အောင်ထွန်းဦးကပြောသည်။
သိက္ခာတော်ရဆရာ ဦး အောင်ထွန်းဦးကို သာသနာတော် ညှိုးနွမ်းစေမှု ရာဇသတ်ကြီး ပုဒ်မ ၂၉၅ (က) ဖြင့်အရေးယူပေးရန် မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက ဦးဆောင်၍ ဒီဇင် ဘာ ၁၂ ရက်တွင်စစ်ကိုင်းမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ခဲ့ ပြီး တရားရုံးကကျင့်ထုံးဥပဒေ ၂၀၂ (၁) ဖြင့် လက်ခံကာ ဒီဇင် ဘာ ၂၀ ရက်သို့ပြန်လည်ချိန်းဆို ထားသည်။
=======================
251 / End
၁၄ ဒီဇင်ဘာ ၂၀၁၈ - ၁၉:၀၄
News ID: 920607
ဓမ္မဆရာဦးအောင်ထွန်းဦး(အလယ်) က ယမန်နေ့တွင် တောင်းပန်ပွဲ ပြုလုပ်ခဲ့သည်