၉ ဇန်နဝါရီ ၂၀၁၉ - ၁၆:၀၄
ဇီးပင်ကြီးစစ်တမ်းဂယက် နိုင်ငံရေးသိပ္ပံပါမောက္ခကို ဌာနပြောင်းရွှေ့

ဇီးပင်ကြီး ပြည်သူ့ဝန် ထမ်း အကယ်ဒမီတွင် နိုင်ငံရေး သိပ္ပံဌာန၌ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဒေါက်တာ ထွန်းမင်းကို သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနသို့ ပြောင်းရွှေ့ခဲ့ကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်ဆွေကပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ဇီးပင်ကြီး ပြည်သူ့ဝန် ထမ်း အကယ်ဒမီတွင် နိုင်ငံရေး သိပ္ပံဌာန၌ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဒေါက်တာ ထွန်းမင်းကို သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနသို့ ပြောင်းရွှေ့ခဲ့ကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်ဆွေကပြောသည်။

ပါမောက္ခ ဒေါက်တာထွန်း မင်းသည် နိုင်ငံရေးသိပ္ပံသင်တန်း ချိန်များတွင် သင်တန်းတက် ရောက်သည့် အစိုးရဝန်ထမ်းများ ကို ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရခိုင်ပြည်နယ်အရေးနှင့် ပတ် သက်၍ ဝါဒမှိုင်းတိုက်သင်ကြားပို့ ချသည်ဟု ဝေဖန်မှုအချို့ ထွက် ပေါ်လာပြီးနောက် ယင်းသို့ဌာန ပြောင်းရွှေ့ခံရခြင်းဖြစ်သည်။

 ‘‘ကျွန်တော်တို့မှာ Research ဌာနရှိတယ်။ အဲဒီဌာနကို ပြောင်းလိုက်တာ။ ဒီရာထူးပဲ။ ပြည်သူ့ဝန်ထမ်း အကယ်ဒမီ အောက်မှာပဲ’’ဟု ဦးမြင့်ဆွေက ပြောသည်။

ဇန်နဝါရီ ၁ ရက်တွင် စတင် ပြောင်းရွှေ့ခြင်း ဖြစ်ကြောင်းနှင့် အုပ်ချုပ်မှုနည်းလမ်းအရ ပြောင်း ရွှေ့ခြင်းဖြစ်ကာ အပြစ်ပေးအရေး ယူခြင်းမဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

 ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်-ဇီးပင်ကြီး) တွင် နေထိုင်၊ သင်ကြားပို့ချချက် များနှင့်ပတ်သက်၍ သွားဘက် ဆိုင်ရာ ဆရာဝန် ဒေါက်တာစိုးသူ ရဇော်က ၎င်း၏ဖေ့စ်ဘွတ်ခ်လူမှု ကွန်ရက်မှတစ်ဆင့် ဇီးပင်ကြီးစစ် တမ်း အပိုင်းသုံးပိုင်း လွှင့်တင်ရာ နိုင်ငံရေးသိပ္ပံဘာသာရပ် ပို့ချချိန် တွင် တွေ့ကြုံခဲ့ရသည်များကို ရေးသားထားပြီး ဝန်ထမ်းများ၏ ဦးနှောက်ထဲသို့ အတွေးအခေါ်အမှားများ ရိုက်သွင်းနေကြောင်း ထောက်ပြထားသည်။ သို့သော် ဒေါက်တာစိုးသူရဇော်က နိုင်ငံ ရေးသိပ္ပံဌာနမှူး ပါမောက္ခဟုသာ ရေးသားပြီး အမည်ထည့်သွင်း ဖော်ပြခြင်းမပြုပေ။

သို့ရာတွင် နိုင်ငံရေးသိပ္ပံ ပါမောက္ခ ဒေါက်တာထွန်းမင်း၏ ပို့ချချက်အကြောင်းများ ပါဝင် သည့် ‘ဇီးပင်ကြီးနဲ့ ဖောင်ကြီးမှာ လေထန်နေဆဲ ဝါဒမှိုင်းစစ်ဆင် ရေးများ’  ခေါင်းစဉ်ဖြင့် ဆောင်း ပါးတစ်ပုဒ်ကို Myanmar Now သတင်းဌာနက ဖော်ထုတ်ရေး သားခဲ့သည်။ ယင်းဆောင်းပါး၌ ဒေါက်တာထွန်းမင်းက ရခိုင်ပြည် နယ်အရေးနှင့် နိုင်ငံတကာ ဆက် ဆံရေးအကြောင်း ပို့ချရာတွင် မှန် ကန်ခိုင်လုံမှုမရှိသည့် အကြောင်း အရာ ထည့်သွင်းပို့ချခဲ့ကြောင်း ရေးသားထားသည်။

 ဒေါက်တာထွန်းမင်းသည် မကွေးတက္ကသိုလ်တွင် ပထဝီဘာသာရပ်ဖြင့် ဘွဲ့ရပြီး မန္တလေးတက္ကသိုလ်မှ ရေအရင်းအမြစ် ဘာသာရပ်ဖြင့် ပထဝီပါရဂူဘွဲ့ရခဲ့ကြောင်းနှင့် ဇီးပင်ကြီးသို့ နိုင်ငံရေးသိပ္ပံ ပါမောက္ခအဖြစ် မရောက်ရှိမီ တောင်ကြီးတက္ကသိုလ် တွင် ပထဝီတွဲဖက်ပါမောက္ခအ ဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း Myanmar Now သတင်းဌာနက ဖော်ပြသည်။

=======================
251 / End