အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဦးကိုနီလုပ်ကြံခံရမှု ၁၀၁ ကြိမ်မြောက်ရုံးထုတ်တွင် ဇေယျာဖြိုး၏ဇနီးမသီတာလွင်ကို စစ်ဆေးခဲ့သည်။ ကျန်သက်သေ နှစ်ဦးကို ယနေ့စစ်ဆေးရန် ဆင့် ခေါ်ထားသည်။
တရားလွှတ်တော်ရှေ့နေဦး ကိုနီလုပ်ကြံခံရမှုကို မြောက်ပိုင်း ခရိုင်တရားရုံးတွင် ဇန်န၀ါရီ ၁၇ ရက်က ရုံးထုတ်စစ်ဆေးခဲ့သည်။ ယမန်နေ့က တရားခံပြသက်သေ သုံးဦးစစ်ဆေးရန် ဆင့်ခေါ်ထား သော်လည်း ဇေယျာဖြိုး၏အမျိုး သမီးမသီတာလွင်တစ်ဦးသာလာ ရောက်ထွက်ဆိုခဲ့သည်။
မသီတာလွင်က ၎င်း၏ခင် ပွန်းဇေယျာဖြိုးတွင် အပြစ်မရှိ ကြောင်းနှင့် ဦးကိုနီကိုလုပ်ကြံမှုအ တွက် ငွေပေးခဲ့ခြင်းမရှိကြောင်း၊ ကုမ္ပဏီ၏၀င်ငွေ၊ ထွက်ငွေများကို ၎င်းသာကိုင်တွယ်ပြီး ဇေယျာဖြိုး အနေဖြင့် ငွေကြေးပိုင်းဆိုင်ရာ များကိုကိုင်တွယ်ခြင်းမရှိကြောင်း၊ဦးကိုနီလုပ်ကြံခံရမှုအတွက် ကျပ်သိန်း ၁,၀၀၀ ပံ့ပိုးခဲ့သည်ဟူသော ပြည်ထဲရေးဝန်ကြီးဌာန၏သတင်း စာရှင်းလင်းချက်များ မမှန်ကန် ကြောင်း ထွက်ဆိုခဲ့သည်။
စွပ်စွဲခံရသူ ဇေယျာဖြိုးက တရားခွင်မှ အထွက်တွင် ၎င်းအ နေဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲအချက်များ ကိုသာ ဖြေရှင်းနေရပြီး လုပ်ကြံမှု အတွက် ငွေပေးခဲ့သည်ဆိုသော အချက်သည် သက်သေမရှိဟု မီဒီ ယာများအား ပြောဆိုခဲ့သည်။
ယမန်နေ့ရုံးချိန်းတွင် တရား ခံပြသက်သေအဖြစ် ဆင့်ခေါ်ထား သော ဘုန်းတော်ကြီးဦးအဂ္ဂနှင့် လေဆိပ်ရဲမှူးကြီး ၀င်းမင်းသိန်း တို့ လာရောက်ခြင်းမရှိပေ။ ၎င်း တို့ကို ယနေ့ရုံးထုတ်တွင်မလာ ရောက်ပါက သက်သေအဖြစ်မှ ပယ်ဖျက်ခြင်းပြု၊ မပြု ရုံးတော်က ဆုံးဖြတ်မည်ဖြစ်သည်။
=======================
251 / End
၁၇ ဇန်နဝါရီ ၂၀၁၉ - ၁၉:၄၅
News ID: 925283
ဦးကိုနီလုပ်ကြံခံရမှု ၁၀၁ ကြိမ်မြောက်ရုံးထုတ်တွင် ဇေယျာဖြိုး၏ဇနီးမသီတာလွင်ကို စစ်ဆေးခဲ့သည်။ ကျန်သက်သေ နှစ်ဦးကို ယနေ့စစ်ဆေးရန် ဆင့် ခေါ်ထားသည်။