အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
လွှတ်တော်ကိုယ် စားလှယ်များသည် လူတန်းစား အလွှာအသီးသီးကလာသဖြင့် တစ်ဦးနှင့်တစ်ဦး၊တစ်ဖွဲ့နှင့်တစ်ဖွဲ့ မတူညီသည့် အတွေးအခေါ်အယူဆသဘောထားကွဲပြားမှုရှိနိုင်ပြီး ယင်းတို့ကိုသဘောထားကြီးကြီး၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းများဖြင့် အပြုသဘောအမြင်ထား၍ ဆွေးနွေးညှိနှိုင်းရန် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က တိုက်တွန်းသည်။
‘‘ဒီလိုဆွေးနွေးညှိနှိုင်းမှု ရင့် ကျက်ခိုင်မာလာတာနဲ့အမျှ ဒီမို ကရေစီယဉ်ကျေးမှု ထွန်းကားပြီး ကိုယ်စားလှယ်တွေနဲ့ အရည်အ သွေးဟာလည်း တိုးတက်လာကာ လွှတ်တော်ရဲ့ ဂုဏ်သိက္ခာလည်း မြင့်မားလာမှာ ဖြစ်ပါတယ်’’ဟု ယမန်နေ့က လွှတ်တော်ဝင်းအ တွင်း ပြုလုပ်သော ဒုတိယအကြိမ်လွှတ်တော်သုံးနှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား၌ သမ္မတ ပြောသည်။
ထိုသို့ တိုက်တွန်းချိန် ပြည် ထောင်စုလွှတ်တော်တွင် ဖွဲ့စည်း ပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းရန် အရေးကြီးအဆိုကို ဒီချုပ်က တင်သွင်းပြီး ဆွေးနွေးရန် အတည်ပြု ထားချိန်၌ တပ်မတော်အစုအဖွဲ့ က ကန့်ကွက်နေချိန်နှင့် တိုက်ဆိုင်နေသည်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းကလည်း လွှတ် တော်ကိုယ်စားလှယ်များအနေ ဖြင့် ပါတီစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲမထားရှိဘဲ ဥပဒေပြုသူ များပီပီ အစွဲကင်းစွာ ပြည်သူများ အေးချမ်းလုံခြုံစွာ နေထိုင်နိုင်ရန်၊ ခေတ်စနစ်ဖြင့် ကိုက်ညီသော ဥပဒေများ ပြဋ္ဌာန်းနိုင်ရေး ဆောင် ရွက်ရန် မှာကြားသည်။
လွှတ်တော်ကိုယ်စားလှယ် များကို အာဏာပိုင်အဖွဲ့အစည်း က အလေးထားတိုင်ပင်အပ်သော ပုဂ္ဂိုလ်ဖြစ်စေရန် အထွေထွေဗဟု သုတကြွယ်ဝရန်နှင့် နိုင်ငံရေး၊ လူမှုရေး၊ လုံခြုံရေး၊ ဒေသဆိုင်ရာ အမြင်များနှင့် နိုင်ငံတကာအမြင် များလည်းရှိရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ဖူးသူ သမ္မတ ဦးဝင်း မြင့်က ဆိုသည်။
ဆက်လက်၍ ကိုယ်စား လှယ်များအနေဖြင့် ဒေသအာဏာအဖွဲ့အစည်းများဖြင့် ပေါင်းစပ်ညှိ နှိုင်းမှုများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် မဆန့်ကျင်စေဘဲ လုပ် ဆောင်ရန် အထူးဂရုပြုစေလို ကြောင်း ၎င်းက ပြောသည်။
‘‘အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင် ဒီမဏ္ဍိုင်ကြီးသုံးရပ်မှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဝင်ရောက်စွက် ဖက်ခြင်းမျိုး မဟုတ်ဘဲနဲ့ တတ် နိုင်သမျှ ပိုင်းခြားသုံးသပ်ခြင်းနဲ့ အပြန်အလှန်ထိန်းကျောင်းခြင်းကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်’’ဟု ဦးဝင်းမြင့်က ပြောသည်။
ထိုသို့ ဆောင်ရွက်ခြင်းသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေး တွင် လမ်းကြောင်းတိမ်းစောင်းမှု မရှိအောင် ထိန်းကျောင်းခြင်းဖြစ် သည်ဟု ၎င်းက ရှင်းပြသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို တိုင်းရင်းသားလူ မျိုးအားလုံးဖြင့် ဖွဲ့စည်းထားပြီး ရေမြေတောတောင် သဘာဝများ နှင့် မတူညီသော်လည်း ပြည်နယ်၊ တိုင်းဒေသကြီးတို့သည် ပြည် ထောင်စု၏ အစိတ်အပိုင်းဖြစ် သလို လူမျိုးများအကြား ဘာသာ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ အစဉ်အလာ မတူညီ သော်လည်း ၎င်းတို့သည် ပြည် ထောင်စုသားများဖြစ်ကြောင်း သမ္မတ ဦးဝင်းမြင့်က ဆက်လက် ပြောကြားသည်။
‘‘ပြည်ထောင်စုလွှတ်တော် ကြီးမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ပြည် ထောင်စုအကျိုးကို ရှေးရှုပြီးတော့ အခုမတူညီတဲ့ ကွဲပြားမှုတွေကို စိစစ်ညီညွတ်ခြင်းက ပြည်ထောင် စုရဲ့ အင်အားများဖြစ်ပါကြောင်း အလေးနက်ခံယူကြပါ’’ဟု ၎င်းက ဆိုသည်။ ဒုတိယအကြိမ် လွှတ်တော်များ၏ သုံးနှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ သမ္မတ၊ ဒုသမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဝန်ကြီး၊ ဒုဝန်ကြီးများ၊ အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။
=======================
251 / End
သဘောထားကွဲပြားမှုများကို သဘောထားကြီးကြီး အပြုသဘောအမြင်ဖြင့် ဆွေးနွေးညှိနှိုင်းရန် လွှတ်တော်ကိုယ်စားလှယ်များအား သမ္မတတိုက်တွန်း
၁ ဖေဖော်ဝါရီ ၂၀၁၉ - ၁၇:၁၇
News ID: 927265
လွှတ်တော်ကိုယ် စားလှယ်များသည် လူတန်းစား အလွှာအသီးသီးကလာသဖြင့် တစ်ဦးနှင့်တစ်ဦး၊တစ်ဖွဲ့နှင့်တစ်ဖွဲ့ မတူညီသည့် အတွေးအခေါ်အယူဆသဘောထားကွဲပြားမှုရှိနိုင်ပြီး ယင်းတို့ကိုသဘောထားကြီးကြီး၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းများဖြင့် အပြုသဘောအမြင်ထား၍ ဆွေးနွေးညှိနှိုင်းရန် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က တိုက်တွန်းသည်။