အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပြည်ထောင်စုအပေါ်၌ စေတနာထားမည်ဆိုပါက အ တွေးအခေါ်ကွဲလွဲခြင်းသည် ဖြေ ရှင်း၍မရသည့် ပြဿနာများ မ ဟုတ်ကြောင်း နိုင်ငံတော်၏ အ တိုင် ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ယမန်နေ့တွင်တောင် ကြီးမြို့၌ကျင်းပသည့် (၇၂) နှစ် မြောက် ရှမ်းပြည်နယ်နေ့ အခမ်း အနားသို့ တက်ရောက်စဉ် ယင်း သို့ ထည့်သွင်းပြောကြားခြင်း ဖြစ် သည်။
‘‘ကျွန်မတို့ ရည်ရွယ်ချက် တွေ၊ ပန်းတိုင်တွေ တစ်ခါတ လေတူပေမယ့်လည်း ဘယ်ပုံစံနဲ့ ဒီပန်းတိုင်ကို ချီတက်သွားရမယ် ဆိုတဲ့ အတွေးအခေါ်တွေဟာ ကွဲ လွဲတတ်ပါတယ်။ ဒီဟာတွေက တကယ့်ကို ကျွန်မတို့ ပြည် ထောင်စုအပေါ်မှာ စေတနာထား မယ်ဆိုရင် ဖြေရှင်းလို့မရတဲ့ ပြဿနာတွေမဟုတ်ပါဘူး’’ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ ဒေါ်အောင် ဆန်းစုကြည်က ‘‘အားလုံးဟာ အ လျှော့အတင်းလုပ်ဖို့ အဆင်သင့် ရှိတယ်။ အားလုံးရဲ့ ရည်ရွယ်ချက် က ချမ်းသာ ကြွယ်ဝ သာယာ ငြိမ်းချမ်းတဲ့ ပြည်ထောင်စုကြီးပဲ ဖြစ်တယ်ဆိုရင် ကျွန်မတို့မတူကွဲ ပြားတဲ့ စိတ်သဘောထားတွေကို ညှိယူဖို့ဟာ အခက်အခဲရှိမှာမ ဟုတ်ပါဘူး’’ဟု ပြောကြားသည်။
တိုင်းရင်းသားပြည်ထောင်စု သား၊ သမီးအားလုံးသည် အ တူတကွလက်တွဲ၍ နိုင်ငံအတွက် စဉ်းစားရန် လွန်စွာအရေးကြီး ကြောင်း နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်က တိုက်တွန်းသည်။
ထို့အပြင် တိုင်းရင်းသား ပြည်သူအားလုံး လက်ခံနိုင်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင် စုကို အခိုင်အမာရပ်တည်စေမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခုရှိ ရန် လွန်စွာအရေးကြီးကြောင်းနှင့် လက်ရှိအစိုးရသည် ပြည်သူလူထု ကို ပေးခဲ့သည့်ကတိများကို တစ် ဆင့်ချင်း ကြိုးစားအကောင်အ ထည်ဖော်နေကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြောကြားသည်။
‘‘ကျွန်မတို့ဟာ ပြည်သူလူ ထုကို ပေးခဲ့တဲ့ကတိတွေကိုတတ် နိုင်သမျှ၊ တတ်စွမ်းသမျှ တည် အောင်ကြိုးစားပါတယ်။ ဒါပေမဲ့ ကျွန်မတို့ချည်းပဲလုပ်လို့ မရပါ ဘူး။ စောစောက ကျွန်မတို့ပြော သလို နိုင်ငံတစ်နိုင်ငံအတွက် တ ကယ်အရေးပါတဲ့ ကိစ္စတွေ၊ တ ကယ် အောင်မြင်ဖို့လိုတဲ့ကိစ္စတွေ ဟာ ပြည်သူလူထုပါဖို့ဟာ အဓိ ကကျပါတယ်’’ဟု ၎င်းက ဆို သည်။ လက်ရှိအစိုးရသည် အုပ် ချုပ်ရေးတာဝန်ကို စတင်ယူချိန် တွင် တရားဥပဒေစိုးမိုးရေးနှင့် လူ မှု ဘ၀စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုး သား ပြန်လည်ရင်ကြားစေ့ရေး၊ စစ်မှန်သည့် ဖက်ဒရယ်ပြည် ထောင်စုကို တည်ထောင်နိုင်စေ မည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ် ပေါ်လာရေး ရည်မှန်းချက်သုံးခု ကို ဖော်ဆောင်မည်ဟု ပြည်သူလူ ထုကို ကတိပေးခဲ့သည်။
ပြည်သူလူထုက ရွေးချယ် တင်မြှောက်သည့် အစိုးရဖွဲ့နိုင်ခဲ့ သော်လည်း အားလုံးလိုလားသော စစ်မှန်သည့် ဒီမိုကရေစီဖက်ဒ ရယ်ပြည်ထောင်စုအဆင့် မ ရောက်သေးသည်ကို အားလုံးအ သိပင်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြား သည်။
‘‘ဒီကို ရောက်အောင်ဆက် သွားဖို့ဟာ ကျွန်မတို့ရဲ့တာဝန်ဖြစ် ပါတယ်။ ကျွန်မတို့မျိုးဆက်တွေ ရဲ့ သမိုင်းပေးတာဝန်လို့ ပြောလို့ ရှိရင် မှားမယ်မထင်ပါဘူး’’ဟု ၎င်းက ဆိုသည်။
မျိုးဆက်တိုင်းသည် သမိုင်း ပေးတာဝန်ရှိပြီး ယင်းသမိုင်းပေး တာဝန်ကို ကျေသည့်မျိုးဆက်များ ရှိသကဲ့သို့ တာဝန်မကျေသည့် မျိုးဆက်များလည်းရှိခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက် ပြောသည်။
မြန်မာ့လွတ်လပ်ရေးခေါင်း ဆောင်ကြီးများသည် တာဝန်ကျေ သည့် မျိုးဆက်ထဲတွင်ပါဝင် ကြောင်းနှင့် လက်ရှိအစိုးရသည် လည်း တာဝန်ကျေသည့် မျိုး ဆက်ထဲတွင် ပါဝင်လိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကဆိုသည်။
‘‘ဒီလိုပါဖို့ဆိုတာ အစိုးရ တစ်ခုတည်းလုပ်လို့ မရပါဘူး။ ကျွန်မတို့ ပြည်သူလူထုအားလုံး ပါဝင်ဖို့ဟာ အင်မတန်မှအရေး ကြီးပါတယ်’’ဟု ဒေါ်အောင်ဆန်း စုကြည်က ဆက်ပြောသည်။
=======================
251 / End
ပြည်ထောင်စုအပေါ် စေတနာထားမည်ဆိုပါက အတွေးအခေါ်ကွဲလွဲခြင်းမှာ ဖြေရှင်းမရသည့် ပြဿနာမဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
၇ ဖေဖော်ဝါရီ ၂၀၁၉ - ၁၅:၁၂
News ID: 928062
ပြည်ထောင်စုအပေါ်၌ စေတနာထားမည်ဆိုပါက အ တွေးအခေါ်ကွဲလွဲခြင်းသည် ဖြေ ရှင်း၍မရသည့် ပြဿနာများ မ ဟုတ်ကြောင်း နိုင်ငံတော်၏ အ တိုင် ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။