အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
နေပြည်တော် ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် NRPC ကိုယ်စားလှယ် အတိုင်ပင်ခံရုံးဝန် ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးအား 7Day daily သ တင်းစာအပါအ၀င် မီဒီယာများက တပ်မတော်နှင့် AA တိုက်ပွဲဖြစ် ပွားမှုအပါအ၀င် ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်ပြီး အစိုးရ၏ သဘောထားရပ်တည်ချက်များ ကို မေးမြန်းဖော်ပြလိုက်ပါသည်။
မြောက်ဦးပစ်ခတ်မှု ဖြစ်စဉ်များ နှင့်ပတ်သက်ပြီး ဦးဇော်ဌေးက မီဒီယာများအား ဦးစွာရှင်းလင်း ပြောကြားချက်
ဒီဘက်မှာ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့အပိုင်းကတော့အထူး သဖြင့် ဒီနေ့ဆွေးနွေးတာကတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတာဖြစ်တယ်။ အထူးသ ဖြင့် ကျွန်တော်တို့ သဘောတူညီမှုရရှိခဲ့တဲ့အပိုင်းတွေဆိုရင် ကျွန် တော်တို့ ဆက်ပြီးတော့သွားရဦး မှာဖြစ်တယ်။ ဒီမှာတော့အားလုံးနဲ့ ဘုံအားဖြင့် တူညီတဲ့အချက်တွေ ရပြီ။ ဒီနေ့ AA နဲ့လည်းဆွေးနွေး တာတွေရှိတယ်။ အထူးသဖြင့် မြောက်ဦးကိစ္စနဲ့ ပတ်သက်လို့ တပ်မတော်ပိုင်းနဲ့ AA ပိုင်းနဲ့ ပြောနေတာတွေရှိတယ်။တကယ် ဖြစ်တာက ဒေသခံပြည်သူတွေ ဒုက္ခရောက်တယ်။ ဒါကို ကျွန် တော်တို့ သဘောတူညီချက်၊ စု စည်းချက်မှာပါတဲ့အတိုင်း လက်နက်ကိုင်တိုက်ပွဲတွေလျှော့ချနိုင် ရေးအတွက် ဘယ်လိုလုပ်ကြမလဲ ဆိုတာ မြန်မြန်ဆွေးနွေးမှရမယ်။ မြန်မြန်ဆွေးနွေးဖို့လည်း PC နဲ့ လုပ်နေတဲ့လမ်းကြောင်းရှိတယ်။ သို့တည်းမဟုတ်တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က ထုတ်ပြန် ထားတဲ့ ထုတ်ပြန်ချက်အတိုင်း သူတို့ဆွေးနွေးလို့ရတယ်ဆိုတာ ကို ဒီနေ့ ဆွေးနွေးပါတယ်။
AA က ရခိုင်ပြည်နယ်မှာ အခြေ စိုက်ဖို့ကြိုးစားနေတယ်ပေါ့။ အဲဒီ အပေါ်မှာ အစိုးရရဲ့သဘောထား ဘယ်လိုရှိလဲ။
ရခိုင်ပြည်နယ်ကတော့ ဒု ဥက္ကဋ္ဌ(NRPC ဒုဥက္ကဋ္ဌ ဒေါက် တာတင်မျိုးဝင်း) လည်းပြောသွား ပြီးပြီ။ ဒါဟာအဖြူရောင်နယ် မြေဖြစ်တယ်။ လက်နက်ကိုင် တပ်ဖွဲ့အခြေစိုက်ခဲ့ခြင်းမရှိဘူး။ ရှိခဲ့တဲ့ ALP တို့ဆိုတာလည်း ဘင်္ဂလားဒေ့ရှ်ဟိုဘက်အခြမ်းမှာ။ အခု AA တို့ ALP ဌာနချုပ်ကိုသိမ်း တယ်ဆိုတာလည်း ဘင်္ဂလားဒေ့ရှ် ဘက်အခြမ်း၊ ဆိုတော့ ဒီရခိုင် ပြည်နယ်ထဲမှာ အခြေစိုက်နေထိုင် တာ မဟုတ်တဲ့အတွက်ကျွန်တော် တို့ကတော့ ဒီအဖွဲ့အစည်းတွေ ရောက်လာတဲ့အတွက် အစိုးရက တော့ လုပ်သင့်၊လုပ်ထိုက်တဲ့တည် ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးကို ဆောင်ရွက်နေတာဖြစ်တယ်။ ကျွန်တော်တို့ လုပ်တဲ့အခါက သောင်းကျန်းသူ နှိမ်နင်းရေးစစ် ဆင်ရေးပေါ့။ အဲဒါကို ကျွန်တော် တို့က ထိထိရောက်ရောက်ဆောင် ရွက်မယ်ဆိုတာလည်းထုတ်ပြန် ထားပြီးပြီ။ အခုတပ်မတော်က လည်း အဲဒါလုပ်နေတယ်။ ဆိုလို တာက ဒီတပ်ဖွဲ့တွေ၊ဘယ်တပ်ဖွဲ့ တွေဘယ်နေရာမှာ ရှိသင့်၊ မရှိ သင့်ဆိုတဲ့အပေါ် ဖြစ်တာမဟုတ် ဘူး။ အဓိကအခုဖြစ်နေတဲ့ပြဿ နာက၊ ဒီဒေသခံပြည်သူတွေကို ဒုက္ခရောက်စေတဲ့ ပြဿနာက အခုမြောက်ဦးဆိုရင် တကယ့် ကမ္ဘာလှည့်ခရီးသည်တွေ လွတ် လွတ်လပ်လပ်သွားလာခဲ့တဲ့နေ ရာတွေ။ ဒီနေရာတွေပါ တိုက်ပွဲ တွေက ကျယ်ပြန့်လာတဲ့သဘော ဖြစ်တယ်။ ဒီအပေါ်မှာလည်း အ စိုးရက လုပ်သင့်လုပ်ထိုက်တာကို လုပ်သွားမှာဖြစ်ပါတယ်။
AA ကို အမြစ်ပြတ်ချေမှုန်းဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ညွှန်ကြားခဲ့တယ်လို့ ပြောတယ်ပေါ့နော်။ အဲဒီနောက်ပိုင်းမှာ ရခိုင်မှာတိုက်ပွဲတွေလည်း ပြင်းထန် တာရှိတယ်။ မြောက်ပိုင်းအဖွဲ့ တချို့လည်း အဲဒါနဲ့ ပတ်သက်ပြီး ပြန်ပြီးတော့ ညွှန်ကြားပေးဖို့(တပ် မတော်ထိုးစစ်ရပ်ဆိုင်းပေးရန်) တောင်းဆိုတာရှိတယ်။ ဒါနဲ့ပတ် သက်ပြီး အတိုင်ပင်ခံရုံးအနေနဲ့ ဘာများပြောချင်ပါသလဲ။
အဓိကကတော့ NRPC ပေါ့နော်။ NRPC၊ PC (ငြိမ်းချမ်း ရေးကော်မရှင်) အနေနဲ့ ဒီသုံးဖွဲ့ ( AA၊ TNLA၊ MNDAA) ပါဝင် ရေးကို အဓိကထားပြီးလုပ်တာ ဖြစ်တယ်။ အရင်တုန်းက သမ္မတ ကြီးဦးသိန်းစိန်လက်ထက်မှာ ငြိမ်းချမ်းရေးလုပ်ခဲ့တယ်။ NCA လက်မှတ်ထိုးခါနီးမှာ ဒီသုံးဖွဲ့ပါ ၀င်နိုင်ရေးမှာ အငြင်းပွားမှုတွေ ဖြစ်ပြီး ကျန်တဲ့အဖွဲ့တွေကျန်ခဲ့တဲ့ သဘောရှိတယ်။ အဲဒီတော့ အားလုံးပါဝင်ရေးဆိုတဲ့မူနဲ့ NCA ကြောင့် ကျန်ခဲ့တာမဟုတ်ဘူး။ အားလုံးပါဝင်ရေးအပေါ်မှာ သ ဘောတူညီချက်မရတဲ့အတွက် ကျန်ခဲ့တာလို့ ပြန်ကြည့်ရင်လည်း သိနိုင်တယ်။ အခုဒီဘက်အစိုးရ လက်ထက်မှာကျတော့ ငြိမ်းချမ်း ရေးဖြစ်စဉ် ပြန်ပြီးစတဲ့အခါမှာ AA၊ TNLA၊ MNDAA ဒီသုံးဖွဲ့စ လုံး NCA လက်မှတ်ထိုးဖို့လက်ခံ ထားပြီးပြီ။ NCA ထိုးဖို့ညှိနှိုင်းတဲ့အဆင့်ရောက်သွားပြီ။ ရောက်နေ တဲ့အချိန်မှာ ငြိမ်းချမ်းရေးကော်မ ရှင်နဲ့ဆွေးနွေးတယ်။ ဆွေးနွေးတဲ့ အခါမှာ အရင်တုန်းက ကျွန်တော် တို့ပြောပြောနေတဲ့ စတိတ်မန့် ထုတ်ရေးပေါ့။ သုံးဖွဲ့က ကြော် ငြာချက်ထုတ်တယ်။ အဲဒီလိုထုတ် တဲ့အပေါ်မှာ PC ကနေပြီးတော့ ကြိုဆိုကြောင်း ကြော်ငြာချက် ထုတ်တယ်။ အဲဒီအပေါ်မှာပဲ မူ တည်ပြီးတော့ ကျွန်တော်တို့ တပ် မတော်ကနေပြီးတော့ အပစ်ရပ် လေးလကြေညာတဲ့ ကြေညာ ချက်တွေ ထွက်လာတယ်။ ဒါတွေ က ဒီသုံးဖွဲ့နဲ့ အခြေတည်ပြီးတော့ ဆွေးနွေးညှိနှိုင်းလာတဲ့ အကျိုး ဆက်တွေလို့ပြောလို့ရတယ်။ အဲ ဒီအချိန်မှာ NCA ရေးထိုးဖို့ ညှိနှိုင်း နေတဲ့အချိန် ပြီးရင်နောက်တစ် ကြိမ် Bilateral (နှစ်ဦးနှစ်ဖက် အပစ်ရပ်သဘောတူစာချုပ်)ကို ပေါ့နော်။ ရေးထိုးနိုင်ဖို့ ညှိနှိုင်းနေ တဲ့အချိန်မှာပဲ မမျှော်လင့်ဘဲ ဇန် န၀ါရီလ ၄ ရက်နေ့ ဒီတိုက်ခိုက်မှု ဖြစ်စဉ်(AA က ဘူးသီးတောင်မြို့ နယ်ရှိ ရဲကင်းစခန်းလေးကို ၀င်တိုက်ခိုက်သည့်ဖြစ်စဉ်) က ဖြစ်လာတယ်ပေါ့။ ဆိုလိုတာက အဲဒီလိုတိုက်ခိုက်မှုတွေဖြစ်လာတဲ့အချိန်က လွတ်လပ်ရေးနေ့လည်းဖြစ်တယ်။ ဖြစ်နေတော့ ဒီအပေါ်မှာကျွန်တော်တို့က NCA ကိုမလာနဲ့၊ မထိုးနဲ့လို့ပိတ်ပင်ထားတာမဟုတ်ဘူး။ NCA ထိုးဖို့ညှိနေတဲ့အချိန်မှာကို ဒါမျိုးတွေဖြစ် လာတယ် ပေါ့။ သို့သော်လည်း အစိုးရကတော့ နှစ်ပိုင်းခွဲပြီးလုပ်တယ်။ တွေ့ဆုံဆွေးနွေးရေး လမ်း ကြောင်းပိတ်မထားဘူး။ ဆက်ပြီး တော့ဆွေးနွေးမယ်။ တစ်ဖက်မှာ လည်း ဒီဒေသတည်ငြိမ်ရေးအေး ချမ်းရေးအတွက် အစိုးရတစ်ရပ် အနေနဲ့ တာဝန်ရှိတဲ့အလျှောက် ဆောင်ရွက်နေခြင်း ဖြစ်တယ် ပေါ့။ ဒီလိုမျိုး ခွဲမြင်ဖို့တော့လို တယ်။
==========================
251 /End
၂၂ မတ် ၂၀၁၉ - ၁၅:၃၇
News ID: 934135
နေပြည်တော် ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် NRPC ကိုယ်စားလှယ် အတိုင်ပင်ခံရုံးဝန် ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးအား 7Day daily သ တင်းစာအပါအ၀င် မီဒီယာများက တပ်မတော်နှင့် AA တိုက်ပွဲဖြစ် ပွားမှုအပါအ၀င် ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်ပြီး အစိုးရ၏ သဘောထားရပ်တည်ချက်များ ကို မေးမြန်းဖော်ပြလိုက်ပါသည်။