၂ ဧပြီ ၂၀၁၉ - ၁၉:၀၂
ရန်ကုန်စည်ပင်ရွေးကောက်ပွဲတွင် ဒီချုပ်ပါတီက ရာနှုန်းပြည့်နီးပါးအနိုင်ရ လူသိများသည့် အလှမယ်ထက်ထက်ထွန်းနှင့် ဦးအောင်ခန့်တို့ ရှုံးနိ

အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ပါတီအနေဖြင့် ရန်ကုန်မြို့ တော်စည်ပင်ရွေးကောက်ပွဲတွင် မြို့တော်ကော်မတီဝင် ခြောက် နေရာအပါအ၀င် နေရာ ၉၀ ၌ ၀င်ပြိုင်ခဲ့ပြီး ၈၉ နေရာအနိုင်ရရှိ ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရွေးကောက်ပွဲကော်မရှင် က ယမန်နေ့(ဧပြီ ၁ ရက်) တွင် ကြေညာသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ပါတီအနေဖြင့် ရန်ကုန်မြို့ တော်စည်ပင်ရွေးကောက်ပွဲတွင် မြို့တော်ကော်မတီဝင် ခြောက် နေရာအပါအ၀င် နေရာ ၉၀ ၌ ၀င်ပြိုင်ခဲ့ပြီး ၈၉ နေရာအနိုင်ရရှိ ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရွေးကောက်ပွဲကော်မရှင် က ယမန်နေ့(ဧပြီ ၁ ရက်) တွင် ကြေညာသည်။

ဒီချုပ်ပါတီက မြို့တော်စည် ပင်ကော်မတီဝင်နေရာခြောက်ခု တွင် ၀င်ပြိုင်ပြီး ခြောက်နေရာစ လုံးအနိုင်ရရှိခဲ့သည်။ ထို့အပြင် ၃၃ မြို့နယ်၏ စည်ပင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်နေရာ ၉၉ နေရာ၌ စုစု ပေါင်း ၈၄ နေရာဝင်ရောက်ယှဉ် ပြိုင်ရာ တစ်နေရာသာရှုံးနိမ့်ခဲ့ သည်။

ဆိပ်ကမ်းမြို့နယ် စည်ပင် ဥက္ကဋ္ဌနေရာအတွက် ဒီချုပ်ပါတီ ကိုယ်စားပြုဝင်ပြိုင်သည့် ကိုယ် စားလှယ်လောင်းသည် ပြိုင်ဘက် တစ်သီးပုဂ္ဂလကိုယ်စားလှယ်နှင့် မဲအရေအတွက် ၁၀၀ ကျော်ကွာ ဟကာ ရှုံးနိမ့်ခဲ့သည်။ တစ်သီး ပုဂ္ဂလကိုယ်စားလှယ် ဦးလှသန်း သည် ဆန္ဒမဲ ၄၁၁ မဲရရှိကာ ဒီချုပ် ကိုယ်စားလှယ်ဒေါ်အေးယုမော် က ဆန္ဒမဲ ၂၉၈ မဲသာရရှိခဲ့သည်။

လူသိများသည့် အလှမယ် ထက်ထက်ထွန်း၊ ဦးအောင်ခန့်၊ ဇောတိက ဦးခင်လှိုင်တို့အပါအ ၀င် ကိုယ်စားလှယ်လောင်း ၁၀ ဦးဖြင့် အများဆုံးဝင်ပြိုင်သည့် မဲဆန္ဒနယ်အမှတ်(၃)၏ မြို့တော် ကော်မတီဝင်နေရာကိုလည်း အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ် စားပြုဝင်ပြိုင်သည့် ကိုယ်စား လှယ်လောင်းက အနိုင်ရရှိခဲ့သည်။

ယင်းမဲဆန္ဒနယ်အမှတ်(၃) တွင် ဒီချုပ်ကိုယ်စားလှယ်ဦးစိုး လွင်က ဆန္ဒမဲ ၂၈,၇၈၀ မဲ ရရှိပြီး ဦးအောင်ခန့်က ဆန္ဒမဲ ၂၀,၅၅၆ မဲ ရရှိသဖြင့် ဆန္ဒမဲအရေအတွက် ၈,၀၀၀ ကျော်ကွာဟခဲ့သည်။ တစ်သီးပုဂ္ဂလကိုယ်စားလှယ်ဦး အောင်ခန့်သည် ဒုတိယမဲအရေအ တွက်အများဆုံးဖြစ်သည်။

  တစ်သီးပုဂ္ဂလိကိုယ်စား လှယ်ဦးခင်လှိုင်(ဇောတိက) သည် ဆန္ဒမဲ ၁၅,၁၁၄ မဲရရှိကာ တတိ ယမဲအများဆုံးဖြစ်ပြီး အနိုင်ရ ကိုယ်စားလှယ်နှင့် မဲအရေအ တွက် ၁၃,၀၀၀ ကျော်ကွာဟ သည်။ အလှမယ်ထက်ထက်ထွန်း သည် ဆန္ဒမဲ ၇,၁၂၆မဲဖြင့် စတုတ္ထမဲအများဆုံးအဖြစ်သာ ကျေနပ်ခဲ့ ရသည်။

၂၀၁၄ က ပြုလုပ်သည့် ရန် ကုန်စည်ပင်ရွေးကောက်ပွဲတွင် ပါတီကိုယ်စားပြုဝင်ရောက်ယှဉ် ပြိုင်ခွင့်မပြုဘဲ ယခုရွေးကောက် ပွဲမှ ခွင့်ပြုခဲ့ပြီး ဒီချုပ်က ထိုသို့ အောင်ပွဲခံခဲ့ခြင်းဖြစ်သည်။

ထိုသို့ပါတီကိုယ်စားပြုများ ကို ၀င်ရောက်ယှဉ်ပြိုင်စေခြင်း၊ မဲဆွယ်စည်းရုံးရာတွင် ပါတီအ လံ၊ အမှတ်တံဆိပ်နှင့် နိုင်ငံ့အကြီး အကဲများ၏ ပုံရိပ်ကို အသုံးပြုခွင့် ပေးခြင်းတို့သည် မျှတမှုမရှိ ကြောင်း ရွေးကောက်ပွဲမတိုင်မီက တည်းက ဝေဖန်မှုများရှိခဲ့သည်။

ယခုစည်ပင်ရွေးကောက်ပွဲ တွင် မြို့တော်စည်ပင်ကော်မတီ ၀င်၊ မြို့နယ်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်နေ ရာ ၁၀၅ နေရာရှိခဲ့ပြီး ယင်း နေရာများတွင် ဒီချုပ်၊ ပြည်ခိုင်ဖြိုး ပါတီကိုယ်စားလှယ်လောင်းများ နှင့်တစ်သီးပုဂ္ဂလ၀င်ရောက်ယှဉ် ပြိုင်သူစုစုပေါင်း ၂၇၂ ဦးရှိသည်။

ထို ၁၀၅ နေရာတွင် ဒီချုပ် ပါတီက ၈၉ နေရာအနိုင်ရရှိကာ ကျန် ၁၆ နေရာတွင် တစ်သီးပုဂ္ဂ လကိုယ်စားလှယ်များ အနိုင်ရရှိခဲ့ သည်။

ဒီချုပ်ပါတီက အနိုင်ရရှိ သည့် ကိုယ်စားလှယ်လောင်းများ အနက် ငါးဦးသည် ၎င်းတို့နှင့် ယှဉ်ပြိုင်ဘက်မရှိသဖြင့် ရွေး ကောက်ပွဲမတိုင်မီကတည်းက အ လိုအလျောက်အနိုင်ရရှိခဲ့သည်။ စည်ပင်ရွေးကောက်ပွဲတွင် မြို့ နယ်စည်ပင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် နေရာများ၌ ပြိုင်ဘက်မရှိ၍ အ လိုအလျောက်အနိုင်ရရှိသူ ၁၃ ဦး ရှိပြီး ကျန်ရှစ်ဦးသည် တစ်သီးပုဂ္ဂ လယှဉ်ပြိုင်သူများဖြစ်သည်။

=======================
251 / End