အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
သူရဦးရွှေမန်းခေါင်း ဆောင်သည့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ(UBP) ကို ဧပြီ ၄ ရက်တွင် ပါတီတည် ထောင်ခွင့်ပြုကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်ပြောခွင့်ရပုဂ္ဂိုလ် ဦးမြင့်နိုင်က ပြောသည်။
ပြည်ထောင်စုကောင်းကျိုး ဆောင်ပါတီတည်ထောင်ရန် လျှောက်လွှာတင်ပြီး နှစ်လပြည့် ချိန်တွင် ကော်မရှင်ကတည် ထောင်ခွင့်ပြုခြင်းဖြစ်ပြီး မှတ်ပုံ တင်ခွင့်ကို ဆက်လက်လျှောက် ထားရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
‘‘လုပ်ထုံးလုပ်နည်းအတိုင်း ဆက်သွားရမှာပေါ့’’ ဟု ဦးမြင့် နိုင်က ဆိုသည်။
မှတ်ပုံတင်ခွင့်ကို ဆက် လက်လျှောက်ထားမည်ဖြစ်ပြီး ကော်မရှင်ခွင့်ပြုပါက နိုင်ငံရေး ပါတီအဖြစ် တရားဝင်စည်းရုံးလှုပ် ရှားမည်ဟု ပြည်ထောင်စုကောင်း ကျိုးဆောင်ပါတီ ဦးဆောင်အဖွဲ့ ၀င်တစ်ဦးက ပြောသည်။ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ဖေဖော် ၀ါရီ ၅ ရက်တွင် ဦးဆောင်အဖွဲ့ဝင် ၁၉ ဦးဖြင့် ပါတီတည်ထောင်ခွင့် လျှောက်ထားခြင်းဖြစ်သည်။
=======================
251 / End
၅ ဧပြီ ၂၀၁၉ - ၁၈:၄၈
News ID: 935734
သူရဦးရွှေမန်းခေါင်း ဆောင်သည့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ(UBP) ကို ဧပြီ ၄ ရက်တွင် ပါတီတည် ထောင်ခွင့်ပြုကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်ပြောခွင့်ရပုဂ္ဂိုလ် ဦးမြင့်နိုင်က ပြောသည်။