၈ ဧပြီ ၂၀၁၉ - ၁၇:၁၆
လက်ကျန် အပစ်ရပ်ကာလအတွင်း ငြိမ်းချမ်းရေး ဆွေးနွေးမှုများ အရှိန်မြှင့်ဆောင်ရွက်ရန် တပ်မတော်တိုက်တွန်း

တပ်မတော်က အပစ် ရပ် ကြေညာထားသည့် လက် ကျန် အပစ်ရပ်ကာလအတွင်း ငြိမ်းချမ်းရေး ဆွေးနွေးမှုများ အ ရှိန်မြှင့်ဆောင်ရွက်ရန် တပ်မ တော်သတင်းမှန် ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူးဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တိုက်တွန်း သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ



တပ်မတော်က အပစ် ရပ် ကြေညာထားသည့် လက် ကျန် အပစ်ရပ်ကာလအတွင်း ငြိမ်းချမ်းရေး ဆွေးနွေးမှုများ အ ရှိန်မြှင့်ဆောင်ရွက်ရန် တပ်မ တော်သတင်းမှန် ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူးဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တိုက်တွန်း သည်။

တပ်မတော်သည် ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်ကစ၍ တိုင်းစစ် ဌာနချုပ်နယ်မြေငါးခုတွင်လေးလ ကျော် သက်တမ်းရှိသည့်   အပစ် ရပ်စဲရေးကြေညာခဲ့ရာ ဧပြီလ ကုန်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။

‘‘ဆွေးနွေးမှုတွေအရှိန်မြှင့် တင်ပြီးလုပ်ဖို့လိုတယ်။ NRPC နဲ့ ပဲဖြစ်ဖြစ်၊ တပ်မတော်နဲ့ပဲဖြစ်ဖြစ် ဆွေးနွေးမှုလုပ်ငန်းများ၊ ငြိမ်းချမ်း ရေးလုပ်ငန်းများကို တကယ်ဆန္ဒ ရှိရှိ လုပ်ဖို့လိုပါတယ်’’ ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။

တပ်မတော်က လေးလ ကျော် အပစ်ရပ်ကြေညာမှု  အ လွန်တွင်လည်း ငြိမ်းချမ်းရေး လုပ် ငန်းစဉ်များ ဆက်ရှိနေမည်ဟု ၎င်းက ပြောသည်။

တပ်မတော်က တိုင်းစစ်ဌာန ချုပ် နယ်မြေ ငါးခုတွင် တစ်ဖက် သတ် အပစ်ရပ်ကြေညာပြီး နောက်  သုံးလကျော်အတွင်း အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များအ ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ၁၃ ကြိမ်ရှိခဲ့ရာ တပ်မတော်နှင့်  တိုင်း ရင်းသားအဖွဲ့တစ်ဖွဲ့ချင်းစီ အ ခြား  သီးခြား တွေ့ဆုံဆွေးနွေးမှု သုံးကြိမ်ပါဝင်သည်။ တပ်မတော် နှင့် သီးခြားစီဆွေးနွေးခဲ့သည့်အ ဖွဲ့အစည်းများမှာ ရှမ်းပြည်တိုး တက်ရေးပါတီ (SSPP)၊ ရှမ်း ပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ ကရင်နီအမျိုး သား တိုးတက်ရေးပါတီ(KNPP)  တို့ ဖြစ်သည်။ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တို့သည်လည်း  ယခုဧပြီအတွင်း အစိုးရ၊  တပ်မတော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးရန် ညှိနှိုင်းထား သည်။

တပ်မတော်က အပစ်ရပ် ကြေညာခဲ့သည့် တိုင်းစစ်ဌာနချုပ်  နယ်မြေများတွင် ပါဝင်သော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများ၌ တပ်မ တော်နှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များအကြား တိုက် ပွဲဖြစ်ပွားမှု သိသာစွာလျှော့ချနိုင် သော်လည်း  အပစ်ရပ်နယ်မြေ တွင် မပါဝင်သည့် ရခိုင်ပြည်နယ် တွင် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

တပ်မတော်၏ လေးလကြာ အပစ်ရပ်ကြေညာခြင်းကို အခွင့် ကောင်းအဖြစ်အသုံးချကာ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ် အောင်မြင် ရေး ကြိုးပမ်းရန် ရှမ်းတိုင်းရင်း  သားများ ဒီမိုကရေစီအဖွဲ့ချုပ်  (SNLD) ပြောရေးဆိုခွင့်ရှိသူ ဦး  စိုင်းလိတ်က သက်ဆိုင်ရာအဖွဲ့  အစည်းအားလုံးကို တိုက်တွန်း  ထားသည်။

လေးလအတွင်း ငြိမ်းချမ်း ရေးရလဒ် တိုးတက်ကောင်းမွန် အောင် မဆောင်ရွက်နိုင်ပါက   စစ်ရေးပဋိပက္ခများ ပိုမိုများပြား လာနိုင်ကြောင်း ၎င်းကသုံးသပ် ထားသည်။

=======================
251 / End