၂၄ ဧပြီ ၂၀၁၉ - ၁၇:၃၁
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တရုတ်နိုင်ငံသွားရောက်

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ကျင်းပမယ့် ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့်ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တက်ရောက်ဖို့ ဧပြီ ၂၄ရက် မနက်က နေပြည်တော်ကနေ အထူးလေယာဉ်နဲ့ တရုတ်နိုင်ငံကို စတင်ထွက်ခွာသွားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ကျင်းပမယ့် ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့်ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တက်ရောက်ဖို့ ဧပြီ ၂၄ရက် မနက်က  နေပြည်တော်ကနေ အထူးလေယာဉ်နဲ့ တရုတ်နိုင်ငံကို စတင်ထွက်ခွာသွားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ ပြည်ထောင်စုဝန်ကြီးတွေ ဖြစ်ကြတဲ့ ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်၊ ဦးကျော်တင်၊ ဒုတိယ၀န်ကြီးတွေဖြစ်တဲ့ ဦးအောင်ထူး၊ ဦးဆက်အောင်နဲ့ တာဝန်ရှိသူတွေ လိုက်ပါသွားကြတယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့်ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို ဧပြီ ၂၅ ရက်ကနေ ၂၇ ရက်အထိ တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ တရုတ်နိုင်ငံခရီးစဉ်အပြီး ကမ္ဘောဒီးယားနိုင်ငံကို တရားဝင်ချစ်ကြည်ရေးခရီး ဆက်လက်သွားရောက်မှာ ဖြစ်ပါတယ်။

=======================
251 / End