၁ မေ ၂၀၁၉ - ၀၉:၄၈
  ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘောဒီးယားဝန်ကြီးချုပ် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို နှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြှင့်ရေးနှင့် ပညာရေးဆိုင

နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်က ယမန်နေ့တွင် ငြိမ်း ချမ်းရေးနန်းတော်၌ ဂုဏ်ပြုတပ် ဖွဲ့ဖြင့် ကြိုဆိုခဲ့သည်။

 နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်က ယမန်နေ့တွင် ငြိမ်း ချမ်းရေးနန်းတော်၌ ဂုဏ်ပြုတပ် ဖွဲ့ဖြင့် ကြိုဆိုခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ကမ္ဘောဒီးယားဝန်ကြီး ချုပ်တို့ တွေ့ဆုံစဉ် နှစ်နိုင်ငံကုန် သွယ်ရေးတိုးမြှင့်ရေးနှင့် ကျောင်း သားများအပြန်အလှန် ပညာသင် ဆုပေးရေးကိစ္စရပ်များကို ဆွေး နွေးသဘောတူခဲ့ကြောင်း ဝန်ကြီး ချုပ်ဟွန်ဆန်က ၎င်း၏ဖေ့စ်ဘွတ်ခ် မှ တစ်ဆင့် ထုတ်ပြန်ကြေညာ သည်။

ထို့အပြင် ရှေးဟောင်းသမိုင်း ဝင်စေတီများတည်ရှိရာ ဆီယန် ရိ(ပ်)နှင့် ပုဂံဒေသတို့တွင် နှစ်နိုင် ငံအကြား ပူးပေါင်း၍ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ပိုမိုမြှင့်တင်ရေး နှင့် ၂၀၂၀ ပြည့်နှစ်၌ ကျရောက် မည့် နှစ်နိုင်ငံ သံတမန်ဆက်ဆံ ရေး (၆၅)နှစ်မြောက် နှစ်ပတ်လည် နေ့တွင် ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များကို ဝန်ကြီးချုပ်ဟွန်ဆန်က အလေးထားပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်က နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရန် နှင့် ပိုမိုတက်ကြွသည့် မိတ်ဖက်နိုင်ငံများအဖြစ် ခိုင်မာစေရန် ကမ္ဘောဒီးယားသို့ လာရောက်ခြင်း ဖြစ်ကြောင်း ဝန်ကြီးချုပ်ဟွန်ဆန် အား သတင်းစကားပါးသည်။ နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကမ္ဘောဒီးယားနိုင်ငံသို့ ပထမဆုံး သွားရောက်ခြင်းဖြစ်သည်။

မြန်မာ-ကမ္ဘောဒီးယားနှစ် နိုင်ငံအကြား ယဉ်ကျေးမှု၊ ဘာသာရေး၊ ပညာရေးနှင့် စီးပွားရေးဆိုင် ရာ ကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရန် အထက်ပါ ခေါင်းဆောင် နှစ်ဦးက တွေ့ဆုံစဉ် ဆွေးနွေးခဲ့ သည်။

ဝန်ကြီးချုပ်နှင့်တွေ့ဆုံအပြီး တွင် ဒေါ်အောင်ဆန်းစုကြည် သည် ကမ္ဘောဒီးယားလွှတ်တော် သို့ သွားရောက်ကာ လွှတ်တော် ဥက္ကဋ္ဌနှင့် တွေ့ဆုံခဲ့ကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထို့အပြင် နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ်သည် ယမန်နေ့ က တော်ဝင်နန်းတော်သို့ သွား ရောက်၍ ကမ္ဘောဒီးယားဘုရင် ကိုတွေ့ဆုံခဲ့သည်။

၎င်းသည် ယမန်နေ့နံနက်တွင် ကမ္ဘောဒီးယားနိုင်ငံ၏လွတ်လပ်ရေးကျောက်တိုင်သို့ သွားရောက် ဂုဏ်ပြုခဲ့ပြီး လက်ရှိ ဘုရင်၏ ခမည်းတော်၏ အထိမ်းအမှတ် ရုပ်တု၌ လွမ်းသူ့ပန်းခွေချခဲ့သည် ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြ သည်။

ဒေါ်အောင်ဆန်းစုကြည်၏ သုံးရက်ကြာ ခရီးစဉ်နောက်ဆုံး နေ့ဖြစ်သော (ယနေ့ မေလ ၁ ရက်)တွင် ကမ္ဘောဒီးယား အနောက် မြောက်ပိုင်းပြည်နယ် ဆီယန်ရိ(ပ်)ရှိ ကမ္ဘာ့အမွေအနှစ် အန်ကောရှေး ဟောင်းသုတေသနပန်းခြံကို သွား ရောက်လေ့လာရန် စီစဉ်ထား သည်။

=======================
251 / End