၁၆ မေ ၂၀၁၉ - ၁၂:၀၂
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှေ့ဆက်ရေး နည်းလမ်းရှာဖွေရာတွင် အပစ်ရပ် ၁၀ ဖွဲ့ အကြား သဘောထားကွဲလွဲ

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA)အရ ဆောင်ရွက် နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်ရေး နည်းလမ်းရှာဖွေရာ တွင် NCA လက်မှတ်ထိုးတိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များအ ကြား အမြင်မတူမှုများရှိနေဆဲဖြစ် ၍ ဆက်လက်ဆွေးနွေးညှိနှိုင်းရ မည်ဖြစ်ကြောင်း ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဦးဆောင်နာယက ဗိုလ် မှူးကြီး ခွန်ဥက္ကာက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA)အရ ဆောင်ရွက် နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်ရေး နည်းလမ်းရှာဖွေရာ တွင် NCA လက်မှတ်ထိုးတိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များအ ကြား အမြင်မတူမှုများရှိနေဆဲဖြစ် ၍ ဆက်လက်ဆွေးနွေးညှိနှိုင်းရ မည်ဖြစ်ကြောင်း ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဦးဆောင်နာယက ဗိုလ် မှူးကြီး ခွန်ဥက္ကာက ပြောသည်။

NCA လက်မှတ်ထိုး တိုင်း ရင်းသားအဖွဲ့ ၁၀ ဖွဲ့၏ထိပ်သီး ခေါင်းဆောင်များအစည်းအဝေး ဒုတိယနေ့ကို ယမန်နေ့ (မေလ ၁၅ ရက်)က ထိုင်းနိုင်ငံချင်းမိုင်၌ ဆက်လက်ကျင်းပရာ ဆွေးနွေး ပွဲရလဒ်တစ်စုံတစ်ရာ မရသေးဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြော ကြားသည်။

ချင်းမိုင်ထိပ်သီးအစည်းအ ဝေးသို့  ကရင်အမျိုးသားအစည်း အရုံး(KNU)အထွေထွေအတွင်း ရေးမှူး ပဒိုစောတာဒိုမူး ဦးဆောင်သည့် အလုပ်အဖွဲ့က NCA အ ကောင်အထည်ဖော်မှုမှတစ်ဆင့် ဖက်ဒရယ်ပြည်ထောင်စုရောက်ရှိ ရေးလုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ပတ်သက်သည့် အဆိုပြုချက်ကို တင်သွင်းရာ ယင်းအပေါ် တိုင်း ရင်းသားအဖွဲ့များအကြား သ ဘောထားအမြင်ကွဲလွဲမှုအချို့ ရှိနေသည်။

‘‘မညီညွတ်တာတော့ မ ဟုတ်ဘူး။ ကွဲပြားမှုတော့ ရှိနေ တာပေါ့။ အယူအဆကွဲပြားတာ ရှိတယ်။ အယူအဆကွဲပြားသော် လည်း အတူတူလုပ်နိုင်တဲ့ အဆင့် တော့ရှိပါတယ်။ အတူတူမလုပ် နိုင်လောက်အောင်တော့ မရှိပါ ဘူး။ ဒီထိပ်သီးဆွေးနွေးပွဲကနေပြီး တော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုမယ့်၊ အပြုသဘောဆောင်မယ့် မူဝါဒတွေလည်း ထွက်လာမှာ။ အဖျက်သဘော ရလဒ်တော့ ထွက်ဖို့ အကြောင်း မရှိဘူးလို့ ဒါလေးတော့ အာမခံ ချင်တာပေါ့’’ဟု ဗိုလ်မှူးကြီး ခွန် ဥက္ကာက ပြောသည်။

အစည်းအဝေးဒုတိယနေ့ တွင် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက သဘာပတိအ ဖြစ် တာဝန်ယူပြီး မိန့်ခွန်းပြောကြားရာ ငြိမ်းချမ်းရေးဖြစ်စဉ် လမ်းကြောင်း တိမ်းစောင်းနေပြီဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းအချို့က သုံးသပ်ထား ကြောင်း၊ ထို့ကြောင့် အားလုံး လက်တွဲညီစွာ ဆက်သွားနိုင်ရေး  လိုအပ်နေသည့်အပေါ် တစ်ဆို့မှု များကို ရှင်းလင်းဖယ်ရှားနိုင်ရေး၊ စိန်ခေါ်မှုများကို ကျော်လွှားဖြတ် သန်းနိုင်ရေး နည်းလမ်းရှာရမည် ဖြစ်ကြောင်း ပြောကြားသည်။

တိုင်းရင်းသားအဖွဲ့အစည်း များ၏ပကတိအနေအထားအရ လက်ရှိတစ်ဆို့နေမှုသည် အဖွဲ့ အချို့အတွက် ပမာဏအရ ကြီး မားသော်လည်း အချို့အဖွဲ့များ အတွက် များစွာ မပြောပလောက် သည့် တစ်ဆို့မှုမျိုး ဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။

‘‘ဘယ်လိုပဲဖြစ်ဖြစ် ကျွန် တော်တို့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို အနှစ်သာရရှိရှိ ဆက်လျှောက် လှမ်းနိုင်ဖို့၊ ကျွန်တော်တို့ရဲ့ အန္တိမ ပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်နိုင်ဖို့ဆို ရင် ကျွန်တော်တို့အားလုံး စုစည်း ဖို့ လိုပါတယ်။ ကျွန်တော်တို့စုစည်းတဲ့နေရာမှာလည်း စုစည်းမှုဟာ မဟာဗျူဟာကျကျ စုစည်းမှုဖြစ် ရပါမယ်။ ဒါမှ ကျွန်တော်တို့အ တွက် အမှန်တကယ်အထောက် အကူဖြစ်စေမယ့် စုစည်းမှုဖြစ်လာ မှာ ဖြစ်သလို ကျွန်တော်တို့ကြား မှာလည်း စည်းနှောင်အားရှိပြီး ကျွန်တော်တို့လိုချင်တဲ့ ပန်းတိုင် ရောက်ဖို့ တိကျသေချာတဲ့ အ ထောက်အကူပေးတဲ့ ပုံစံမျိုးကို လည်း ရှာကြံရွေးချယ်ဖို့ အရေး ကြီးပါတယ်’’ဟု ဗိုလ်ချုပ်ကြီးစော မူတူးစေးဖိုးက ပြောသည်။

NCA လက်မှတ်ထိုး ၁၀ ဖွဲ့ ၏ထိပ်သီးခေါင်းဆောင်များ အ စည်းအဝေးကို မေလ ၁၈ ရက်အထိ ငါးရက်ကြာကျင်းပရန် သတ်မှတ်ထားသည်။

=======================
251 / End