၂၃ ဇွန် ၂၀၁၉ - ၁၇:၂၈
ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်တို့ သီးခြားဆွေးနွေး ဂျိုကိုဝီနှင့်လည်း တွေ့ဆုံခဲ့ပြီး၊ အာဆီယံ မျက်နှာစုံည

နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်သည် ယမန်နေ့(ဇွန်လ၂၂ရက်)တွင်ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့် တွေ့ဆုံ၍နှစ်နိုင်ငံ ကိစ္စရပ်များ ဆွေးနွေးသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်သည် ယမန်နေ့ (ဇွန်လ ၂၂ ရက်) တွင် ထိုင်းနိုင်ငံဝန်ကြီးချုပ်  ပရာယွတ်ချန်အိုချာနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံကိစ္စရပ်များ ဆွေးနွေးသည်။

(၃၄)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်း အဝေးတက် ရောက်ရန် ဘန်ကောက်မြို့သို့ ရောက်ရှိနေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ယမန် နေ့တွင် အာဆီယံခေါင်းဆောင် များနှင့်အတူ မျက်နှာစုံညီအစည်း အဝေးနှင့် အာဆီယံစီးပွားရေးအ ကြံပေးကောင်စီ (ASEAN-BAC) အစည်းအဝေးများသို့ တက်ရောက်ခဲ့သည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံ ကိစ္စ ရပ်များဆွေးနွေးပွဲနှင့် ပတ်သက် ၍ အိမ်ရှင်ထိုင်းနိုင်ငံက အသေး စိတ် သတင်းထုတ်ပြန်ခြင်း မရှိ ပေ။ ယင်းဆွေးနွေးပွဲသို့ ဒေါ် အောင်ဆန်းစုကြည်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးသောင်း ထွန်း၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ နိုင်ငံခြားရေးဝန် ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံ ခြားစီးပွားဆက်သွယ် ရေးဝန်ကြီး ဌာနတို့မှ အဆင့်မြင့်အရာရှိများ တက်ရောက်ခဲ့သည်။

ထို့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနှင့်လည်း သီးခြားတွေ့ဆုံ၍ နှစ်နိုင်ငံကိစ္စရပ်များ ဆွေးနွေးခဲ့သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှ  နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးလုပ်ငန်းစဉ် စတင်နိုင် မည့် အချိန်ကာလ သတ်မှတ်ချက် ထွက်ပေါ်ရန် အာဆီယံနိုင်ငံခြား ရေးဝန်ကြီးအချို့ ကြိုးပမ်းမှုရှိ သော်လည်း ယခုအာဆီယံထိပ် သီး အစည်းအဝေးကာလအတွင်း  ရခိုင်အရေးနှင့် တောင်တရုတ်ပင်  လယ်အရေးတို့အတွက် တိကျ သည့်အဖြေ ထွက်ပေါ်နိုင်ဖွယ်မရှိ ကြောင်း သုံးသပ်မှုများ ရှိသည်။

တစ်ချိန်တည်းတွင် မလေး ရှားနိုင်ငံခြားရေးဝန်ကြီးက ဘင်္ဂါ လီ (မူရင်းတွင် ရိုဟင်ဂျာ) အ ကျပ်အတည်းအတွက် တရားမျှ တမှုရှိရေး ၎င်း၏တွစ်တာမှ တစ် ဆင့် တောင်းဆိုထားသည်။

=======================
251 / End