
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရတ် သတင်းဌာန နူးရ် ၏ သတင်း အထောက်အထား များ အရ အီရတ် နာယက မိုဟမ္မဒ် အလ်ဂျလူစီ နှင့်အဖွဲ့သည် ကူဝိတ် နိုင်ငံ သို့ ချစ်ကြည်ရေး ခရီး ထွက်ခဲ့ ကြောင်း သိရှိ ခဲ့ရပါတယ် ။
ကူဝိတ်စော်ဘွားကြီး ဆဗါဟ် အဲဟ်မဒ် ဂျာဗေရ် အလ်ဆဗါဟ် အနေဖြင့် နဂျဖ်မြို့ တွင် ကောင်စစ် ဝန်ရုံး ဖွင့်ရန် နှင့် နဂျဖ် မြို့ နှင့် ကရ်ဗလာ မြို့ အကြား ယာ ဟိုစိန်(အ.စ) အမည် ဖြင့် ကျဲဟ်လွန်မ် အချိန်အခါတွင် ဇေရယာသ်ပြုသူများ အတွက် ခေတ်မှီ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှု ပေးရန် ဆေးတဲများ ထားပေး မည် ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
နဂျဖ်၏ အုပ်ချုပ်ရေးမှူး လိုအ်ယေအလ်ယာစရီ အနေဖြင့် ပြောကြားသည်မှာ - နာယက ၏ အဖွဲ့သည် ကူဝိတ် အိမ်ရှေ့ မင်းသား ၊ ဒု ဝန်းကြီးချုပ် နှင့်ကာကွယ်ရေးဝန်ကြီးတို့ နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ ဆက်သွယ်ရေး ကိစ္စ ကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း ဖြစ်ပါတယ်။
လိုအ်ယေအလ်ယာစရီ အနေဖြင့်ဆက်လက်ပြီး ပြောကြားသည်မှာ - နှစ်နိုင်ငံ ဆက်သွယ်ရေး ကိစ္စ ကို အပြန်အလှန် ဆွေးနွေးစဉ်အီရတ် နိုင်ငံ ၏ ပြန်လည် တည်ဆောက်ရေး အတွက် ရင်းနှီးမြှုပ်နှံမှု ကိစ္စ ကိုလည်း ထည့် သွင်း ဆွေးနွေးခဲ့ကြောင်းဖြစ်ပါတယ်။
======================================
251 / End