၂ ဩဂုတ် ၂၀၁၉ - ၁၆:၃၃
မလေးရှားဝန်ကြီးချုပ်၏ ပြောကြားချက်အပေါ် သံအမတ်ကိုဆင့်ခေါ်၍ မြန်မာနိုင်ငံခြားရေး ကန့်ကွက်

မြန်မာနိုင်ငံခြားရေးဝန် ကြီးဌာနသည် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီးကို နေ ပြည်တော်သို့ဆင့်ခေါ်၍ ၀န်ကြီး ချုပ် မဟာသီယာမိုဟာမက်၏ ပြောကြားချက်ကို ကန့်ကွက်ခဲ့ သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မြန်မာနိုင်ငံခြားရေးဝန် ကြီးဌာနသည် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီးကို နေ ပြည်တော်သို့ဆင့်ခေါ်၍ ၀န်ကြီး ချုပ် မဟာသီယာမိုဟာမက်၏ ပြောကြားချက်ကို ကန့်ကွက်ခဲ့ သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန အ မြဲတမ်းအတွင်းဝန် ဦးမြင့်သူသည် ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံ ဆိုင်ရာ မလေးရှားသံအမတ်ကြီး ကို ဇူလိုင် ၃၁ ရက်တွင် တွေ့ဆုံ ခဲ့ပြီး မလေးရှားဝန်ကြီးချုပ်က မြန်မာအစိုးရသည် ရခိုင်ပြည်နယ် မှ နေရပ်စွန့်ခွာသူများကို နိုင်ငံ သားပေးသင့်ကြောင်း၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရနယ်မြေပေးသင့် ကြောင်းနှင့် မြန်မာနိုင်ငံတွင် အ စုလိုက်အပြုံလိုက် လူမျိုးတုံး သတ်ဖြတ်မှုများ ဖြစ်ပေါ်နေကြောင်း ပြောကြားမှုကို ကန့်ကွက်ပြော ကြားခဲ့သည်။

မလေးရှားဝန်ကြီးချုပ်၏ အ ထက်ပါပြောကြားချက်များသည် ရခိုင်ပြည်နယ်တွင် တည်ငြိမ်အေး ချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် အ သိုက်အ၀န်းများအကြား သဟဇာ တဖြစ်မှုအတွက် ရေရှည်တည်တံ့ မည့် အဖြေရရှိရန် မြန်မာအစိုးရ နှင့် အာဆီယံတို့ပူးပေါင်းဆောင် ရွက်နေမှုများကို အထောက်အကူ မပြုကြောင်း၊ တစ်နိုင်ငံ၏ ပြည် တွင်းရေးကို ၀င်ရောက်စွက်ဖက် ခြင်း မပြုရန်နှင့် အချုပ်အခြာအာ ဏာပိုင်ဆိုင်မှုနှင့် နယ်မြေတည် တံ့ခိုင်မြဲမှုကို လေးစားလိုက်နာရန် ဟူသော အာဆီယံ၏ မူဝါဒများကို လည်း သွေဖည်ရာရောက်ကြောင်း ဦးမြင့်သူက  ကန့်ကွက်ပြောကြားသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန က ထုတ်ပြန်သည်။

ထို့အပြင် မြန်မာနိုင်ငံတွင် လူမျိုးတုံးသတ်ဖြတ်မှုများ ဖြစ်ပွား နေသည်ဟူသော တစ်ဖက်သတ် စွပ်စွဲပြောကြားမှုများသည် အပြု သဘောမဆောင်သည့်အပြင် အာဆီယံပဋိညာဉ်ပါ မူဝါဒများ ကို ချိုးဖောက်ရာရောက်သဖြင့် မြန်မာအစိုးရက လက်မခံ ကြောင်း ကန့်ကွက်ပြောကြားသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အာဆီယံ ၁၀ နိုင်ငံအနက် မလေးရှားသည် ရခိုင်ပြည်နယ် မြောက်ပိုင်းအရေးနှင့်ပတ်သက် ၍ မြန်မာနိုင်ငံကို မကြာခဏပြစ် တင်ဝေဖန်လေ့ရှိပြီး ဘင်္ဂါလီ (မူ ရင်းရိုဟင်ဂျာ)များကို နိုင်ငံသား ဖြစ်ခွင့်ပေးရန်၊ နိုင်ငံသားအခွင့် အရေးပေးရန်၊ သီးခြားနယ်မြေ တစ်ခုပေးရန် စသည်ဖြင့် တောင်း ဆိုပြောကြားလေ့ရှိသည်။

=======================

251 / End