အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အမေရိကန်နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မက္ကဆီကိုနဲ့ နယ်စပ်တလျှောက်မှာ တရားမဝင် နယ်စပ်ဖြတ်ကျော်လာတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေကို လိုက်လံဖမ်းဆီးနေပါတယ်။
သြဂုတ် ၁ရက်နေ့က ခြေလျင်တပ်ဖွဲ့တွေအပြင် ရဟတ်ယာဉ်တွေနဲ့ပါ စောင့်ကြည့် ရှာဖွေနေကြတာပါ။
နယ်စပ်လုံခြုံရေး၊ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးဆိုင်ရာ (BORSTAR) အဖွဲ့နဲ့ ရေကြောင်း၊ လေကြောင်း စစ်ဆင်ရေး (AMO) အဖွဲ့တို့ဟာ အမေရိကန် နယ်စပ်ကင်းလှည့်တပ်ဖွဲ့ နဲ့ပူးပေါင်းပြီး မက္ကဆီကိုနဲ့နယ်စပ် တက္ကဆက်ပြည်နယ်မှာ တရားမဝင် ဖြတ်ကျော်လာသူတွေကို စောင့်ကြည့်နေကြတာပါ။
အဲဒီပူးပေါင်းအဖွဲ့ဟာ ဩဂုတ် ၁ ရက်နေ့ ရှာဖွေမှုအတွင်း တရားမဝင် ရွေ့ပြောင်းဒုက္ခသည် အရေအတွက် တော်တော်များများကို ဖမ်းမိခဲ့ပါတယ်။
သမ္မတ ဒေါ်နယ်ထရန့် ဦးဆောင်တဲ့ အမေရိကန်အစိုးရဟာ ဒုက္ခသည်တွေ နိုင်ငံထဲဝင်ရောက်လာတာကို ထိန်းချုပ်ဖို့ မက္ကဆီကိုနဲ့ နယ်စပ်မှာ လုံခြုံရေး တိုးမြင့်လိုက်တဲ့အပြင် အမေရိကန်ရောက်ဖို့ကြိုးစားနေကြတဲ့ ရွှေပြောင်းဒုက္ခသည်တွေကို တားဆီးပေးမယ်ဆိုရင် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဖြေလျော့ပေးမယ်လို့လည်း မက္ကဆီကို အစိုးရကို သဘောတူညီမှု ရယူထားပါသေးတယ်။
အများအားဖြင့် ဗဟိုအမေရိကနိုင်ငံတွေက ရွှေ့ပြောင်းဒုက္ခသည်တွေဟာ ဆင်းရဲနွမ်းပါးမှုနဲ့ ပဋိပက္ခတွေကြောင့် မိခင်နိုင်ငံက ထွက်ပြေးလာကြပြီး မက္ကဆီနယ်စပ်ကနေတဆင့် အမေရိကန်နိုင်ငံထဲ ရောက်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။
=======================
251 / End
၄ ဩဂုတ် ၂၀၁၉ - ၁၇:၁၄
News ID: 966913
အမေရိကန်နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မက္ကဆီ ကိုနဲ့ နယ်စပ်တလျှောက်မှာ တရားမဝင် နယ်စပ်ဖြတ် ကျော် လာတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေကို လိုက်လံဖမ်း ဆီးနေပါတယ်။