အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဒီနေ့ကျရောက်တဲ့ ၃၁ နှစ်ပြည့် ရှစ်လေးလုံးအရေးတော်ပုံနေ့အခမ်းအနားကို စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ရွှေစည်းခုံဘုရားဝင်း နေပူခံရုပ်ပွားတော်ရှေ့နဲ့ ချင်းတွင်းအင်စတီကျု့ရုံးတို့မှာ တပြိုင်နက်တည်း ကျင်းပခဲ့ကြပါတယ်။
ရွှေစည်းခုံဘုရားဝင်းအတွင်းမှာကျင်းပတဲ့ ရှစ်လေးလုံးအောက်မေ့ဖွယ်အခမ်းအနားကိုတော့ ရှစ်လေးလုံးမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူတွေကစု ပေါင်းကျင်းပခဲ့ကြပြီး ပြန်ပြောင်းအောက်မေ့ဖွယ်အမှတ်တရစကားတွေကိုလည်း ဝိုင်းဖွဲ့ပြောခဲ့ကြပါတယ်။
ချင်းတွင်းအင်စတီကျု့ရုံးမှာ ကျင်းပတဲ့ ရှစ်လေးလုံးနေ့အခမ်းအနားမှာတော့ လွတ်တော်ကိုယ်စားလှယ်တွေ၊ ဥပဒေပညာရှင်တွေ၊ ဗကသ၊ တကသ ကျောင်းသားတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ စိတ်ပါဝင်စားတဲ့ပြည်သူတွေ၊ နိုင်ငံရေးပါတီဝင်တွေ တက်ရောက်ခဲ့ကြသလို လွှတ်တော်ကိုယ်စားလှယ်တွေ၊ တရားလွှတ်တ်ေရှေ့နေနှင့် အရပ်ဘက်အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေက ဦးဆောင်ကာ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်တဲ့ စကားဝိုင်းဆွေးနွေးပွဲကိုလည်း ပြုလုပ်ခဲ့ပါတယ်။
ရှစ်လေးလုံးနေ့အခမ်းအနားကို မုံရွာတင်မက တိုင်းနှင့်ပြည်နယ်က မြို့ကြီးအချို့မှာလည်း တပြိုင်နက်တည်း ကျင်းပနေကြပါတယ်။
=======================
251 / End
၈ ဩဂုတ် ၂၀၁၉ - ၁၆:၁၉
News ID: 967709
ဒီနေ့ကျရောက်တဲ့ ၃၁နှစ်ပြည့်ရှစ်လေးလုံးအရေးတော် ပုံနေ့အခမ်းအနားကို စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ရွှေစည်းခုံ ဘုရားဝင်း နေပူခံရုပ်ပွားတော်ရှေ့နဲ့ ချင်းတွင်းအင်စတီ ကျု့ရုံးတို့မှာ တပြိုင်နက်တည်း ကျင်းပခဲ့ကြပါတယ်။