၈ ဩဂုတ် ၂၀၁၉ - ၁၆:၅၈
ကရင်၊ မွန်နှင့် ပဲခူး၌ လူဦးရေ သုံးသောင်းကျော် ရေဘေးသင့်နေ

ကရင်၊ မွန်ပြည်နယ်နှင့်ပဲခူးတိုင်း၌ မြစ်ရေ စိုးရိမ်ရေမှတ် အထက် ဆက်တက်နေပြီး လူသုံးသောင်းကျော်ရေဘေး လွတ်ရာသို့ ပြောင်းရွှေ့ထားရသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ကရင်၊ မွန်ပြည်နယ်နှင့်ပဲခူးတိုင်း၌ မြစ်ရေ စိုးရိမ်ရေမှတ် အထက်   ဆက်တက်နေပြီး လူသုံးသောင်းကျော် ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားရသည်။

ဘားအံ၊ လှိုင်းဘွဲ၊ ကြာအင်း ဆိပ်ကြီး၊ ကော့ကရိတ်မြို့နယ် တွင် ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်နေသဖြင့် လူ ၁၃,၀၀၀ ခန့်၊ ပဲခူးတိုင်း ရွှေကျင်၊ မဒေါက်၊ ကျောက်ကြီး၊ မိုးညိုမြို့တို့တွင် လူ ၁၀,၀၀၀ ခန့်၊ မွန်ပြည်နယ် ဘီးလင်းနှင့် ကျိုက်မရောမြို့တွင် လူ ၇,၀၀၀ ကျော် ရေဘေးကယ်ဆယ်ရေးစခန်းများနှင့် ဆွေမျိုးများအိမ် ၌  ပြောင်းရွှေ့ခိုလှုံနေရကြောင်း ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက် တာကိုကိုနိုင်က ပြောသည်။

အထက်ပါ ဒေသသုံးခုအ နက် ကရင်ပြည်နယ်တွင် သံလွင် နှင့် သောင်ရင်းမြစ်၊ ပဲခူးတိုင်းတွင် စစ်တောင်းနှင့် ရွှေကျင်မြစ်၊ မွန်ပြည်နယ်တွင် ဘီးလင်းမြစ်တို့ စိုးရိမ်ရေမှတ်အထက်တွင် ရောက်ရှိနေသည်။  ဘင်္ဂလားပင်လယ်အော်မှ     မုန်တိုင်းငယ်အရှိန် ကြောင့် မိုးကြီးမည်ဟု မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ခန့်မှန်းထားသော ဒေသများ၌ အထက်ပါ ရေဘေးသင့်ဒေသ သုံးခု ပါဝင်နေသည်။

=======================

251 / End