
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရေကြီး၊ ရေလျှံမှုဖြစ်ပေါ် နေသောကြောင့် ကရင်နှင့် မွန်ပြည်နယ်၌် ကုန်စည်စီးဆင်းမှု ရပ်ဆိုင်းနေကြောင်း မြန်မာနိုင်ငံအဝေး ပြေးကုန်စည်ပို့ဆောင်ရေး ၀န် ဆောင်မှုအသင်းက ယမန်နေ့ တွင် ပြောသည်။
ရေကြီးနစ်မြုပ်မှုကြောင့် ကရင်ပြည်နယ်တွင် လူ ၁၅,၀၀၀ ခန့်၊ မွန်ပြည်နယ်၌ လူ ၇,၀၀၀ ခန့် ရေဘေးကြုံတွေ့နေသည်။
လက်ရှိတွင် ကရင်နှင့်မွန် ပြည်နယ်၌ အဓိကကုန်စည်စီး ဆင်းရာလမ်းကြောင်းများ ရေနစ် မြှုပ်နေပြီး သွားလာ၍ မရသော ကြောင့် ကုန်စည်တင်ပို့မှု ရပ်ဆိုင်းထားရကြောင်း အဆိုပါ အသင်း ဥက္ကဋ္ဌဦးကျင်သိန်းက ပြောသည်။
‘‘တနင်္လာနေ့ ကတည်းက စဖြစ်တာ။ အင်္ဂါ၊ ဗုဒ္ဓဟူးမှာ ပိုဆိုးလာတယ်။ မနေ့က ၁၂ နာရီနောက် ပိုင်း ကားတွေ ပေးမဖြတ်တော့ဘူး။ ကုန်စည်တွေပြတ်တောက်တာ စိုးရိမ်ရပါတယ်’’ဟု ၎င်းကဆိုသည်။
ထိုလမ်းကြောင်းသည် ရန်ကုန်မြို့သို့ လူသုံးကုန်ပစ္စည်းများ တင်သွင်းရာတွင် အဓိကဖြစ်ပြီး မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ပြောင်း၊ ဆန်စသည့် စိုက်ပျိုးရေးကုန်များ တင်ပို့သည့်လမ်းကြောင်း လည်း ဖြစ်သည်ဟု ၎င်းကဆိုသည်။ကားလမ်းများ ပိတ်ဆို့နေခြင်း ကြောင့် အဆိုပါ လမ်းပိုင်းတွင် ပိတ်မိနေသည့် ကုန်တင်ယာဉ်များ လည်း ရှိကြောင်း ၎င်းကဆိုသည်။
ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီးမြို့တွင် သြဂုတ် ၇ ရက် ၌ ကုန်တင်ယာဉ်ငယ်တစ်စီးရေ စီးနှင့် မျောပါသည်အထိ ဖြစ်ပြီး ယင်းဖြစ်စဉ်တွင် လူသေဆုံးမှု မရှိပေ။ ‘‘အခုက ရက်ပိုင်းရေကြီး မယ်ဆိုရင် ကုန်ဈေးနှုန်းကြီးတာ တော့ မဖြစ်နိုင်ပါဘူး။ လချီကြာ ရတော့ ဖြစ်လာနိုင်ပါတယ်။ ခဏတစ်ဖြုတ်ဆို ကုန်ဈေးတက်တာ မဖြစ်လောက်ပါဘူး’’ဟု မြန်မာ နိုင်ငံအဝေးပြေးကုန်စည်ပို့ ဆောင်ရေး ၀န်ဆောင်မှုအသင်း အထွေထွေအတွင်းရေးမှူး ဦးအောင်မိုးက ပြောသည်။
မြန်မာနှင့် ထိုင်း ကုန်စည်စီး ဆင်းရာ မြ၀တီလမ်းမကြီးသည် ကုန်စည်စီးဆင်းမှု ပြတ်တောက် နေပြီး မွန်ပြည်နယ်ဘက်တွင် ကားလမ်းများ ရေကျော်မှုကြောင့် ကုန်တင်ယာဉ်များ သွားလာ၍ မရကြောင်း ၎င်းကဆိုသည်။
ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းငယ်သည် အိန္ဒိယကမ်း ရိုးတန်းသို့ ၀င်ရောက်နေသော် လည်း မုတ်သုံလေအား ဆက်လက်ကောင်းနိုင်ပြီး တနင်္သာရီတိုင်းဒေသကြီး၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် ပုံမှန်ထက် မိုးကောင်းနေနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားသည်။
=======================
251 / End