၂၇ ဩဂုတ် ၂၀၁၉ - ၁၆:၃၃
တရုတ်၏ One China Policy နှင့် One Country Two Systems ကို မူဝါဒအရ ထောက်ခံပြီး ဟောင်ကောင်အရေးကို ထောက်ခံခြင်းမဟုတ် မြန်မာအစိုးရထု

မြန်မာနိုင်ငံသည်တရုတ်တစ်နိုင်ငံတည်း မူဝါဒ (One ChinaPolicy) ကို အစဉ်ကိုင်စွဲကျင့်သုံးနေကြောင်းနှင့် တစ်နိုင်ငံစနစ်နှစ်မျိုး(One Country Two Systems) ကို ထောက်ခံကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ၀န်ကြီးဦးကျော်တင်က တရုတ်သံအ မတ်ကြီးနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 မြန်မာနိုင်ငံသည်တရုတ်တစ်နိုင်ငံတည်း မူဝါဒ (One ChinaPolicy) ကို အစဉ်ကိုင်စွဲကျင့်သုံးနေကြောင်းနှင့် တစ်နိုင်ငံစနစ်နှစ်မျိုး(One Country Two Systems) ကို ထောက်ခံကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဦးကျော်တင်က တရုတ်သံအမတ်ကြီးနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦး ကျော်တင်သည် မြန်မာနိုင်ငံဆိုင် ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai ကိုသြဂုတ် ၂၂ ရက် တွင်နေပြည်တော်၌ လက်ခံ တွေ့ဆုံခဲ့ရာ အထက်ပါအတိုင်း ထည့်သွင်း  ပြောကြားခြင်းဖြစ် သည်။

သို့သော် တရုတ်သံရုံး၏ယ မန်နေ့ထုတ်ပြန်ချက်တွင် ဟောင် ကောင်အရေးကိစ္စ၌ တရုတ်နိုင်ငံ  ၏ ရပ်တည်ချက်ကို မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး ဦးကျော်  တင်ပြောကြားဟူသော ခေါင်းစဉ် ဖြင့် ဖော်ပြခဲ့သည်။ ယင်းအချက် သည် မြန်မာအစိုးရထုတ်ပြန် ချက်နှင့် တရုတ်သံရုံးထုတ်ပြန် ချက်တို့၏ ကွဲလွဲချက်ဖြစ်သည်။

‘‘ကျွန်တော်တို့ ထောက်ခံ တယ်ဆိုတာ ကျွန်တော်ပေါ်လစီရှိ တယ်။ One China Policy ၊ One Country Two Systems ။ အဲဒါက ကျွန်တော်တို့ထောက်ခံ တဲ့မူ။ ကျွန်တော်တို့က ဟောင် ကောင်မှာ တည်ငြိမ်အေးချမ်းမှု၊  တရားဥပဒေစိုးမိုးရေးရဖို့ပဲ မျှော် လင့်တယ်လို့ပဲပြောတာ’’  ဟု နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန် ဦးစိုးဟန်က ပြောသည်။

အထက်ပါ တွေ့ဆုံမှုနှင့် ပတ်သက်၍ နိုင်ငံပိုင်သတင်း စာများနှင့် ယမန်နေ့က တရုတ် သံရုံး ထုတ်ပြန်ချက်တွင် ဟောင် ကောင်အထူးအုပ်ချုပ်ရေးဒေသ ၌ တည်ငြိမ်အေးချမ်းမှု၊  တရား ဥပဒေစိုးမိုးမှု ပြန်လည်ရရှိရေး ကြိုးပမ်းဆောင်ရွက်မှုများအောင်မြင်မှုရရှိပြီး ဟောင်ကောင်ပြည်သူများ၏ လူမှုစီးပွားအခြေအနေများ ပုံမှန်အနေအထားသို့ ဆောလျင်စွာ ပြန်လည်ရောက်ရှိမည်ဟု မျှော်လင့်ကြောင်း ၀န်ကြီးဦးကျော်တင်က ပြောကြားသည်ဟု ဖော်ပြသည်။

====================================

END / 251