၂၉ ဩဂုတ် ၂၀၁၉ - ၁၆:၃၇
နယ်စပ်ဒေသတည်ငြိမ်ရေး မြန်မာဘက်​က ​​ဆောင်​ရွက်​နိုင်​မည်ဟု တရုတ်​မျှော်​လင့်​ထား

မြန်မာအစိုးရသည် တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ် ဒေသတွင် ငြိမ်းချမ်းရေးနှင့်တည် ငြိမ်ရေးအတွက် ထိန်းသိမ်း ဆောင်ရွက်နိုင်မည်ဟု မျှော်လင့် ကြောင်း တရုတ်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 မြန်မာအစိုးရသည် တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ် ဒေသတွင် ငြိမ်းချမ်းရေးနှင့်တည် ငြိမ်ရေးအတွက် ထိန်းသိမ်း ဆောင်ရွက်နိုင်မည်ဟု မျှော်လင့် ကြောင်း တရုတ်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက ပြောကြားသည်။


တရုတ်နိုင်ငံခြားရေးဝန်ကြီး  ၀မ်ယီသည် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေကို  သြဂုတ် ၂၇ ရက်တွင် ဘေဂျင်း မြို့၌လက်ခံတွေ့ဆုံစဉ် ယင်းသို့ ထည့်သွင်းပြောကြားကြောင်း တ ရုတ်သံရုံးက ယမန်နေ့၌ သတင်း ထုတ်ပြန်သည်။

လက်ရှိတွင် ရှမ်းပြည်နယ် မြောက်ပိုင်း၌ တပ်မတော်နှင့်  မြောက်ပိုင်းလ က်နက်ကိုင်သုံးဖွဲ့ တို့ အကြား တိုက်ပွဲများဆက်လက် ဖြစ်ပွားသဖြင့်  ကင်းလှည့်မှုများ ရှိခဲ့သည်။

သို့သော် တရုတ်နိုင်ငံခြား ရေးဝန်ကြီးနှင့် အတိုင်ပင်ခံရုံးဝန် ကြီးတို့တွေ့ဆုံရာတွင် တရုတ် သည် မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုကို  ခိုင်မာ စွာ ဆက်လက်ကူညီမည်ဖြစ်ပြီး မြောက်ပိုင်း၌ အပစ်အခတ်ရပ်စဲ ရေး အကြံဉာဏ်ပေးကာ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေး ဆက်လက်ထိန်း သိမ်းမည်ဟု ထည့်သွင်းပြောကြား သည်။

ထို့အပြင် တရုတ်သည်ရခိုင် နေရပ်စွန့်ခွာအခြေအနေကို အနီး ကပ်စောင့်ကြည့်နေပြီး အဆိုပါအ  ရေးနှင့်ပတ်သက်၍ နိုင်ငံတကာ ၏ ၀င်ရောက်စွက်ဖက်မှုနှင့် နိုင်ငံ ရေး သွတ်သွင်းမှုများကို လက်မခံ ကြောင်း ၀မ်ယီကဆိုသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှ  နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်အတွက်   တရုတ်က  ရေရှည်ကူညီထောက်ပံ့ မည်ဖြစ်ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်  နှစ်နိုင်ငံသဘောတူညီချက်ဖြင့်  ဖြေရှင်းဆောင်ရွက်ရေး၊ ရင်းနှီး စွာ ပူးပေါင်းဆောင်ရွက်ရေး  ကတိက၀တ်ပြုခဲ့သည်။

အထက်ပါ ခရီးစဉ်နှင့်ပတ် သက်၍ အတိုင်ပင်ခံရုံးက ယမန်နေ့တွင် သတင်းထုတ်ပြန် ပြီး မြန်မာနှင့်တရုတ်အကြား ရှိ ရင်းစွဲချစ်ကြည်ရင်းနှီးသည့်  ဆွေ မျိုးပေါက်ဖော်ဆက်ဆံရေးကို ပို မိုမြှင့်တင်ရန် သွားရောက်ခြင်း ဖြစ်သည်ဟု ဖော်ပြသည်။

ဝန်ကြီးဦးကျော်တင့်ဆွေနှင့်  ၀မ်ယီတို့တွေ့ဆုံစဉ်  ဒေသတွင်း နှင့်နိုင်ငံတကာအရေး မျက်နှာစာ များ၌ နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်ရေးကိစ္စရပ်များ ဆွေးနွေး သည်ဟု အတိုင်ပင်ခံရုံးထုတ်ပြန် ချက်၌ ဆက်လက်ဖော်ပြသည်။

ကမ္ဘာ့ကုလသမဂ္ဂ၊ လူ့အ ခွင့်အရေးကောင်စီ၊ အထွေထွေ ညီလာခံနှင့် လုံခြုံရေးကောင်စီတို့ တွင် မြန်မာဘက်က တရုတ်နိုင်ငံ ၏ရပ်တည်မှုကို ကျေးဇူးတင် ကြောင်း အရှိန်အဟုန်မြှင့်တင်၍ အကောင်အထည်ဖော်ဆောင် ရွက်ရေးအပါအဝင် ၀န်ကြီးဦး ကျော်တင့်ဆွေက ထည့်သွင်း ပြောကြားသည်။

ထို့အပြင်  ရပ်ဝန်းနှင့်ပိုးလမ်း မဆိုင်ရာစီမံကိန်းကို  နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်များလည်း ဦး ကျော်တင့်ဆွေနှင့် ၀မ်ယီတို့ ဆွေး နွေးခဲ့သည်ဟုဆိုသည်။

====================================

END / 251